ပထမ အပြောင်းအလဲ ကာလမှာ ပြည်သူတွေ ကားလိုင်းရွေးချယ်မှု ခက်တာတွေ၊ တစ်စီးနဲ့ တစ်စီး အကူးအပြောင်းကိစ္စ စတာတွေမှာ အခက်အခဲတွေ ကြုံရမှာပါ။ ဒီအတွက်လည်း ကူညီမယ့် အဖွဲ့တွေ အသင့်ပြင်ထားကြပါပြီ။
တရုတ်အစိုးရဟာ မြန်မာပြည်တွင်းမှာ စီးပွားရေးအရ အဓိက ရင်းနှီးမြှုပ်နှံသူ၊ အဓိက ကုန်သွယ်ဖက် ဖြစ်လာသလို၊ နယ်စပ် လက်နက်ကိုင် တပ်ဖွဲ့တွေ ကြီးစိုးတဲ့ နယ်မြေတွေကနေလည်း သစ်၊ ကျောက်စိမ်း နဲ့ သယံဇာတ မျိုးစုံကို ထုတ်ယူနိုင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ တရုတ်အစိုးရနဲ့ ဒေသအာဏာပိုင်တွေဟာ မြန်မာ စစ်အစိုးရကိုရော၊ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုပါ စစ်လက်နက်ပစ္စည်းတွေ ရောင်းချသူ ဖြစ်လာခဲ့ပါတယ်။
အကြောင်းမဲ့ သတ်ဖြတ်တယ်၊ နေအိမ်တွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ အတည်ပြုလို့ မရတဲ့ စွတ်စွဲချက်တွေသာ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေခဲ့ပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းမယ့် အဖွဲ့ကတော့ အဲဒီတုန်းက အခြေအနေမျိုးနဲ့ လုံး၀ ခြားနားပါတယ်။ ရံပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့မှာ အစိုးရဘက်နဲ့ လက်နက်ကိုင် အဖွဲ့တွေဘက်က အရည်အတွက် တူညီတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ထူးခြားချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှာ အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့က ကိုယ်စားလှယ်တွေကိုပါ ပါဝင်ခွင့်ပြုထားခြင်းပါ။
အစိုးရသစ်တက်ပြီး ၉ လမတိုင်ခင် တစ်ဒေါ်လာ ကျပ် ၂၀၀ ဒါမှမဟုတ် ၁၇ ရာခိုင်နှုန်းလောက် တက်သွားတာပါ။ တနည်းပြောရရင် မြန်မာကျပ်ငွေ တန်ဘိုးဟာ အခြားနိုင်ငံခြားငွေတွေနဲ့ နှိုင်းယှဉ်ရင် ၁၇ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဖျက်သိမ်းမယ့်၊ သံရေကြိုစက်ရုံ ပို့မယ့် ယာဉ်အိုယာဉ်ဟောင်းတွေရဲ့ ပေါက်ဈေး၊ တစ်နည်းအားဖြင့် စလစ်ဈေးဟာ အဲဒီကားတွေ နည်းလာလေလေ၊ ဈေးတွေ မြင့်တက်လာလေ ဖြစ်စေပါတယ်။ အခုနောက်ဆုံး ၂၀၁၇ ခုနှစ်အတွက် ကားတင်သွင်းခွင့် မော်ဒယ်နှစ် သတ်မှတ်ချက် ထွက်လာပြီးနောက် စလစ်တစ်စောင် ကျပ်ငွေ သိန်း ၁၂၀ နီးပါး ဖြစ်လာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိကြုံနေရတဲ့ စိန်ခေါ်မှု ပြဿနာတိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်အောင် ကြိုးစားနေ တာ တွေ့မြင်ရပါတယ်။ ရိုဟင်ဂျာ-ဘင်္ဂလီ ပြသနာဆိုရင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင်တဲ့ အကြံပေးကော်မတီ ခန့်အပ်တာ ဝန်ပေး ထားသလို၊ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မ ရှင် တရပ်ကို လည်း ဖွဲ့စည်းတာဝန်ပေးထားပြီးပါပြီ။
