န်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ စစ်ပွဲအတွင်းပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်း ကြောင့် ကမ္ဘာမှာ ထိခိုက်ဒဏ်ရာရမှု အများဆုံး နိုင်ငံ ဖြစ်လာတဲ့အကြောင်း Mine Free Myanmar အဖွဲ့ရဲ့ ၂၀၂၄ အတွက် မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
ယူကရိန်းနဲ့ ကီလိုမီတာအနည်းငယ်ပဲဝေးတဲ့ ရိုမေးနီးယားနိုင်ငံထဲမှာ နေတိုးတပ်ဖွဲ့ရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အလျင်အမြန်တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားကို စမ်းသပ်နေပါတယ်။ ဒီလေ့ကျင့်မှုနဲ့ နေတိုးရဲ့ ဆင့်ကဲပြောင်းလဲလာပုံအကြောင်း Myroslavsa Gongadze သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်ပွဲဖြစ်နေတဲ့နေရာတွေ၊ လွတ်မြောက်နယ်မြေတွေမှာ ပြည်သူတွေအနေနဲ့ အနာဂတ်အတွက် ဘယ်လို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်နေကြသလဲဆိုတာ အဲဒီဒေသတွေကို ကိုယ်တိုင်သွားပြီး ဓါတ်ပုံမှတ်တမ်းတင်နေတဲ့ ကိုရဲအောင်သူကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ပစ်မှတ်ထား ဖြိုခွင်းတဲ့ အနေနဲ့ ထိုင်းနိုင်ငံက မြန်မာ နယ်စပ် ၅ မြို့ကို စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်လိုက်တာ တလနီးပါး ရှိလာချိန်မှာ ကုန်သွယ်ရေး ကလည်း ထိုးကျနေပါတယ်။
ဒီသီတင်းပတ်အတွင်း ကွန်ဂရက်စ်လွှတ်တော်မှာ အစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးအမေရိကန်သမ္မတ Donald Trump မိန့်ခွန်းပြောရာမှာ အစိုးရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေ ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအရေး ဆွေးနွေးဖို့ ယူကရိန်း သမ္မတZelenskyy နဲ့ ဥရောပခေါင်းဆောင်တွေ တနင်္ဂနွေနေ့က လန်ဒန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Arash Arabasadi ရဲ့ သတင်းအပြည့်အစုံကို မခင်လေးက ပြောပြပေးပါမယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတ Donald Trump အစိုးရ ပထမအကြိမ် ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ အမေရိကန်အစိုးရ ဝန်ထမ်းအင်အားလျှော့ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုထားပြီး မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ် ၁၁၀ မှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဆောင်းပါးရှင် ပြည်သွေးနိုင်က ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆွေးနွေးတင်ပြထားပါတယ်။
မလေးရှားမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေအကြောင်း မလေးရှားနိုင်ငံအခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့ က Zafar Ahmad Abdul Ghani (Myanmar Ethnic Rohingya Human Rights Organization in Malaysia (MERHROM) ကို Zoom ကနေ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အမေရိကန်ရဲ့ပါဝင်မှုမရေရာတော့ပေမယ့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားကောင်းနေဆဲပါ။ ဇီဝမျိုးစုံထိန်းသိမ်းရေးရှေ့လမ်းစဥ်တွေ ရောမညီလာခံမှာချမှတ်နိုင်ခဲ့ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
ကရင်ပြည်နယ် မြဝတီက ကျားဖြန့် အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကို အပြင်းအထန် နှိမ်နင်းနေတယ်ဆိုပေမဲ့ စနစ်တကျ မဖြိုခွဲနိုင်ဘူးဆိုရင် ဒေသတွင်းမှာ ဆက်ပြီးကြီးထွားနေမှာ ဖြစ်တယ်လို့ ဆိုက်ဘာရာဇဝတ်မှုကို စောင့်ကြည့်နေတဲ့ အမေရိကန်အကြီးတန်း သုတေသီတဦးက သတိပေးလိုက်ပါတယ်။
ကရင်ပြည်နယ် မြဝတီက ကျားဖြန့် အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်းတွေကို အပြင်းအထန်နှိမ်နင်းနေတယ်ဆိုပေမဲ့ စနစ်တကျ မဖြိုခွဲနိုင်ဘူးဆိုရင် ဒေသတွင်းမှာ ဆက်ပြီးကြီးထွားနေမှာဖြစ်တယ်လို့ ဆိုက်ဘာရာဇ၀တ်မှုကို စောင့်ကြည့်နေတဲ့ အမေရိကန် အကြီးတန်းသုတေသီတဦးက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။