ရခိုင်ပြည်နယ် အတွင်းက အကြမ်းဖက်မှုတွေ ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့ မူဆလင် ဒုက္ခသည် အရေအတွက်ဟာ ၃ သိန်း ၇ သောင်း အထိ ရှိလာခဲ့ပြီလို့ IOM နိုင်ငံ တကာ ရွှေ့ပြောင်းအခြေချသူများ အကူညီပေးရေး အဖွဲ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ဝါရှင်တန်ဒီစီမြို့တွေမှာ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့က အကြမ်းဖက်အတိုက်အခိုက်ခံခဲ့ရတဲ့ အဖြစ်အပျက်ဟာ အခုဆို၁၆နှစ်ပြည့်ခဲ့ပါပြီ။ စက်တင်ဘာ၁၁ရက် နှစ်ပတ်လည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခန်းအနားတွေကို နယူးယောက်နဲ့ဝါရှင်တန်ဒီစီမြို့တွေမှာ တချိန်ထဲတပြိုင်နက်ထဲမနေ့က ကျင်းပခဲ့ကြပြီး အကြမ်းဖက်သမားတွေအတွက် ပုန်းအောင်းစရာ နေရာမရှိဘူးလို့ အမေရိကန်သမ္မတထရမ့်ကပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ အကြမ်းဘက်အုပ်စုတွေကို BRICS လို့ခေါ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ၅နိုင်ငံပူးပေါင်းရွက်ရေးအဖွဲ့က အပြင်းအထန် ရှုတ်ချ လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ၃ရက်ကြာကျင်းပ နေတဲ့ BRICS ၅နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား တိုးတက်ကောင်းမွန်လာနေတဲ့ စီးပွါးရေးပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အနာဂတ်မှာတိုးမြင့်လုပ်ဆောင်ကြဖို့ကိုလည်းဆွေးနွေးခဲ့ကြပါတယ်။
VOA to Asia ဌာနရဲ့ အပါတ်စဉ်စီးပွါးရေးကဏ္ဍမှာ အမေရိကန်ရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်တွေ တရုတ်နိုင်ငံက ခိုးယူတဲ့ကိစ္စ စုံစမ်းစစ်ဆေးမှုနဲ့ ထိုင်းနိုင်ငံမှာ အပျော်ထောင်ကျလို့ရတဲ့ တည်းခိုခန်းအကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်က တင်ပြပေးမှာပါ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ဘင်္ဂလားဒေ့ချ် နိုင်ငံက ခိုလှုံခွင့် ပေးဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း နေပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက အထူးစိုးရိမ်နေရတုန်းပါ။ လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားပါတယ်။ လုံခြုံစိတ်ချရတဲ့အခြေအနေတွေမရှိလို့ နေအိမ်စွန့်ခွါထွက်ပြေး နေသူတွေလည်း တော်တော်များနေပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ SEA Games အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ တနင်္လာနေ့က အိမ်ရှင် မလေးရှား အသင်းနဲ့ မြန်မာ အမျိုးသား ဘောလုံးအသင်းတို့ ကစားခဲ့တဲ့ပွဲ အပြီး မြန်မာပွဲကြည့် ပရိသတ်တချို့ တိုက်ခိုက်ခံခဲ့ ရပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ Facebook ဗွီဒီယိုထုတ်လွှင့်မှုက အွန်လိုင်းဈေးကွက်မှာ နေရာဝင်ယူ လာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာ အိမ်သုံးလျှပ်စစ်စွမ်းအင်တွေ ကိုယ်တိုင် ဖန်တီးသုံးစွဲလာနေတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ ၂၉ကြိမ်မြောက် SEA Games အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အမျိုးသားဘော လုံး အုပ်စု (A) ပထမ နေရာအတွက် အိမ်ရှင်မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ မနေ့က ကစားတဲ့အခါ မလေးရှားက မြန်မာကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တနေရာကို ရခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်ကို တိုးမြှင့်ကာကွယ်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဂျပန် ပူးပေါင်းပြီး