စွယ်စုံရအနုပညာရှင် ဆရာကြီးဦးဝင်းဖေရဲ့ ၈ လေးလုံးအရေးတော်ပုံ ငွေရတု အမှတ်တရ ရေးဆွဲထားတဲ့ ပန်းချီကားကို ဇူလိုင်လ ၄ ရက်နေ့က လေလံတင်ရောင်းချခဲ့ပါတယ်။
"ကျနော်တို့ လွှတ်တော်ကနေပြီးတော့ အစိုးရအဖွဲ့ကို ဘယ်လို ထိထိရောက်ရောက် စောင့်ကြည့်လေ့လာနိုင်တယ်ဆိုတဲ့ နည်းလမ်းတွေကိုတော့ အသေးစိတ် ရေးထားပါတယ်။”
"ဒီစီမံကိန်း ပြီးသွားပေမဲ့ ဒီစီမံကိန်းက ဘယ်လောက်အထိ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ကိုက်ညီသလဲ။ ကျနော်တို့နိုင်ငံမှာ တကယ့် တကယ် လိုအပ်နေတဲ့ ပြည်သူတို့ရဲ့ လိုအပ် ချက်တွေကို ဘယ်လောက်အထိ ဖြည့်စွက်နိုင်သလဲဆိုတာ ကျနော်တို့ ဆက်လက်ပြီးတော့ ဒီဟာတွေကို တွန်းအားပေးပြီးတော့..."
“ဒီအပတ်ကစပြီး သူတို့က ၈ ဆ တိုးတောင်းတယ်။ ၃,၀၀၀ လောက် ကျတယ်။ ဗြုန်းစားကြီး ကောက်ဖြစ်တာ။"
“နောက်ထပ် လက်ကျန် ဘယ်လောက်ရှိသလဲ။ နောက်ထပ် လွှတ်ပေးသင့် လွှတ်ပေးထိုက်တဲ့သူ ဘယ်လောက်ရှိသလဲ။ အဲ့ဒါတွေကို နိုင်ငံရေးအကျဉ်းသား ထဲထဲဝင်ဝင် လုပ်နေတဲ့ ကိုကိုကြီးတို့၊ ဘိုကြည်တို့တင်ပြသလို အစိုးရဘက်က တာဝန်ရှိသူတွေကလည်း တင်ပြတယ်။"
“ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းရဲ့ ကော်မတီကနေ သူတို့ဟာသူတို့ပဲ ဆုံးဖြတ်တာပါခင်ဗျ။ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ကတော့ ဘယ်လိုလူမျိုးကိုမှ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီးတော့ စဉ်းစားပါလို့ ပြောထားတာ မရှိပါဘူး။"
"တိုင်းရင်းသားခေါင်းဆောင် အားလုံးကတော့ဖြင့် ပြည်ထောင်စုကို ညီညီညွတ်ညွတ်လေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ တည်ဆောက်ချင်ကြတဲ့ သဘော အကုန်ရှိပါတယ်"
“နည်းပညာတော့ ရမှာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့က ဘယ်လောက်ထိ ထုတ်မှာလဲ။ ဈေးကွက်ထဲမှာ ဘယ်လောက်ထိ ယှဉ်ပြိုင်နိုင်စွမ်းအား ရှိမှာလဲ။ ဘယ်ဈေးနဲ့ထုတ်မှာလဲ။ ဒါတွေက issue တွေ အများကြီး ကျန်သေးတယ်။"
၂၀၁၄ ခုနှစ်မှာ ရည်မှန်းထားတဲ့အတိုင်း တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ ရန်ပုံငွေလိုအပ်နေဆဲဖြစ်တယ်လို့ တာဝန်ခံတွေကပြောပါတယ်။
"လွှတ်တော်က အတည်ပြုလိုက်တဲ့ ရက်ပေါင်း ၆၀ ပြည့်သွားတဲ့ အတွက်၊ ပြည့်သွားတဲ့အချိန်မှာလည်း အခြေအနေတွေ အားလုံးက ကောင်းတဲ့အတွက်၊ ဒါဟာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တဲ့အတွက် ဒါကို အားလုံး သဘောတူရုပ်လိုက်တာပါ။"
"ဒီအခု ကချင်ပြည်နယ်မှာရော၊ နယ်စပ်ဒေသတွေမှာရော ရခိုင်ပြည်နယ်မှာရော ဒီလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အားနည်းချက်တွေ အများကြီး ကျနော်တို့က တွေ့နေရတယ်။ အဲ့ဒါတွေကိုလည်း သမ္မတအနေနဲ့ နောက်ထပ် အဲ့ဒါမျိုးတွေ မဖြစ်ပေါ်ဖို့ ဖြစ်သွားပြီးသား အရာတွေကိုလည်း သူကနေ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့အတွက်..."
