အမေရိကန် အစိုးရသစ်က ပြည်တွင်း၊ ပြည်ပအကူအညီတွေကို ဆိုင်းငံတာ ၊ ဖြတ်တောက်တာ နဲ့ ရပ်ဆိုင်းတာတွေ လုပ်နေတဲ့ အခြေအနေတွေကြောင့် အမေရိကန် စိုက်ပျိုးမွေးမြူရေးသမားတွေနည်းတူ အမေရိကန်နိုင်ငံသား မြန်မာစိုက်ပျိုးရေးလုပ်ကိုင်နေကြသူတွေလည်း စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
အာဏာသိမ်းပြီးကတည်းက ပထမဦးဆုံး နိုင်ငံတော်အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။
ရုရှားနဲ့ စစ်ပွဲရပ်ဆိုင်းရေးအတွက် ရှေ့ကို ခြေလှမ်းတလှမ်းတိုးလိုက်တဲ့ လုပ်ရပ်အဖြစ် အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်ခံတဲ့ ယူကရိန်းကို အမေရိကန် ချီးကျူးလိုက်ပါတယ်။ နောက်တဆင့်မှာတော့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ရုရှားအနေနဲ့ စဉ်းစားမယ်လို့ မျှော်လင့်ရပါတယ်။
SpaceX အာကာသဒုံးပျံယာဉ် ပေါက်ကွဲမှု ကောင်းကင်ပေါ်မှာ ကြယ်တွေ အစုလိုက်ကြွေကျသလို မြင်ကွင်းဖြစ်၊ နယူးယောက်မှာ တဘက်လမ်း ကားပေါ်ကသစ်သားပြားကြီး လွင့်ပြီး ကားမှန်ကို လာရိုက်ခဲ့ပေမဲ့ လူအထိအခိုက် မရှိ၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက် ထားပါတယ်။
ဗြိတိသျှအင်ပါယာရဲ့ နောက်ဆုံးလက်ကျန် ချာဂိုကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံကို လွှဲပြောင်းပေးဖို့ ဗြိတိန်က ကြည့်နေပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်မှုတိုးလာချိန်မှာ ဒါဟာ ဒေသတွင်းလုံခြုံရေးကို အားနည်းစေမယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ Henry Ridgewell ရဲ့သတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲဟာ အကြီးဆုံး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲ ဖြစ်မယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်ပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားမှာတော့ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးချဲ့သွားဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စဉ်းစားနေပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
Porcelain War ကြွေထည် စစ်ပွဲလို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ ရုရှားရဲ့ ကျုးကျော်မှုအောက်မှာ ယဉ်ကျေးမှု နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ လုပ်ဆောင်နေတဲ့ ယူကရိန်း အနုပညာရှင်တွေ နဲ့ နိုင်ငံသားတွေ အကြောင်း ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်အကြောင်း Elena Wolf သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အယ်ဘေးနီးယားနိုင်ငံကို နှစ်ပေါင်း ၄၀ ကြာအုပ်ချုပ်ခဲ့တဲ့ ကွန်မြူနစ်အာဏာရှင်ဟောင်း Enver Hoxha ရဲ့ ဇိမ်ခံအိမ်ကြီးကို နိုင်ငံတကာအနုပညာရှင်တွေ လာရောက်နေထိုင် ဖန်တီးနိုင်တဲ့ နေရာတခုအဖြစ် အသွင်ပြောင်းထားပါတယ်။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
Burma Act က ဥပဒေ အဖြစ် ပြဌာန်းပြီးဖြစ်လို့ ငွေကုန်ကြေးကျ မများဘဲ လက်တွေ့လုပ်နိုင်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်ဖို့ သမ္မတထရမ့် အစိုးရ အဖွဲ့ကို တိုက်တွန်းသွားမယ်လို့ Burma Research Institute က ပြောပါတယ်။ ဦးဆောင်သူ ဇိုသုန်းမှုန်ကို ကိုငြိမ်းချမ်းအေးက ဗွီအိုအေစတူဒီယိုထဲမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
မဇ္ဈိမသတင်းဌာနလို လွတ်လပ်တဲ့ မီဒီယာတခုရဲ့ ရုန်းကန်ခဲ့ပုံကို မှတ်တမ်းတင်ခြင်းဟာ မြန်မာနိုင်ငံက လွတ်လပ်တဲ့ ကျန်တဲ့မီဒီယာတွေကို မှတ်တမ်းတင်ရာရောက်တယ်လို့ မဇ္ဈိမသတင်းဌာနကို ပူးတွဲတည်ထောင်သူ ဦးစိုးမြင့်က ပြောပါတယ်။ ဒီစာအုပ်သစ်ဖွင့်ပွဲ အခမ်းအနားမှာ သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်းက ပရိသတ် ၁ သိန်းဆန့်တဲ့ ဘောလုံးကွင်းအသစ်ကြီးကို တည်ဆောက်သွားမယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။