ထိုင်းနိုင်ငံက ရိုးရာ မွေထိုင်း လက်ဝှေ့ဝါသနာရှင် ၃,၀၀၀ ကျော် လက်ဝှေ့ရေးပြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်၊ ဂျပန်နိုင်ငံမှာ ပဲစေ့အိတ်ကြီးတွေကို အိတ်ကြီးတွေကို ထိုင်လို့ရတဲ့အပြင် ဝတ်ဆင်လို့ရအောင် တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာလည်း ဒီနှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေအားလုံး ဖိနှိပ်ခံနေရတယ်လို့ ကျွမ်းကျင်သူတွေက ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ရဲ့ကြားနာပွဲမှာထောက်ပြကြပါတယ်။ လူမျိုးစုတွေ နဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ အကြား အခြေအနေတွေ ပိုဆိုးသွားစေခဲ့ပါတယ်။ ကိုငြိမ်းချမ်းတင်ပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေအားလုံး ဖိနှိပ်ခံနေရတယ်လို့ ကျွမ်းကျင်သူတွေက အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ရဲ့ ဗုဒ္ဓဟူးနေ့က ကြားနာပွဲမှာထောက်ပြကြပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ ညက ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံ နဲ့ တင်းမာ မှုတိုးလာတာ၊ ယူကရိန်း စစ်ပွဲ တာရှည်နေတာဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အဓိက အကြောင်းအရာတွေအဖြစ် ထည့်သွင်းပြောဆိုသွားပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
ဗြိတိန်နိုင်ငံစကော့တလန်မြောက်ပိုင်းက ကျွန်းလေးတခုမှာ ဗိုင်ကင်းတွေရဲ့ပွဲတော်ကျင်းပ၊ အမေရိကန် အာကာသလေ့လာစူးစမ်းရေးအေဂျင်စီ နာဆာရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးဂြိုလ်တုက ဝက်ဝံမျက်နှာပုံစံမြေမျက်နှာပြင်ကို အင်္ဂါဂြိုဟ်ပေါ်မှာတွေ့ရှိ၊ ဒီလိုကမ္ဘာတလွှားထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့မခင်ဖြူထွေးတင်ဆက်ထားပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ငွေကြေးစီးဆင်း မှုအပေါ် ပစ်မှတ်ထား အရေးယူ ဖိအားပေးတာတွေ တိုးလုပ်လာနေပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့် နှစ်ပတ်လည်မှာ မြန်မာ စစ်ဗိုလ်ချုပ်တွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးလာပေမဲ့လည်း မြန်မာစစ်ဗိုလ်ချုပ်တွေ က မပြောင်းလဲ တဲ့အကြောင်း ကိုငြိမ်းချမ်းက ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ် က အာဏာသိမ်းထားတာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ ဆိုရင် ၂ နှစ်ပြည့်ပါပြီ။ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ထားတာကြောင့် သတင်းထောက်တွေ ပုံမှန် လို သတင်းယူခွင့် မရှိတဲ့ အခြေအနေမှာ ယူကေနိုင်ငံ Sky News သတင်းဌာနက သတင်းထောက်တွေ သတင်းယူခွင့်ရခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ အကြီးဆုံးပီဇာကြီးတခု ဖန်တီးပြီး လှူဒါန်း၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာတော့ ကြောင်အရမ်းချစ်သူ အမျိုးသမီး သူ့အိမ်မှာ ကြောင် အကောင် ၆၀၀ မွေးထား၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေ ဖျားနာပြီး ဆေးဝါးကုသဖို့လိုအပ်တဲ့အခါ ပြည်နယ်မြို့တော် ဟားခါးမြို့က ဆေးရုံဆေးခန်းတွေလို ဆေးဝါးပြည့်စုံတဲ့ နေရာတွေမှာ သွားရောက် ကုသနိုင်ဖို့မှာ အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ လူအမြောက်အမြားသေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုတွေ အပြီး ၁၉၉၄ ခုနှစ် မောင်းပြန်ရိုင်ဖယ် သေနတ် ပိတ်ပင်ရေး ဥပဒေ ကို အသစ်ပြန် လုပ်ဖို့ ကယ်လီဖိုးနီးယား ဒီမိုကရက် အထက်လွှတ်တော် အမတ်က ကြိုးပမ်းနေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