ပြောရရင် ကေအိုင်အေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုဟာ တပ်မတော် ဘက်ကို ဖိအားပေးသလို မဖြစ်စေ ပဲ ပြည်သူလူ ထု ရွေးကောက် တင်မြှောက်လိုက် တဲ့၊ ငြိမ်းချမ်းရေး ရဖို့ကိုလည်း အားကြိုးမာန် တက် ဆောင်ရွက်နေ တဲ့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရကိုပဲ အကြပ်အတည်း တွေ့စေ တာပါ။
တပ်မတော်ဘက် က ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်လိုက်ရင်လည်း လူ့အခွင့်အရေးချိုးဖေါက်မှု၊ ဂျီနီဗာ ကွန်ဗင်းရှင်း မလိုက်နာမှု စတာတွေ ဖြစ်သွားနိုင် တဲ့ ပြသနာ၊ အကြမ်းဖက် သမားတွေဟာ မှန်တာတွေရော၊ မမှန်တာတွေပါ နိုင်ငံတကာကို အဆက်မပြတ် ဝါဒဖြန့်နေ တဲ့ ပြသနာ စတာတွေ ရင်ဆိုင်နေရလို့ပဲ ဖြစ်ပါတယ်။
ဒီလို ကြီးမားတဲ့ စွပ်စွဲမှုတွေ ဖြစ်နေတာ၊ ဒီရေးသားချက်ကိုလည်း နိုင်ငံတကာ မီဒီယာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မလွဲမရှောင်သာပဲ သတင်းစာရှင်းလင်းပွဲ လုပ်၊ ရှင်းပြရတဲ့ကိန်း ဆိုက်သွားပါတော့တယ်။ အဲဒီလို မရှင်းပြခဲ့ရင် သူဟာ ကြီးမားတဲ့ အဂတိလိုက်စားသူ အဖြစ် ထင်မြင်တာ ခံရနိုင်သလို၊ အစိုးရအဖွဲ့ရဲ့ အရေးယူစစ်ဆေးခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတောင် ခံရနိုင်လို့ပါပဲ။
ပုဒ်မ ၆၆(ဃ)ဟာ စွတ်စွဲခံရသူ ဘယ်သူ့ကိုမဆို အလွန်နစ်နာစေတာ၊ ဒါကြောင့်လဲ အခုနောက်ပိုင်း လူတစ်ချို့ အဖွဲ့အစည်းတစ်ချို့က အဲဒီ ပုဒ်မကို ခြိမ်းခြောက်လိုမှု၊ နစ်နာစေလိုမှုအတွက် အသုံးပြုလာတာ စတဲ့ နောက်ဆက် တွဲ ပြသနာတွေ ဖြစ်ပေါ် လာစေတာဖြစ်ပါတယ်။
နောက်ပိုင်း စစ်အာဏာရှင်တွေခေတ်မှာ ရဲတပ်ဖွဲ့ဟာ အပြောင်းလဲ ကြီး ပြောင်းလဲ သွား ခဲ့ပါ တယ်။ ရဲတပ်ဖွဲ့ဟာ သူအဓိက ထမ်းဆောင်ရမယ့် တာဝန်တွေအစား အာဏာရှင်တွေကို အတိုက် အခံပြုတဲ့၊ ဆန့်ကျင် တဲ့ နိုင်ငံရေးသမားတွေကို စုံစမ်း၊ ဖော်ထုတ်၊ နှိပ်ကွပ်တဲ့ ယန္တယားအဖြစ် တဖြေးဖြေး အသွင်ပြောင်း သွားလို့ ပါပဲ။
အဲဒီ သဘောတူ စာချုပ်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရေးဆွဲ အတည်ပြုရမယ်၊ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အသစ်ကို အခြေခံပြီး ပါတီစုံ အထွေထွေ ရွေးကောက်ပွဲလုပ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက ဒီ မူဆလင် အသိုင်းအဝိုင်း ဟာ နေရာကျဉ်းကျဉ်းလေး ထဲမှာ ချောင်ပိတ်ထား သလို ဖြစ်နေတာ၊ ဆင်းရဲတာ၊ ပညာမဲ့တာ၊ စဉ်းစားဆင်ခြင်ဉာဏ် အားနည်း တာ၊ မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ အဆက်အသွယ် မရှိသလောက်ဖြစ် တာ၊ ဒေသ ထဲမှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ လွှမ်းမိုးနေတာ စတဲ့အ ချက်တွေကြောင့် တနေ့နေ့ ခုလို ပြသနာမျိုး ပေါ်ပေါက်လာနိုင်တယ်ဆိုပြီး ကြိုတင် သုံးသပ်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ပြောဆိုရာမှာ အဓိက တူညီတဲ့အချက်က အစိုးရ ဘတ်ဂျက် လိုငွေပြတာ များလို့ လို့ ဆိုကြပါ တယ်။ နောက်တစ်ချက်က ပို့ကုန်နဲ့ သွင်းကုန်မှာ သွင်းကုန်များပြီး နိုင်ငံခြားငွေ လိုအပ်ချက်များတာကြောင့်လို့လဲ မှတ်ချက်ပေးကြပါတယ်။ ပိုပြီးဖြစ်နိုင်ချေရှိတာက လွှတ်တော်သစ်ကနေ တောင်သူလယ်သမားတွေ အတွက် စိုက်ပျိုးစားရိတ် ချေးငွေ ပမာဏ အများအပြား ချေးပေးလိုက်တဲ့ ကိစ္စကြောင့်ပါပဲ။
တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့ လတ်တလော အကြောင်း အချက်တွေ ရှိပေမယ့် တကယ့်ပြသနာကတော့ ကေအိုင်အိုအနေနဲ့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့လို့ပါပဲ။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြသနာကတော့ တစ်မျိုးပါ။ ဘယ်လောက်အထိ လူ့အခွင့်အရေး ချိုးဖေါက်ခံထားရသလဲ၊ ဘယ်လောက် အထိ နှိပ်စက်ခံထားရသလဲ ကာယကံရှင် မိန်းကလေး ငယ်နှစ်ယောက် ကိုတောင် ခေါ်ယူတွေ့ဆုံထားတဲ့ မှတ်တမ်း မတွေ့ရ ပါဘူး။ ဒါကြောင့် ရာဇဝတ်ပြစ်မှုမြောက်တဲ့ နှိပ်စက်ညှင်းပန်းမှု၊ ကျွန်ပြုမှုကို လျော်ကြေး တစ်စုံတစ်ရာနဲ့ ကြေအေးစေတဲ့ နည်းလမ်း ကျင့်သုံးဖို့ ရေလာမြောင်းပေး လုပ်ပေးလိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။
ကော်မရှင် ဥက္ကဌ ကိုဖီအာနန်နဲ့ အဖွဲ့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ် ပြသနာနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ နားလည်ချက်နဲ့ သဘောထားတွေကို ရှင်းပြခဲ့တဲ့ အပြင် ကော်မရှင်နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို တပ်မတော်ဘက်က ကူညီဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်ပြီဖြစ်တဲ့အတွက် ကော်မရှင် တရားဝင်ခြင်း၊ မဝင်ခြင်း ပြသနာ ပြီးဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။
ညီလာခံကျင်းပပုံ၊ ကိုယ်စားလှယ်တွေ တင်ပြပုံနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ သလို၊ အဲလို ထုတ်လွှင့်ပြသလိုက်တဲ့အတွက်လည်း ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ရင် အခု ညီလာခံဟာ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့သည်အထိ ထူးခြားမှု ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်-မြန်မာ ဆက်ဆံရေး ပဉ္စမ ကာလ ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည် လိုလားတာဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရစေဖို့ တရုတ်အစိုးရရဲ့ ကူညီမှု ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်