မြန်မာနိုင်ငံ ရန်ကုန်မြို့အပါအဝင် လူစည်ကားတဲ့နေရာတွေမှာ လျှပ်တပြက် ဆန္ဒပြမှုတွေကို အန္တရာယ်ကြားက လုပ်နေကြတဲ့ မြို့ပြပျောက်ကြား လူငယ်တွေရဲ့ အတွေ့အကြုံတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ကမ္ဘာမှာ စီးပွားရေး၊ စစ်ရေးအင်အားကြီးတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တချို့ကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
ဂျာမနီနိုင်ငံမှာ ဗဟိုနိုင်ငံရေး အင်အားစုတွေက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစားနေကြပါတယ်။ ပြည်တွင်းနဲ့ ဥရောပဆိုင်ရာ မူဝါဒတွေ ဘာတွေ ပြောင်းနိုင်ပါသလဲ။ မြန်မာ့အရေးအတွက် မဟာဗျူဟာအရ၊ ဘယ်လို ချဥ်းကပ်သင့်ပါသလဲ။
ရခိုင်မှာ နယ်မြေအများစုကို သိမ်းထားတဲ့ အာရက္ခတပ်တော်ကို တရားဝင်နိုင်ငံရေးအင်အားစုအဖြစ် တရုတ်က ဆက်ဆံတာမျိုး မလုပ်သေးပေမဲ့ ဒါကပြောင်းလဲလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံတဲ့ဒေသတွေဘက် အရှိန်တင်လာတဲ့ ရခိုင့်စစ်ရေးရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလပိုင်းတွေအတွင်း ဆန် အမျိုးအစားအလိုက် တအိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ နီးပါးလောက်ထိ စျေးကျဆင်းနေ၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ သဘောတူညီမှုတွေ ရရှိ၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရုရှား နဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲကို စစ်ကောင်စီခေါင်းဆောင်က ရုရှားအနေနဲ့ တရားသောစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ကမ္ဘာတဝှမ်းမှာတော့ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
အမျိုးသမီးတွေ တန်းတူညီမျှခွင့် ရဖို့အတွက် “လှုပ်ရှားမှုတွေ အရှိန်မြှင့်ကြစို့” (#AccelerateAction) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကမ္ဘာတဝန်းက အမျိုးသမီးတွေ တောင်းဆို လှုပ်ရှားကြပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
ရေဒဏ်ခံနိုင်တဲ့အဝတ်အထည်တွေကနေ သန့်ရှင်းရေးပစ္စည်းတွေ၊ မကပ်တဲ့ အိုးခွက်တွေအထိ လူသုံးပစ္စည်း အမျိုးမျိုးမှာ ထည့်သွင်းသုံးစွဲနေတဲ့ ဓါတုပစ္စည်း PFAS ဟာ အင်မတန် အသုံးဝင်သလောက် အန္တရာယ်လည်း ကြီးတယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ PFAS ဆိုတာ ဘာပါလဲ။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
TikTok ကုမ္ပဏီက ထိုင်းနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ (၉)ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ဗီယက်နမ်မြောက်ပိုင်းကနေ တရုတ်နယ်စပ်မြို့အထိ ရထားလမ်းကြောင်း စီမံကိန်းတခု အကောင်အထည်ဖေါ်ရေး အတည်ပြုလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။