" လှထွီကျေးရွာဘက်မှာ ဗုံးကိုလာကြဲတာ အတိအကျပါ၊ ၁၁နာရီ... အခုက နောက်ဆုံး အသံကြားတာကတော့ ၁၂နာရီလောက်မှာ ကြားတယ်။ လေယာဉ်သံလည်း ကြားတယ်၊ ပေါက်ကွဲသံလည်း ကြားတယ် ခန့်မှန်းတာကတော့ အထိအခိုက်တွေ၊ လူနာ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်၊ ဒါပေမဲ့ အသေအပျောက်ကတော့ အတိအကျ မသိရသေးဘူး အိမ်တွေလည်း တော်တော်ပျက်တယ်လို့ ကြားတယ်"
အာဂျင်တီးနား လက်ရွေးစင် ဘောလုံးသမား Lionel Messi မစင်စွန့်နေတဲ့ပုံ အရုပ်ကလေးတွေ စပိန်မှာ ရောင်းကောင်း၊ အမေရိကန် ဝါရှင်တန်ပြည်နယ်က ရေခဲပြင်အိမ်သာစီး ပြိုင်ပွဲ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာပြည်တွင်း ငွေကြေးစီးဆင်းမှုအားလုံးကို ထိန်းချုပ်စောင့်ကြည့်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေပေမယ့် မြန်မာအများစုဟာ အခုလိုထိန်းချုပ်ထားတဲ့ ငွေလွှဲစနစ်တွေထက် ဟွန်ဒီငွေလွှဲစနစ်ကိုပဲ တွင်တွင်ကျယ်ကျယ်ပြန်ပြီး အသုံးပြုလာကြပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့မှာ ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ခဲ့ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ အင်းတော်မြို့မှာဆိုရင်လည်း ကော်မရှင်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက Zero Covid မူဝါဒကို ပြောင်းလဲပြီး သူ့နိုင်ငံ တံခါးတွေကို ပထမဆုံး ပြန်ဖွင့်ပေးပြီးတဲ့နောက် တရုတ်နိုင်ငံသားခရီးသွား တချို့ အမေရိကန်ကို ပထမဆုံး အကြိမ် ရောက်လာခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်းမှာ ပြန်များလာပြီး သွင်းကုန်ထက် ပို့ကုန်ကို ပိုပြီးတင်ပို့နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ်က ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။
မတူပီ - ဟားခါး လမ်းပိုင်းမှာရှိတဲ့ ငလိုင်ကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ မြန်မာစစ်တပ်နဲ့ မတူပီ CDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေပါတယ်။ ဟားခါးမြို့ပေါ်မှာဆိုရင်လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရှိတဲ့ဘက်ကို မြန်မာစစ်တပ်က နေ့တိုင်းနီးပါး လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅,၀၀၀ ခရီးကို လက်လှော်လှေလေးနဲ့ အမျိုးသမီး ၆ ယောက် ကူးဖြတ်ဖို့ ပီရူးကထွက်ခွာ၊ ပုလဲနားကပ်ကို ဖုန်းပြောလို့ရတဲ့ နားကြပ်ဖြစ်အောင် ဖန်တီးထားတဲ့ နားကြပ်နားကပ် ဂျာမန်နည်းပညာကုမ္ပဏီ တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“ ရှမ်းနီအမျိုးသားများရဲ့ဒေသတွေက လက်ရှိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိမယ်။ နောက် ကချင်ပြည်နယ်ရှိမယ်။ ကချင်ပြည်နယ်မှာ ကျနော်တို့ ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ ဖားကန့်ခရိုင် ဒါတွေ ရှိမယ်။ ဒီဘက်ကဆိုရင် ဟုမ္မလင်းခရိုင်ရှိမယ်။ ဒီဘက်က ခန္တီးခရိုင်တို့ ..
နောက်ထပ်ကြည့်ရှုရန်