စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့အတွက် ဒေသခံ ၅၀၀၀ လောက်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ တဘက်မှာလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။
မွေးရပ်မြေရဲ့ အဝေးကိုထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ “Hope Away from Home 2023” အိမ်ဝေးသူတို့မျှော်လင့်ချက် ကမ္ဘာ့ဒုက္ခသည်များနေ့အထူးအစီအစဉ်အဖြစ် ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ကိုကိုယ် မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြု ရှာဖွေစားသောက်နိုင်ရေး ရိုဟင်ဂျာကို ဆက်သွယ်မေးမြန်းပြီး မဆုမွန်စုစည်းတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့နယ်က ပန်းသာရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် PDF တွေအကြား ဒီလ ၁၅ရက်ကစ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့အထိ လေကြောင်းက ၆ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း တမူးဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည်နယ်၊ မယ်စဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား အခုချိန်ထိ နေ့စဉ်လိုလို ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားနေတာပါ။
မွေးရပ်မြေရဲ့ အဝေးကိုထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေကို “Hope Away from Home 2023” ကမ္ဘာ့ဒုက္ခသည်များနေ့အထူးအစီအစဉ်အဖြစ် ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းပြီး မဆုမွန်စုစည်းတင်ပြထားပါတယ်။
ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှုတွေကို ခရိုင်တရားရုံးက ပလပ်လိုက်တဲ့အတွက် ဒီလကုန်မှာ ကချင်ပြည်နယ်တရားလွှတ်တော်ကို ထပ်တင်ဖို့ပြင်ဆင်နေတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ မိသားစုဝင်တွေကတော့ ဒေါက်တာခလမ်ဆမ်ဆွန် ရဲ့ကျန်းမာရေးကို စိတ်ပူနေပါတယ်။ မဆုမွန်က ပြောပြမှာပါ။
ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှုတွေကို ခရိုင်တရားရုံးက ပလပ်လိုက်တဲ့အတွက် ဒီလကုန်မှာ ကချင်ပြည်နယ်တရားလွှတ်တော်ကို ထပ်တင်ဖို့ပြင်ဆင်နေတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ မိသားစုဝင်တွေကတော့ ဒေါက်တာခလမ်ဆမ်ဆွန် ရဲ့ကျန်းမာရေးကို စိတ်ပူနေရတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်စခန်း ၁၀ခုခန့်ကို စစ်ကောင်စီက ရုတ်သိမ်းဖို့ တောင်းဆိုနေပြီး SSPP က လက်မခံတာကြောင့် စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ရက်ရှည် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၂၇ ဦးထက်မနည်း ရှိသွားပြီလို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
အိမ်ရှင်ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာတွေကို ဖိ့အားပေးပြန်မပို့ဘူးပြောပေမဲ့ နှစ်နိုင်ငံကြား အပြန်အလှန် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ၊ တောင်မဲသင်းကျေးရွာက ဒေသခံတချို့ နေရပ် ပြန်လာနေကြတယ်လို့ ဒေသခံနဲ့ စစ်ရှောင်ကူညီနေသူက ဗွီအိုအေကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ အထက်တန်းကျောင်းနဲ့ စာသင်ဆောင်တွေမှာ စစ်ရှောင်ကလေးငယ်တွေ ကျောင်းပြန်တက်နေကြပါပြီ။
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာဖိုးတွေဆက်တိုက် ဖြတ်တောက်နေတဲ့အပေါ် ရိုဟင်ဂျာအရေးလှုပ်ရှားသူလည်းဖြစ် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဇွန်လ ၁ ရက်၊ ဒီကနေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီး၊ ကျောင်းအပ် ဆက်လက်ခံနေတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။
"...တရုတ်ရဲ့ သဘောထားအတိုင်း NUG နဲ့မပူးပေါင်းရေး၊ PDF တွေနဲ့မပေါင်းစပ်ရေး ဒီလှုပ်ရှားမှုမှာမပါဝင်ရေး ဆိုတဲ့ တရုတ်ရဲ့သဘောတိုင်းဖြစ်လာမှာပါ။ ဒီထပ်ပိုတိုးလာရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာတတ်နိုင် သလောက်ပါဝင်ကူညီရေးထိဖြစ်လာနိုင်ပါတယ်။ "
ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြီး လူ့အသက်တွေမသေအောင် ကာကွယ်နိုင်ရဲ့နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံး ပျောက်ဆုံးမှု များပြားခဲ့ရတာဟာ စစ်ကောင်စီဘက်ကရည်ရွယ်ချက်ရှိရှိ တမင်လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ်ပြန် ပြောဆိုပါတယ်။
မုန်တိုင်းမိုခါ ဒဏ်နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးမှု များပြားခဲ့ရတာဟာစစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌဦးထွန်းခင်ကို မဆုမွန်ဆက်သွယ်မေးမြန်းထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မေလ ၁၇ ရက်နေ့ကစပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာ ၃၀ ကျော်လောက်က ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ရတာပါ။
မြန်မာနိုင်ငံသားတွေကို ခေါ်ယူနေပေမဲ့ မြန်မာဘက်ကတော့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကန့်သတ်ချက်တွေနဲ့ ထုတ်ပေးနေတာကြောင့် မူဆယ်မြို့ပေါ်မှာ ထောင်နဲ့ချီတဲ့လူတွေ လနဲ့ချီပြီး စောင့်ဆိုင်းနေရပါတယ်။
မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်မှု အားနည်းခဲ့တာကြောင့် ဆိုင်ကလုန်းမိုခါရဲ့ဘေးဒဏ်ကို ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းတွေထက် ရခိုင်စစ်တွေက ရိုဟင်ဂျာစခန်းတွေကပိုခံခဲ့ရပါတယ်။သေဆုံးထိခိုက်မှုက လက်ရှိစာရင်းတွေထက်ကို ပိုများပြားနိုင်ခြေရှိတယ်လို့ဆိုကြပါတယ်။မဆုမွန် စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်