“၁၅ ရက်နေ့ကျလို့ရှိရင် ၁၄ ရက်နေ့ညလောက် ရောက်လို့ရှိရင် ချက်နိုင်ငံ Prague မြို့ကို ရောက်ပါမယ်။ ချက်ကိုသွားရတဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Forum 2000 ကို Keynote Speech အနေနဲ့ ပြောဖို့တွေလည်းရှိပါတယ်။ ၁၇ ရက်နေ့ညမှာ မြန်မာနိုင်ငံကို ပြန်လာမှာပါ။ ဒါပေမဲ့ ရန်ကုန်ကို ရောက်တာကတော့ ၁၈ ရက်နေ့ညနေ ၆ နာရီခွဲ လေယာဉ်လောက်နဲ့မှ ပြန်ရောက်မှာပါ။”
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ မဟာမိတ်တိုင်းရင်းသားပါတီအဖွဲ့အစည်းတွေ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးမှာတွေ့ဆုံခဲ့ကြပါတယ်။ အဲဒီကတဆင့် တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ပုံမှန်တွေ့ဆုံမှုတွေ လုပ်သွားမှာဖြစ်ပြီး အဓိက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကို ရှေ့ဆက်ဆွေးနွေးသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တနိုင်လုံး ငြိမ်းချမ်းရေးရပြီး တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ အပစ်ရပ်ရေး ကြိုးပမ်းသွားဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
"ကျနော်တို့ တရားလိုကို ပြန်ခေါ်စစ်ဆေးတာပေါ့။ တရားလို လာရောက်အစစ်ခံတယ်။ လာရောက်အစစ်ခံတဲ့ အခါမှာ ကျနော်တို့ဘက်က သင်းဖွဲ့ဥပဒေပုဒ်မ (၆) ဟာ ၆/၈၈ ဆိုတာ နဝတဥပဒေအရ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ..."
"ထွက်ဖြစ်မှာကတော့ စက်တင်ဘာ ၁၀ ရက်နေ့ ထွက်ဖြစ်ပါမယ်။ ရန်ကုန်ကို ပြန်ရောက် တာကတော့ စက်တင်ဘာ ၁၈ ညနေပိုင်းလောက်တော့ ပြန်ရောက်ပါမယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ သွားမယ့် ရည်ရွယ်ချက်ကတော့ ပထမဦးဆုံး သွားမှာတော့ ပိုလန်နိုင်ငံ ကိုပါ"
အိန္ဒိယ-မြန်မာနယ်စပ်ဟာ ၁၄၇ မိုင်ရှည်လျားထိစပ်နေပြီး အိန္ဒိယဘက်ခြမ်း မဏိပူရ်နဲ့ နယ်ခြင်းထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်က ယာယီစစ်စခန်းဆောက်နေတဲ့အပေါ် နယ်စပ်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
တတိုင်းပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားအဖွဲ့ အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တွေ့ဆုံမှုတရပ် စနေမနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
"အမေရိကားမှာလည်း မာတင်လူသာကင်းတို့ ဦးဆောင်ခဲ့တဲ့ လူမည်းတိုက်ပွဲဟာ အောင်မြင်မှုရတယ်ဆိုပေမဲ့ အပြည့်အ၀ မရသေးပါဘူး။ ဆက်လက်တိုက်ပွဲဝင်ရမယ်။ သူတို့ ဆက်လက် တိုက်ပွဲဝင်နေသလို၊ ကျနော်တို့ ဗမာပြည်မှာလည်း ဒီမိုကရေစီ မရသေးပါဘူး။ ဒီမိုကရေစီအတွက်..."
