အာဆီယံနဲ့ဒေသတွင်းမှာပါ အထူးစိုးရိမ်စရာဖြစ်လာနေတဲ့ လူကုန်ကူးမှုအန္ထရာယ်ကို မလေးရှားအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ မှာ မလေးရှားနိုင်ငံရောက် လူကုန်ကူးမှုတိုက်ဖျက်ရေးလှုပ်ရှားသူက တောင်းဆိုပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ အင်အားသုံး လာရောက် ချိပ်ပိတ်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ဒီရက်ပိုင်း မိုး ဆက်တိုက် ရွာနေပြီး ဘီးလင်းမြို့နယ် အနိမ့်ပိုင်း ရပ်ကွက် ကျေးရွာအများစု ရေလွှမ်းနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်နေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံ ၅,၀၀၀ ဝန်းကျင် မနေ့က ညတွင်းချင်း ထွက်ပြေး စစ်ရှောင်ခဲ့ကြရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေ ဒီနှစ် ၂၀၂၃ခုနှစ် ပညာသင်နှစ်ကစပြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံက သင်ရိုးညွန်းတမ်းနဲ့အညီ ပညာသင်ခွင့်ရမှာဖြစ်ပြီး အခုဒုက္ခသည်ကလေးပေါင်း သုံးသိန်း စံချိန်တင် စာရင်းသွင်းထားပြီးဖြစ်တယ်လို့ UNICEF က ကြေညာပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ကယား-ကရင် နယ်စပ်က သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစလို့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေကြရပါတယ်။
စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီလ ၂၂ ရက်ကစလို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ၄ ရက် ဆက်တိုက် ရှိနေပါပြီ။
ကယား ခေါ် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ အရှေ့ခြမ်းက စစ်ပြေး ဒုက္ခသည်တွေကြား အခုရက်ပိုင်း ငှက်ဖျားရောဂါတွေ ဖြစ်နေပြီး ဆေးပစ္စည်းတွေကလည်း ပြတ်လပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားခရိုင်တွင်း ရိုဟင်ဂျာမူဆလင်ဒုက္ခသည်စခန်းတွေထဲ ကလေးငယ်တွေအပါအဝင် လူတော်တော်များများ အရေပြားယားနာတွေဖြစ်နေတာက တကိုယ်ရေသန့်ရှင်းရေး အားနည်းတာနဲ့ အာဟာရချို့တဲ့မှုကြောင့်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကပြောပါတယ်။ မဆုမွန် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲ ဒိုက်ဦးအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ဦး ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတာမှာ ဒီအထဲက ၈ ဦး သေဆုံးကြောင်း အတည်ပြုနိုင်တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ရပ်ကွက်အနိမ့်ပိုင်း နေရာတွေမှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီး ရေလျှံနေတာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်တဲ့အထိ ဖြစ်နေပါတယ်။ ရပ်ကွက်အမြင့်ပိုင်း နေရာတွေမှာ ရေဘေးဒုက္ခသည် စခန်းဖွင့်ထားပြီး ပြောင်းရွှေ့ နေထိုင်သူတွေလည်း ရှိနေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့အချင်းချင်းကြားမှာရော ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်စရာဖြစ်နေပြီး ဒီအပေါ်လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်ပြောဆိုနေကြပါတယ်။ မဆုမွန်တင်ပြပါမယ်။
အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး တားမြစ်မိန့်နဲ့ စည်းမျဉ်းသတ်မှတ်မိန့်တွေ လိုအပ်သလို ချမှတ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဒီလ အစောပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ ကရင်နီဒေသမှာ ထိုင်းနိုင်ငံနဲ့နယ်စပ်အနီး ဒေါနိုးကူ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကျောက်စုကျေးရွာတွေကို ဒီကနေ့မနက် အစောပိုင်းက နာရီပိုင်းသာ ခြားပြီး လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။
ပြင်းထန် အဆုတ်လေပြွန်ရောင်နာ ရောဂါဟာ အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်မြန်တာမို့ ကလေးအများ စုဝေးရာ ကျောင်းတွေမှာ ဒီရောဂါကူးစက်မှုတွေ ဒီရက်ပိုင်း ပိုများလာတာပါ။
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတခုကို ဒီနေ့ မနက်အစောပိုင်းက စစ်လေယာဉ် ၂ စင်း လာပြီး ဗုံးကြဲလို့ အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ် တဦး အပါအ၀င် လူ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းမကို တိုက်ပွဲအခြေအနေကြောင့် အသွားအလာ ကန့်သတ်ထားတာ ရက်သတ္တပတ် ၂ပတ်ကျော်လာတာနဲ့အမျှ ကုန်ရောင်းကုန်၀ယ် သွားလာမှုတွေ ပိုခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွားလာစရိတ်တွေ အရင်ကထက် အဆမတန် တက်သွားပြီး ကုန်စည်ဈေးတချို့ သိသိသာသာ တက်သွားတယ်လို့ ပြောပြကြပါတယ်။
မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတွင်းက အဲ့ဒီရွာတွေမှာ စစ်ဘေးရှောင် ၂,၀၀၀ ဝန်းကျင်ရှိပြီး တနေရာတည်းမှာ စုဝေးရှိနေတာမျိုး မဟုတ်ဘဲ အယောက် ၇၀၊ ၈၀ ဝန်းကျင်လောက်စီ စုဖွဲ့ပြီး တောထဲမှာ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရက်ရှည်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှာ မယ်စဲ့မြို့ အခြေစိုက် ခမရ (၄၃၀) တပ်ရင်းက ဖွဲ့တပ်ဝင်တချို့ လက်နက်ချတာ မှန်ပေမဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြနေသလို အင်အား အများအပြားနဲ့ လက်နက်ချတာမျိုးတော့ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဗွီအိုအေကို ပြောဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်