“Zaporizhzhia ဓါတ်ပေါင်းဖို ဘေးကင်းလုံခြုံမှုတိုးတက်မလာ” IAEA အကြီးအကဲ

ယူကရိန်းနိုင်ငံ၊ နီကိုပူးလ်မြို့မှာရှိတတဲ့ Zaporizhzhia နျူကလီယားဓာတ်ပေါင်းဖို။ (ယခင်မှတ်တမ်းဓာတ်ပုံ)

{{Zawgyi/Unicode}}

ယူကရိန်းနိုင်ငံ Zaporizhzhia မှာရှိပြီး ဥရောပရဲ့ အကြီးဆုံးနျူကလီယားဓာတ်ပေါင်းဖိုဟာ ဘေးအန္တရာယ်ရှိတဲ့အခြေအနေကနေ ပိုကောင်းမလာဘူးလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နျူကလီယားစွမ်းအင်အကြီးအကဲ Rafael Grossi က သမ္မတ Volodymyr Zelenskyy ကို ပြောလိုက်ပါတယ်။

သမ္မတ Zelenskyy က ယူကရိန်းတောင်ပိုင်းကို ခရီးထွက်ခဲ့ရာမှာ တနင်္လာနေ့က မစ္စတာ Rafael Grossi နဲ့ Zaporizhzhia မှာ တွေ့ဆုံခဲ့စဉ်မှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီနျူကလီယားဓာတ်ပေါင်းဖိုစက်ရုံမှာ လျှပ်စစ်မီးကြိုးတွေ အများကြီးဆုံးရှုံးသွားပြီး အအေးပေးစနစ်တွေအတွက် အရေးပေါ် ဒီဇယ် မီးပေးစက်နဲ့ မီးပေးခဲ့ရတာ အကြိမ်များစွာ ရှိခဲ့ပါတယ်။

စက်ရုံကို ရုရှားကထိန်းချုပ်ထားပြီး ဝန်းကျင်မှာ စစ်တပ်တွေအကြီးအကျယ်ချထားတာကြောင့် အခြေအနေတင်းမာနေတယ်လို့ မစ္စတာ Grossi က ဆိုပါတယ်။
ဒီ ခရီးစဉ်မှာပဲ စစ်စခန်းတွေကို သမ္မတ Zelenskyy က သွားရောက်ခဲ့ပြီး စစ်သားတွေကို ဆုတံဆိပ်ချီးမြှင့်ခဲ့တယ်လို့ သမ္မတရုံးကထုတ်ပြန်တဲ့ ဗွီဒီယိုနဲ့လူမှုစာမျက်နှာမှာ ပြောထားပါတယ်။

“ခင်ဗျားတို့ကျန်းမာရေးအတွက် ကျနော်ဆုတောင်းပါတယ်။ ခင်ဗျားတို့ရဲ့မိဘတွေ ကို ကျနော် အများကြီး လေးစားပါတယ်။ ခင်ဗျားတို့ရဲ့သူရဲကောင်းစိတ်ဓာတ်အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အောင်ပွဲရကြမှာပါ။” လို့ သမ္မတ Zelenskyy က စစ်သားတွေကို ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

“Zaporizhzhia ဓါတ်ပေါင်းဖို ဘေးကင်းလုံခြုံမှုတိုးတက်မလာ” IAEA အကြီးအကဲ

================

{{Unicode}}




