မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင် ပြောနေသလို နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လက်တွေ့ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေသလို “အနုတ်သဘောဆောင်တဲ့ ငြိမ်းချမ်းရေး Negative Peace” ကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ် ပြည်တွင်းမှာ ဖရဲ၊ သခွား အထွက်နှုန်း ကျဆင်းခဲ့ပေမဲ့ အရည်အသွေး မကောင်းလို့ စျေးရရှိမှု နည်းပါး၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ဒီနှစ်ကုန် ဒါမှမဟုတ် ရှေ့နှစ်ဆန်းထဲမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီ အကြီးအကဲ ပြောကြား၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲ ထပ်မံထည့်သွင်း၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အသက် ၁၂ နှစ်အရွယ်မှာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီး နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းကလေးငယ်တွေ အတွက် စာသင်ကျောင်း တွေမှာ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး အခုတော့ ပါရဂူဘွဲ့ယူဖို့ ကြိုးစားနေတဲ့ မမေနဒီကျော်ရဲ့ ဖြတ်သန်းမှုတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။
အမေရိကန်ပုဂ္ဂလိက အာကာသစူးစမ်းရေး Firefly ကုမ္မဏီရဲ Blue Ghost လဆင်းယာဉ်ဟာ မတ်လဆန်းမှာ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့ပြီး လပေါ် လူသွားဖို့အပါအဝင် NASA ရဲ့ စူးစမ်းမှုတွေလုပ်ဖို့ စက်ကရိယာတွေ သယ်ဆောင်သွားခဲ့တယ်လို့ NASA သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင် ကပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ကြောင့် ကြုံလာရမယ့် ဆိုးကျိုးတွေကို တွေးပူနေမှာ မဟုတ်ဘူးလို့၊ တရုတ်ဈေးသည်တွေက ပြောဆိုလိုက်တဲ့အကြောင်းနဲ့ ဂျပန်မှာ ဂျပန်စာတိုက်ရဲ့ဘဏ်လုပ်ငန်း အစုရှယ်ယာထဲက ဒေါ်လာ (၄)ဘီလျံဖိုးလောက်ကို ထုတ်ရောင်းသွားဖို့ စီစဥ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဂေဟဗေဒစနစ်ကောင်းတွေရှိရာတောင်အမေရိကတိုက်က မစ်ဆီယိုနီ( Misones) အမြဲစိမ်းသစ်တောကြီးထဲမှာ ဥတုရာသီပြောင်းလဲမှုနဲ့တောလိုက်မုဆိုးတွေကြောင့်ဒဏ်ရာရ တိရိစ္တာန်တွေကိုရွီယိုလာ (Guiraoga) စင်တာမှာပြုစုပျိုးထောင်ပေးနေပါတယ်။ နန်းလောင်ဝ်က ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက် သွားရောက် ရိုက်ကူး တင်ဆက်ထားပါတယ်။
တကမ္ဘာလုံး လေထုညစ်ညမ်းမှုနဲ့ရင်ဆိုင်နေရပြီး ကင်ဆာနဲ့အမေ့လွန်ရောဂါအပါအဝင် လူ့ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်လာနေတယ်လို့ စောင့်ကြည့်အဖွဲ့တွေကပြောပါတယ်။ ဥရောပနဲ့ တရုတ်နိုင်ငံတို့မှာတော့ လေထုအရည်အသွေး အနည်းငယ်တိုးတက်လာပါတယ်။ ဘာကြောင့်ပါလဲ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်က အမျိုးသမီးအတွင်းခံဒီဇိုင်နာ တဦးဟာ ရင်သားကင်ဆာဝေဒနာရှင် အမျိုးသမီးတွေ ယုံကြည်မှုတွေ ပြန်ရလာပြီး၊ ပုံမှန်ဘဝပြန်ရောက်အောင် ရည်ရွယ်ပြီး အတွင်းခံတွေကို စမ်းသပ်ထုတ်လုပ်နေပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာပြောပြထားပါတယ်။
မြန်မာမှာ အသည်းရာင်အသားဝါ A ပိုးကူးစက်မှု ဘယ်လိုဖြစ်နိုင်ပါလဲ။ ဒီအသည်းရောင်အသားဝါ A ပိုး ကူးစက်မှုတချို့ များလာတာမို့ ကာကွယ်နိုင်ရေး၊ ကူးစက်ပုံတွေ သိထားသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုနေပါတယ်။ ဒီအကြောင်း နယူးယောက်မြို့က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်းက မေးထားပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုက ရုရှားအစိုးရအပေါ် ဖိအားတွေပေးနေပါတယ်။ ဒါပေမဲ့ ရုရှားဘက်က သူတို့ သိမ်းထားတဲ့နယ်မြေတွေကို ပြန်ပေးဖို့တော့ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ မော်စကိုမြို့ကနေ ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။