အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ အထောက်အထားမဲ့နိုင်ငံထဲဝင်လာသူတွေကို အရေးမယူဘဲ နားခိုခွင့်ပေးထားတဲ့ မြို့ရဲ့ မူဝါဒတွေ၊ အခြေအနေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကော်မတီကြားနားပွဲအတွင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒီအကြောင်း Kane Farabaugh ရဲ့သတင်းကို ကိုရန်နိုင် ပြောပြပေးမှာပါ။
ယူကရိန်းစစ်ပွဲ ၄ နှစ်ထဲကို ဝင်လာချိန်မှာဘဲ တိုင်းပြည်ရဲ့ မြေမျက်နှာပြင် ၄ ပုံ ၁ ပုံမှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးလုပ်ဆောင်ဖို့လိုအပ်လာပြီး အဲဒီလိုရှင်းဖို့အတွက် အကူအညီရရှိရေးကိစ္စတွေမှာ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း Lesia Bakalets ရဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ယူကရိန်း စစ်ပွဲဖြစ်လာတာ ၄ နှစ်တာကာလအတွင်း ဝင်လာတာနဲ့အမျှ ယူကရိန်းနိုင်ငံသား ၆.၈ သန်း ကျော်ဟာလည်း ဒုက္ခသည်တွေဖြစ်လာကြပါတယ်။ စစ်ပွဲပြီးဆုံးသွားရင်တောင် ဒီဒုက္ခသည်တွေထဲက တဝက်နီးပါးလောက်သာ နေရပ်ပြန်လာနေဖို့ စီစဉ်ထားကြတာပါ။ VOA သတင်းထောက် Lesia Bakalets ရဲ့သတင်းကို မခင်လေး ပြောပြပေးပါမယ်။
ရှမ်းမြောက် မုံးစီးဒေသ ရွှေတူးတဲ့နေရာပစ်ခတ်မှု MNDAA ရုံးရှေ့ ဒေသခံတွေ ဆန္ဒပြ၊ အာရက္ခတပ်တော် AA နဲ့ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း သာပေါင်းအခြေစိုက် ခမရ (၃၀၈) နဲ့ကာကင်းစခန်းကိုသိမ်း၊ မြဝတီမြို့ ကျားဖြန့်လုပ်ငန်းတွေက ကယ်လာသူ (၇,၀၀၀) အတွက် နေထိုင်စားသောက်ရေးကုန်ကြစရိတ် BGF မတတ်နိုင်တော့ စတဲ့သတင်းတွေ...
ယူကရိန်းကို စစ်ရေးအကူ တင်ပို့နေတာတွေ ချက်ချင်း ရပ်ထားလိုက်ဖို့ အမေရိကန်သမ္မတထရမ့်က တနင်္လာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဘက်အားလုံး ငြိမ်းချမ်းရေး စကားဝိုင်းကို ရောက်လာကြဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သူ့အစိုးရက ပြောပါတယ်။ လန်ဒန်ကနေ Henry Ridgwell ပို့လိုက်တဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်း ပြောပြမှာပါ။
အီလီနွိုက်ပြည်နယ်က မွတ်စလင်အမေရိကန်တွေ ရာမဒန်ဥပုသ်ကာလ စတင်ချိန်မှာပဲ အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းအမေရိကန်ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို တရားခွင်က အပြစ်ရှိကြောင်း စီရင်ချက်ကို ကြေညာခဲ့ပါတယ်။ Kane Farabaugh သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပါမယ်။
ကားပုံစံနဲ့ ရေပေါ်မောင်းလို့ရတဲ့ ယာဉ်တွေကို အီဂျစ်နိုင်ငံမှာ ထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၀ လောက်ကို တင်ပို့နေပါတယ်။ ကားအစိတ်အပိုင်းအများစုကို အီဂျစ်ပြည်တွင်းထုတ်ကုန်တွေနဲ့ပဲ ထုတ်လုပ်တပ်ဆင်ထားတာပါ။ Reuters သတင်းကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။
ပင်လယ်ပြင်မှာ ကယက်လှေစီးနေတဲ့ လူငယ်တဦးကို ဝေလငါးက ပါးစပ်ထဲ ငုံလိုက်ပြီးမှ ပြန်ထုတ်ပေးလိုက်လို့ အသက်ဘေးက လွတ်သွားပါတယ်။ ပျံသန်းနေတဲ့ လေယာဉ်အင်ဂျင်ကို ငှက်ဝင်တိုက်လို့ မီးစွဲလောင်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
မတ် ၆၊ ၂၀၂၅ - တီဘီရောဂါ ထိန်းချုပ်၊ အဆုံးသတ်နိုင်ရေး ဆက်လုပ်စရာ နောက်ထပ် နိုင်ငံတကာလမ်းညွှန်ချက်တွေ ရှိနေပါသေးလား။
မြန်မာ့ပြည်တွင်းစစ်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါ ပြည်သူ့ဆန္ဒကိုအခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး၊ ပြည်နယ် (သို့မဟုတ်) ဖက်ဒရယ်စနစ်ရဲ့ နယ်နမိတ်ကို သတ်မှတ်နိုင်မှာဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ထားပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ တွေ့ဆုံမှု ကတောက်ကဆ ဖြစ်သွားတဲကိစ္စဟာ ယူကရိန်းစစ် ပြေငြိမ်းရေး အလားအလာကို ဘယ်လောက် ထိခိုက်နိုင်ပါသလဲ။ ဗြိတိန်ဝန်ကြီးချုပ် Kier Starmer နဲ့အတူ ဥရောပခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကကော ဘယ်လို အလားအလာရှိပါလဲ။
အမေရိကန်ပြည်ထောင်စုက ကနေဒါ၊ မက္ကဆီကို အပေါ် ချမှတ်ထားတဲ့ သွင်းကုန်ခွန် နှုန်းထား အသစ်က အင်္ဂါနေ့မှာ စတင်သက်ရောက်ပြီး တရုတ်အပေါ်မှာလည်း သွင်းကုန်ခွန်ကို ၂ ဆ တိုးမြှင့်လိုက်ပါတယ်။ Ken Bredemeier ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။