"သူတို့ ပြီးခဲ့တဲ့အပတ်က သူတို့ တခါ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖို့ အကြံပြုတဲ့ အချက်တွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တချို့က လက်မခံနိုင်ဘူးပေါ့နော်။ လက်မခံနိုင်လို့ သူတို့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြန်ပြီးတော့ ဆွေးနွေးပြီးတော့မှ ပြန်ပြင်ပြီးတော့မှ သူတို့ အတည်ပြုလိုက်တာ"
"အဖြစ်အပျက် သေးသေးလေးကို အကျယ်ချဲ့ပြီးတော့ လွယ်လွယ်ပြောရင် စောစောစီးစီး မထိန်းသိမ်းနိုင်တဲ့အတွက် ခုလောက် ကျယ်ပြန့်သွားတာပါ။ ဒါပါပဲ။"
“ပုံစံအမျိုးမျိုး ရှိပါတယ်ခင်ဗျ။ တချို့ကျတော့ အစသဘောအနေနဲ့ မိသားစု ၂၀၊ ၃၀ ကို အရင် ပြန်ပို့မယ်။"
"မဲဆောက်နဲ့ ဖုတ်ဖရ ဧရိယာမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲကနေ ကျမတို့က သူတို့တွေကိုပေါ့နော် Survey (စစ်တမ်းကောက်ယူမှု) လုပ်တာတွေရှိတယ်။ နောက်တပိုင်းကျတော့ ကျမတို့က ကျမတို့ဆီမှာ ဂေဟာရှိတယ်ပေါ့နော် အဲ့ဒီဂေဟာမှာ ဒီ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့သူတွေကို ကူညီပေးတာတွေ၊ နောက် မိသားစု ပြန် လည်ပေါင်းစည်းရေး လုပ်ပေးတာတွေပေါ့နော် ကျမတို့ အဲ့ဒါမျိုးတွေ လုပ်တာတွေရှိ တယ်"
"စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ဖွံ့ဖြိုးမှလည်း ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ပေါ့နော် ပြည်သူတွေက သိသင့်သိထိုက်တဲ့ သတင်းတွေကို သိမယ်ပေါ့ဗျာနော်။ အဲ့ဒါကို ရည်ရွယ်တာပါ။ ဒီဥပဒေက သတင်းကောင်စီအတွက် ရည်ရွယ်တာ၊ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတခုအတွက် တင်တဲ့ ဥပဒေ မဟုတ်ဘူး"
“မီဒီယာလွတ်လပ်ခွင့် လိုချင်တာက ကျနော့်အတွက်လည်း မဟုတ်ပါဘူး။ မီဒီယာသမားတွေ အတွက်လည်း မဟုတ်ပါဘူး။ တိုင်းပြည်အတွက်ပါ။"
"လွှတ်တော်ထဲမှာ ကျနော်တို့ Press Council က ဆွဲထားတဲ့ သတင်းမီဒီယာဥပဒေ တင်တဲ့အခါမှာ NLD ပါတီဝင်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ အဲ့ဒါကို ကူညီထောက်ခံ ဆွေးနွေးပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကတော့ တိတိကျကျ ဘာလုပ်ပေးပါမယ်လို့ ဝန်ခံပြီး ပြောသွားတာမျိုး မရှိပါဘူး။"
“ဦးဝံသ က ဒီမိုကရေစီရေးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဘက်က ရပ်တည်တဲ့ မီဒီယာသမားတယောက်ပါ။"
"ဒီအထဲမှာ အရေးကြီးဆုံး နဲ့ အဓိက အချက်ကတော့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားရမယ်ဆိုတာကတော့ ၁၂ ချက်ထဲက အဓိကအချက်ပါပဲ။"
"အတိတ်ကိုကြည့်ပြီးတော့ ပစ္စုပ္ပန်မှာ ရပ်နေတဲ့ နောက်မျိုးဆက်တွေဟာ အနာဂတ်နိုင်ငံကို ဒီလောက် ပေးဆပ်ခဲ့ရပါလား။ ဒီလောက် အရင်းအနှီးတွေ ကြမ်းတမ်းခဲ့ပါလားလို့ သူတို့ သိသွားရင် တန်ဖိုးထားတတ်မယ်လို့ ကျနော် ထင်ပါတယ်"
“သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေကြမ်းကို ကျမတို့က ကန့်ကွက်တယ်ပေါ့နော်။ သဘောမတူဘူး။ နောက်ပြီးတော့ ဒီဟာသည် လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေကို အားကောင်းအောင် လုပ်ဆောင်တာ မဟုတ်ဘဲနဲ့ အားနည်းအောင် လုပ်တာလို့ ယူဆတယ်။”
"နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အစပျိုးမှု တခုလို့ပဲ ကျနော်တို့ ယူဆနိုင်ပါသေးတယ်။ ဒီတော့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေဟာ ရှေ့ဆက်အများကြီး လုပ်ရဦးမှာ ဖြစ်ပါ တယ်။ ကျနော်တို့ နားလည်ထားတာကတော့ တဘက်နဲ့တဘက် ပဋိပက္ခတွေကို တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်ဆိုရင်..."
နောက်ထပ်ကြည့်ရှုရန်