"အရင်လူတွေ အကုန်လုံး လွတ်သွားဦးတော့ နောက်လူတွေ ထပ်ဖမ်းနေတယ်ဆိုရင်လည်း အစားထိုးသလို ဖြစ်နေတယ်လို့ ကျနော်တို့ကတော့ အဲ့ဒီလိုမြင်တယ်"
"သူ့ကို အခုလို ဖိတ်ကြားတာ မှားပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းအနေနဲ့ သမ္မတ ဦးသိန်းစိန် ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် ရဝမ်ဒါနိုင်ငံလို အဖြစ်မျိုး မရောက်စေဖို့အတွက် အလေးအနက် သတိပေးသင့်ပါတယ်"
“၆ လပိုင်း ၁၈ ရက်နေ့မှာ စစ်ရေးအရ ပြဿနာပေါ်တာကိုး။ ပြန်ဆုတ်ဖို့ဆိုတဲ့ ကိစ္စကို ညှိနှိုင်းတဲ့အခါမှာ အောင်မြင်တယ်။ ကာချုပ်ကလည်း သဘောတူတယ်လို့ ပြောတယ်။”
"တရုတ်တွေလည်း လာတယ်လေ။ ကိုရီးယားတွေလည်း လာတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲတယ်ဘာတယ်တော့ မရှိဘူး။ အခုမှ ကျနော် ကြားတာပါ။ ဒါက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ အတည်ပြုလို့တော့ မရသေးဘူး။"
“Journalism Field မှာ လုပ်လာတာ ကြာပြီးတော့ သူတို့က Distinguished ဖြစ်တဲ့လူတွေကိုပေးတဲ့ Honor Medal လို့ပြောပါတယ်။ အဲဒီတော့ အန်တီ အနေနဲ့ကတော့ ထူးတော့ ထူးဆန်းတာပေါ့။ ကိုယ်က မမျှော်လင့်ထားတော့လေ။ အံ့သြတော့ သွားတာပေါ့။ အံ့လည်းအံ့သြတယ် ဝမ်းလည်းဝမ်းသာပါတယ်။”
“ဒေါက်တာတွေ ပြောအရကတော့ကွယ် သူ့မှာ ဒဏ်ရာတွေက အများကြီးဖြစ်နေတာ။ ဒဏ်ရာတွေကလေ ညောင်ပင်က အမြစ်တွေ မှန်တာတွေ၊ ဗုံးစတွေ မှန်တာတွေ၊ ဘုရားရှေ့မှာ သစ်သီးဆွမ်းတွေ ကပ်ဖို့အတွက် ခုံတွေဘာတွေ ချထားတာကိုး။ အဲ့ဒီခုံတွေ ကနေပြီးတော့လည်း တစစီ ကွဲပြီးတော့ မှန်တာတွေ အဲ့ဒီဟာတွေက ခွဲစိတ်ပြီး ကုသရ မယ်ပေ့ါ။ ဗုံးမှန်တဲ့ဟာတွေက အဓိကပဲပေ့ါနော်"
"အစိုးရနဲ့ ဗကပကို တော်လှန်တဲ့ ဒီ ကိုးကန့်တို့ ၀ တို့ ဒီ့ပြင် မိုင်းလားအဖွဲ့တို့နဲ့ စေ့စပ်တဲ့နေရာမှာ သူက ကြားဝင်ပြီးတော့ ကူညီပေးခဲ့တယ်။ အဲ့ဒီကတည်းကစပြီး သူကလည်း Asia World ကိုထောင်ပြီးတော့မှ လုပ်လာတာ အခုထိပေါ့။ ဒီဟာ သူတို့ တော်တော်လေးကို ကြီးပွားပါတယ်"
“သူတို့ပြေးတဲ့အချိန်မှာ လက်နက်ကြီး ကျည်ဆံက ရွာထဲကျသွားတယ်။ တလုံးက အိမ်ရှေ့မှာ။ တလုံးက အိမ်နောက်မှာ။ အဲဒီလိုမျိုးကျတဲ့အခါ ကျတော့ ကလေးလေး တယောက်နဲ့ သူ့အမေက ဒဏ်ရာ ရသွားတယ်။”
“Time မဂ္ဂဇင်းပါ မျက်နှာဖုံး အကြောင်းအရာကြောင့် အဲ့ဒီ ဇူလိုင်လထုတ် Time စာစောင်ကို ကျနော်တို့အနေနဲ့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ Time မဂ္ဂဇင်းရဲ့ တခြားစာစောင်တွေကို ပိတ်ပင်တာ မဟုတ်ပါဘူး။ ဒီအကြောင်းကိုလည်း ကျနော်တို့ ကုမ္ပဏီကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကျနော်တို့ သိမ်းဆည်းထားတဲ့ စာစောင်ရေဟာ ၄ ထောင်ရှိပါတယ်”
နောက်ထပ်ကြည့်ရှုရန်