မြေပြင်အခြေစိုက် Aegis ကမ်းခြေကာကွယ်ရေးစနစ်ကို တည်ဆောက်မယ် လို့ ကြေညာလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး Joe Dunford အခုလို ရောက်ရှိလာတာကို တရုတ်နိုင်ငံဘက်က အထူးပဲ အလေးအနက်ထား ပါတယ်။ အရေးကြီးတဲ့ ဆွေးနွေးမှုတွေကိုလည်း ကျနော်တို့ စီစဉ်ပေးထားပါတယ်။ မြောက်ပိုင်းတိုင်းမှာ ရှိတဲ့ စစ်ရေးလေ့ကျင့်မှု တခုကိုလည်း သွားရောက် ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။
မြောက်ကိုရီးယားနဲ့အမေရိကန်၂နိုင်ငံအကြားတင်းမာမှုတွေတိုးမြင့်လာနေချိန်မှာ တောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုတွေလည်းရှိနေပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်ထိပ်တန်း ဗိုလ်ချုပ်ကြီး Joe Dunford တောင်ကိုရီးယားနိုင်ငံကိုရောက်လာပြီး သမ္မတ မွန်းဂျေးအင်နဲ့တွေ့ဆုံခဲ့ပါတယ်။
တရုတ်မွန်ဂိုးလီးယား ဒေသက သဲကန္တာရကို စိမ်းစိုလာအောင် ဖန်တီးနေကြတာကအစ၊ သက်ကြီးရွယ်အိုတွေ ကစားနိုင်မယ့် တယ်လီဖုန်းဂိမ်း အဆုံး ထူးခြားတဲ့ စီးပွားရေးသတင်းတွေအကြောင်း ဗွီအိုအေ သတင်းထောက် Schuyler Ogden ရဲ့သတင်းဆောင်းပါးကို ကိုကျော်အောင်လွင် ကတင်ပြပေးထားပါတယ်။
မြောက်ကိုရီးယားနဲ့အမေရိကန်တို့ကြားတင်းမာမှုတွေတနေ့တခြားတိုးလာနေပြီးအပြန်အလှန် စကားလုံးနဲ့တိုက်ခိုက်တာတွေလည်း ပြင်းထန်လာပါတယ်။မြောက်ကိုရီးယားကိုအမေရိကန်နဲ့ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှုအသစ်တွေချဖို့ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းဒီလိုတင်းမာတဲ့တုန့်ပြန်မှုတွေရှိလာတာပါ။ ကိုကျော်အောင်လွင်ကအပြည့်အစုံတင်ပြပါထားပါတယ်။
VOA to Asia ဌာနရဲ့ စီးပွားရေးကဏ္ဍမှာ ဗီယက်နမ်မြို့တော်က ဆိုင်ကယ် ကင်းစင်ရေး စီမံချက်နဲ့ တရုတ်ပြည် ရှန်ဟိုင်းမြို့ ကုန်တိုက်တွေက ဗွီဒီယိုဂိမ်းတွေအကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
မြန်မာစစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လယ်သမားတဦး အချိန် တလကျော်ကြာလာတဲ့အထိ ဘာသတင်းမှစုံစမ်းလို့ မရပဲ ပျောက်ဆုံးနေလို့ သူ့ကိုချက်ချင်းပြန်လွှတ်ပေးဖို့ ကချင်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ ပျောက်ဆုံးနေတဲ့လယ်သမားရဲ့ မိသားစုဝင်တွေက အာဏာပိုင်တွေကို အသိပေးတိုင်ကြားထားပေမဲ့လည်း ဘာမှ အကြောင်းမပြန် ဘူးလို့ဆိုပါတယ်။
အာဏာ အလွဲသုံးစားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ရဲ့ အပြီးသတ် လျှောက်လဲချက်ကို ဘန်ကောက်မြို့ နိုင်ငံတော် တရားရုံးချုပ်မှာ မနေ့က တင်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုဟာ ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ကိစ္စပါလို့ အမေရိကန်သမ္မတ Donald Trump က မနေ့ကမနက်ပိုင်းမှာကျင်းပခဲ့တဲ့ သူ့ရဲ့ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။
လိင်ပြောင်းထားတဲ့ လက်ဝှေ့သမား၊ မော်စကိုက အမေရိကန်သမ္မတ အရုပ်များ၊ ပန်ဒါ ဆိုလာလုပ်ငန်း၊ ခေတ်ပေါ်အိန္ဒိယ မင်္ဂလာပွဲ စတဲ့ ကမ္ဘာတလွှားက အနုပညာဖန်တီးသူတွေအကြောင်း ကိုကျော်အောင်လွင်က တင်ဆက်ထားပါတယ်။
အခုတလောမြန်မာပြည်နေရာအနှံ့အပြားမှာ မိုးကြီးနေလို့ ပြည်နယ်နဲ့တိုင်း၉ခုမှာ ရေဘေးအန္တရာယ်ကြုံနေရပါတယ်။ ရေဘေးဒဏ်ကြောင့် လောလောဆယ် သေဆုံးသူ ၂ဦးရှိနေပြီး နိုင်ငံတဝှမ်းရေဘေးသင့်သူပေါင်း ၁သိန်းကျော်ရှိနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်