“အခု လွှတ်တော်မှာတော့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဆိုပြီးတော့ ဥပဒေကြမ်းတခုလုပ်နေတယ်။ ဖျာပုံမဲဆန္ဒနယ်က တင်ထားတဲ့ ဥပဒေကြမ်းတခုပေါ့။"
“Technical Team ကို ဖွဲ့နိုင်ဖို့အတွက် ဆွေးနွေးပြီးတော့ စီစဉ်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ နောက်တကြိမ် တွေ့ဆုံဆွေးနွေးနိုင်ဖို့ကိုတော့ ဇူလိုင်လရဲ့ တရက်ရက်မှာတော့ ကျနော်တို့ အဲ့ဒီလထဲမှာတော့ ဖြစ်မယ်လို့ ကျနော်ကတော့ အဲ့လို ယုံကြည်မျှော်လင့်တာပေါ့လေ"
“ဒီလိုဖော်ပြခံရတဲ့အတွက် ကျနော်အနေနဲ့ စိတ်မကောင်းပါဘူး။ သတင်းမှာ ဖော်ပြချက်အရကတော့ ဗုဒ္ဓဘာသာတခုလုံးကို စော်ကားလိုက်သလိုပဲ ကျနော် အဲ့သလိုခံစားရတယ်။"
“လတ်တလောအခြေအနေတွေမှာ အသစ်ထပ်ပြီး လွှတ်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေကြောင့် ကျနော်တို့က ၁၃ ရက်နေ့တုန်းက ကုမ္ပဏီတွေ၊ အေဂျင်စီတွေကို မလေးရှားကို လွှတ်တဲ့ဟာလေးတွေကို လောလောဆယ် ဆိုင်းငံ့ထားပေးဖို့ နားလည်အောင် ကျနော်တို့ ပြောပြီးတော့ ခဏလောလောဆယ် ဆိုင်းငံ့ထားတာပါ။ လတ်တလော အခြေအနေတွေ တည်ငြိမ်ပြီးသွားတဲ့အခါကျရင် အခြေအနေအပေါ် မူတည်ပြီးမှ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”
"ဘုန်းတော်ကြီးကျောင်းမှာ ခဏ ခိုလှုံနေတဲ့ ၁၆ ယောက်နဲ့ နောက်ပြီးတော့ ဆေးရုံ တက်တဲ့ ၁ ယောက်ပေါ့လေ။ နောက်ထပ် ကျနော်တို့က ၈ ယောက် စုစုပေါင်း ၂၅ ယောက်ပေါ့လေ။ အဲ့ဒီ ၂၅ ယောက်က ဒီနေ့ MAI နဲ့ ပြန်သွားပါတယ်။ အခုလည်း မြန်မာပြည်ကို ကောင်းကောင်းမွန်မွန် ရောက်သွားတယ်လို့ ဖုန်းဝင်လာတယ်"
“ဒီမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးမယ်ပြောတယ်။ အဲဒီ ပြန်လွှတ်ပေးမယ့်ဟာကို သံရုံးက ပထမဦးဆုံးအကြိမ် ဒုက္ခရောက်တဲ့ဒေသမှာရှိတဲ့ ၁၆ ယောက်ကို ပထမဆုံး ပြန်လွှတ်ပေးမယ်။"
မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေ နေရပ်ရင်းကို အမြန်ဆုံးပြန်နိုင်ကြဖို့နဲ့ မပြန်သေးဘဲ ကျန်ရှိနေသေးတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေး ကာကွယ်စောင့်ရှောက်ပေးဖို့ မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားရေး ကူညီလှုပ်ရှားပေးနေသူတွေက မြန်မာနိုင်ငံက အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သံရုံးတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။
“လာမယ့် ၂၀ ရက်နေ့မှာ ကျနော်တို့ ဗဟိုကော်မတီဝင်တွေကို ခေါ်ထားပါတယ်။ နေပြည်တော်မှာ တနိုင်ငံလုံးက ဗဟိုကော်မတီဝင်တွေပေါ့ ဟုတ်ကဲ့။ နေပြည်တော်မှာ ၅ ရက်လောက် ကျနော်တို့ ဆွေးနွေးမှာပေ့ါလေ။ ကျနော်ကလည်း ဗဟိုကော်မတီဝင် တစ်ယောက်ဆိုတော့ ကျနော့်ကိုလည်း ဖိတ်ထားပါတယ်”
"ကျနော်တို့ အဓိကဖြစ်စေချင်တာက ဒီလုပ်ငန်းကို ဆက်ပြီးတော့ မလုပ်ခင်မှာ စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူမှုရေးကဏ္ဍပဲဖြစ်ဖြစ်၊ အဲ့ဒါ အကျိုးသက်ရောက်စေမယ့် ပြည်သူကို အကျိုးသက်ရောက်မှု ခံစားစေမယ်ဆိုတဲ့ဟာ ဆန်းစစ်တာမျိုး သူတို့ မလုပ်ရသေးပါဘူး"
“အဓိက က လုပ်ခလစာနည်းတာပဲ။ အခြေခံလစာက သတ်မှတ်ထားတာ သုံးသောင်းဝန်းကျင်ပဲ ရှိတယ်။ အဲဒီတော့ လုပ်ခလစာမလုံလောက်တော့ ဆန္ဒပြမှုတွေ ခဏခဏဖြစ်တယ်။"
ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည်တည်ထောင်ရေး ကောင်စီက ကိုယ်စားလှယ်တွေ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ပြောခွင့်ရက ပြောပါတယ်။
"နှစ်ပတ် သုံးပတ်လောက်အတွင်းမှာ KIO ရဲ့ Technical Team တစ်ဖွဲ့ မြစ်ကြီးနားကို လာဖို့ ပြင်ဆင်နေတယ်။ အဲ့ဒါပြီးရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီရဲ့ Technical Team နဲ့ မြစ်ကြီးနားမှာပဲ ကျနော်တို့ ဒါ အသေးစိတ်တွေ ဆွေးနွေးဖို့ ဆိုတဲ့ သဘောတူထားတာ ရှိပါတယ်"
"တကယ့် ပြုပြင်ပြောင်းလဲရေး ထိရောက်ဖို့ဆိုလို့ရှိရင် ထိရောက်တယ်လို့ ကျမတို့ ပြောနိုင်ဖို့ဆိုရင် ကျမတို့ ပြည်သူတွေရဲ့ဘဝဟာ တိုးတက်ရမှာပါ။ ပြည်သူတွေရဲ့ဘ၀ တိုးတက်ရေးအတွက် ကျမတို့အဖွဲ့ချုပ်က ဘာတွေလုပ်သလဲ။ ဘယ်လောက်အထိ စွမ်းဆောင်နေသလဲ ဆိုတာ အားလုံး ပြန်ပြီးတော့ သုံးသပ်ဖို့ လိုပါတယ်"
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲအတွက် ဒေသတွင်းမှာ မြန်မာစစ်တပ်ဘက် လုံခြုံရေးထူထူထပ်ထပ် ချထားပြီး ကချင်ကေအိုင်အိုဖက်ကလည်း ရှေ့ပြေးပွိုင့်တွေ ဝင်ရောက်နေပြီဖြစ်ပါတယ်။
"ပိတ်ဆို့မှုတွေ ဖြေလျှော့ဖို့ဆိုတဲ့နေရာမှာ တကယ်တမ်း တိုင်းပြည်ရဲ့တိုးတက်မှုအတွက် ဆိုရင် ကျနော်တို့အများကြီး ထောက်ခံပါတယ်။”
“အဓိက ကတော့ မင်းကိုနိုင် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ယူတဲ့ကိစ္စပေါ့နော်။ ဒီရောက်တဲ့အခိုက်မှာ မြန်မာမိသားစုတွေနဲ့ တွေ့မယ်။"
ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပြီး သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ကြုံနေရပါတယ်။
မဟာဆန်ဆိုင်ကလုန်းဟာ မေ ၁၆ ရက်မနက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွေကို ဝင်ရောက်လိမ့်မယ်လို့ မြန်မာ့ မိုး/ဇလ က ခန့်မှန်းထားပြီး ပြင်းအား အဆင့် (၂)၊ တနာရီ ၉၇ မိုင်နှုန်းနဲ့ တိုက်ခတ်မှာဖြစ်တယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်းစောင့်ကြည့်ရေးဌာနက ခန့်မှန်းထားပါတယ်။
အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည် လာနိုင်ခြေရှိတဲ့အတွက် ဒေသခံပြည်သူတွေ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့ ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်းသတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။
"ကျနော်တို့ဒေသမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးလုပ်ငန်းတွေ လာလုပ်တယ်။ ဒေသခံတွေကျတော့ အကျိုးမရှိတဲ့အပြင် ဒေသခံတွေဘက်က အကျိုးယုတ်တယ်။ အဲ့ဒီကိစ္စကို နိုင်ငံတော် သမ္မတကြီးထံကို ဒေသခံတွေရဲ့ ခံစားချက်တွေကို သိရှိစေချင်တယ်။ ကျနော်တို့ဘက်က ဒီလို မလုပ်လို့ရှိရင်လည်း ကျနော်တို့ဘက်က ကူညီဖြေရှင်းပေးနိုင်တဲ့သူ မရှိဘူး"
နောက်ထပ်ကြည့်ရှုရန်