ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုက ရုရှားအစိုးရအပေါ် ဖိအားတွေပေးနေပါတယ်။ ဒါပေမဲ့ ရုရှားဘက်က သူတို့ သိမ်းထားတဲ့နယ်မြေတွေကို ပြန်ပေးဖို့တော့ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ မော်စကိုမြို့ကနေ ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
USAID အပါအဝင် အမေရိကန် အေဂျင်စီအသီးသီးက ကမ္ဘာတဝန်းကိုပေးနေတဲ့ အကူအညီတွေ ရုတ်တရက် ရပ်ဆိုင်းလိုက်တာဟာ အရှေ့တောင်အာရှက နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ စာနာမှုဆိုင်ရာ အကူအညီတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
BLACKPINK အဆိုတော် Jennie ဗြိတိသျှအဆိုတော် Dua Lipa နဲ့ တွဲဆိုထားတဲ့ သီချင်းဗီဒီယို ထွက်ထားပါတယ်။ ဖက်ရှင်သတင်းတွေမှာတော့ ပါရီဖက်ရှင်သတင်းပတ်က နာမည်ကျော် ဒီဇိုင်နာတွေရဲ့ ဖက်ရှင်လက်ရာတွေ၊ ဒီလို အနုပညာသတင်းတိုတိုထွာထွာတွေကို သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
မတ် ၁၃၊ ၂၀၂၅ - မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု ဘယ်လို ဖြစ်နိုင်ပါလဲ။
အာရက္ခ စစ်သည်တော် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - နယ်မြေကျွမ်းကျင်မှု၊ ခေါင်းဆောင်ကောင်း ရရှိမှုနဲ့ စိတ်ဓါတ်ခိုင်မာ ပြင်းထန်မှုတွေ ပြည့်စုံနေတဲ့ အာရက္ခ စစ်သည်တော်တွေအကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
အမေရိကန် အစိုးရသစ်က ပြည်တွင်း၊ ပြည်ပအကူအညီတွေကို ဆိုင်းငံတာ ၊ ဖြတ်တောက်တာ နဲ့ ရပ်ဆိုင်းတာတွေ လုပ်နေတဲ့ အခြေအနေတွေကြောင့် အမေရိကန် စိုက်ပျိုးမွေးမြူရေးသမားတွေနည်းတူ အမေရိကန်နိုင်ငံသား မြန်မာစိုက်ပျိုးရေးလုပ်ကိုင်နေကြသူတွေလည်း စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
အာဏာသိမ်းပြီးကတည်းက ပထမဦးဆုံး နိုင်ငံတော်အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။
ရုရှားနဲ့ စစ်ပွဲရပ်ဆိုင်းရေးအတွက် ရှေ့ကို ခြေလှမ်းတလှမ်းတိုးလိုက်တဲ့ လုပ်ရပ်အဖြစ် အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်ခံတဲ့ ယူကရိန်းကို အမေရိကန် ချီးကျူးလိုက်ပါတယ်။ နောက်တဆင့်မှာတော့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ရုရှားအနေနဲ့ စဉ်းစားမယ်လို့ မျှော်လင့်ရပါတယ်။
SpaceX အာကာသဒုံးပျံယာဉ် ပေါက်ကွဲမှု ကောင်းကင်ပေါ်မှာ ကြယ်တွေ အစုလိုက်ကြွေကျသလို မြင်ကွင်းဖြစ်၊ နယူးယောက်မှာ တဘက်လမ်း ကားပေါ်ကသစ်သားပြားကြီး လွင့်ပြီး ကားမှန်ကို လာရိုက်ခဲ့ပေမဲ့ လူအထိအခိုက် မရှိ၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက် ထားပါတယ်။
ဗြိတိသျှအင်ပါယာရဲ့ နောက်ဆုံးလက်ကျန် ချာဂိုကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံကို လွှဲပြောင်းပေးဖို့ ဗြိတိန်က ကြည့်နေပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်မှုတိုးလာချိန်မှာ ဒါဟာ ဒေသတွင်းလုံခြုံရေးကို အားနည်းစေမယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ Henry Ridgewell ရဲ့သတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲဟာ အကြီးဆုံး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲ ဖြစ်မယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်ပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားမှာတော့ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးချဲ့သွားဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စဉ်းစားနေပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။