သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရအသုံးစရိတ် ဥပဒေကြမ်း ရီပတ်ဘလစ်ကင် တင်သွင်း


သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထက်-အောက်လွှတ်တော် နှစ်ရပ်ပေါင်း မိန့်ခွန်းပြောကြားတဲ့ ပွဲမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နဲ့ လက်ဆွဲနှုတ်ဆက် နေတဲ့ မြင်ကွင်း။ မတ်လ ၄၊ ၂၀၂၅။ ဓာတ်ပုံ - ရိုက်တာ
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထက်-အောက်လွှတ်တော် နှစ်ရပ်ပေါင်း မိန့်ခွန်းပြောကြားတဲ့ ပွဲမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နဲ့ လက်ဆွဲနှုတ်ဆက် နေတဲ့ မြင်ကွင်း။ မတ်လ ၄၊ ၂၀၂၅။ ဓာတ်ပုံ - ရိုက်တာ

အမေရိကန်ပြည်ထောင်စုမှာ ရှေ့တပတ် သောကြာနေ့ နောက်ဆုံးထားပြီး အစိုးရအသုံးစရိတ် အသစ် မပြဌာန်းနိုင်ရင် အစိုးရ ယန္တရားတချို့ ရပ်တန့်ရဖို့ ရှိနေချိန်မှာပဲ အောက်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တွေဟာ စာမျက်နှာ ၉၉ မျက်နှာပါ အစိုးရ အသုံးစရိတ်ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။  

ဒီထဲမှာ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အစိုးရ ဘတ်ဂျက် အသုံးစရိတ်တွေ ပါဝင်ပါတယ်။ အဲဒီမှာ ကာကွယ်ရေးအသုံးစရိတ် အနည်းငယ် မြှင့်တင်ထားပြီး ကာကွယ်ရေးနဲ့ မသက်ဆိုင်တဲ့ အစီအစဉ်တွေကိုတော့ ၂၀၂၄ ခုနှစ် ဘတ်ဂျက်နှစ်ထက် လျှော့ချထားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က အခု တင်သွင်းထားတဲ့ ဥပဒေကြမ်းကို လူမှုကွန်ရက် X မှာ ချီးကျူးခဲ့ပြီး ရီပတ်ဘလစ်ကန်တွေဟာ "စည်းလုံးညီညွတ်နေဆဲ ဖြစ်ပြီး သဘောထားကွဲလွဲတာမရှိဘူး” လို့ ဆိုကာ “အချိန်အခါကောင်း ဖြစ်လို့ နောက်ထပ် တရက် တိုက်ပွဲ ဆင်နွှဲကြဖို့” နှိုးဆော်ပါတယ်။

"အမေရိကအတွက် ကောင်းမွန်တဲ့အရာတွေ ရောက်လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ 'ဘဏ္ဍာရေးအိမ်' ကို တည်ငြိမ်အောင်လုပ်ဖို့ ကျနော်တို့ကို စက်တင်ဘာလအထိ လအနည်းငယ်လောက် အချိန်ပေးဖို့ တောင်းဆိုပါတယ်" လို့ သမ္မတ ထရမ့်က ပြောပါတယ်။

လာမယ့် အင်္ဂါနေ့မှာ အောက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပြီး တစိတ်တပိုင်း အစိုးရ ယန္တရား ရပ်တန့်တာကို ရှောင်လွှဲနိုင်ဖို့ အတွက် မတ်လ ၁၄ ရက် (သောကြာနေ့) သန်းခေါင်ယံမတိုင်မီ ဒီအသုံးစရိတ်ကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ထိပ်တန်း ဒီမိုကရက်အမတ်တွေ ဖြစ်တဲ့ ကွန်နက်တီကတ် ကွန်ဂရက် လွှတ်တော် အမတ် Rosa DeLauro နဲ့ ဝါရှင်တန်က အထက်လွှတ်တော် အမတ် . Patty Murray တို့ နှစ်ဦးစလုံးကတော့ အခုဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ကန်အစိုးရအသုံးစရိတ် ဥပဒေကြမ်း ရီပတ်ဘလစ်ကင် တင်သွင်း
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG