“လာမယ့်တနင်္လာနေ့မှာ သူတို့ကို ရုံးချိန်းထားတယ်လို့ပြောတယ်။ သူတို့ကိုယ်တိုင်မှပဲ ဘယ်ပုဒ်မနဲ့ သူတို့ကို ရုံးတင်တယ်ဆိုတာ သိရလိမ့်မယ်။"
“ဝန်ကြီး ဦးအောင်မင်းက ကျနော်တို့ကို peace center မှာ ရှင်းပြတာကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးပွဲ ထပ်မံလုပ်ဖို့ အဆိုပြုလွှာ ပို့ထား တယ်။ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့တော့ အဆိုပြုလွှာ ပို့ထားပါတယ်”
“ကျနော်တို့ ၂၉ ရက်နေ့ကို စာတင်ထားတဲ့ဟာ ကျပြီပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ ၂၉ ရက်နေ့မှာ ဆန္ဒပြမယ်။ အယောက် ၅၀၀။ ကန့်သတ်အင်အား အယောက် ၅၀၀။"
“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။”
"အခု ဒီမှာ လေဆိပ်တွေ ဘာညာ အားလုံးပိတ်လိုက်ပြီလေ။ အခု လေယာဉ် အဝင်အထွက် မပေးတော့ဘူး။ လမ်းတွေ၊ မြေအောက်ရထား Subway တွေပါ ပိတ်ပြီလေ။ လူတွေက သွားလာဖို့ အခက်အခဲ ရှိပြီလေ"
မြန်မာပြည်သူတွေ အလုပ်အကိုင်ရရှိရေးဟာ အဓိက လိုအပ်ချက်ဖြစ်ပြီး အရေးတကြီး ဆောင်ရွက်ရမယ့်အချက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
"ပြည်သူလူထုကို သက်သေထားပြီး ဆောင်ရွက်ရင် ပိုပြီးမှ ကောင်းမယ်လို့ ကျမ မြင်ပါတယ်။ နိုင်ငံတကာက လာရောက်ပြီး နားထောင်မယ်ဆိုတာ လည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့မရောက်လို့ ဆွေးနွေးပွဲ မလုပ်နိုင်ဘူး ဆိုတာကတော့ ပြည်သူလူထုနဲ့ ဒုက္ခသည်တွေအတွက် နစ်နာပါတယ်"
ပုဂ္ဂလိကသတင်းစာတွေ စတင်ထုတ်ဝေပြီး ရက်ပိုင်းအတွင်းမှာပဲ စောင်ရေ တိုးထုတ်လာရတယ်လို့ ထုတ်ဝေသူတွေက ပြောပါတယ်။
"မြစ်ကြီးနား (သို့မဟုတ်) KIO ဘက်က သဘောတူတဲ့နေရာ ပြည်တွင်းမှာ လုပ်ဖို့ သူ့အနေနဲ့ အရင်ဆုံး အဆိုပြုထားတယ်ခင်ဗျ။ သူတို့ရဲ့ official reply letter ကို ဝန်ကြီး ဦးအောင်မင်း က စောင့်နေပါတယ်ခင်ဗျ"
"ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့သင့် တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန်ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ"
အကြမ်းဖက်ဆူပူမှုတချို့ရှိနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိထ္ထီလာမြို့နဲ့ ပဲခူးတိုင်း အနောက်ခြမ်းကမြို့နယ်တွေမှာ အခြေအနေတွေဟာ အနည်းငယ်ငြိမ်သက်သွားပြီလို့ ဆိုနိုင်ပေမဲ့ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်နေရဆဲအနေအထားမှာရှိနေတယ်။
"၃ ခုကတော့ ဧပြီလ ၁ ရက်နေ့ ထွက်မယ်လို့ တရားဝင် ကြေညာထားတာရှိတယ်။ သို့သော် တော်တော်များများကတော့ ဧပြီ ၁ ရက်နေ့ ထွက်နိုင်မယ် မထင်သေးဘူး။"
မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။
"ဒီခေတ်နဲ့ လျော်ညီစွာ အခြေခံဥပဒေကို ပြန်ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်တဲ့အတွက် ကျနော်တို့ ပါတီက တင်တာလို့ ကျနော် ထင်မြင်ယူဆပါတယ်"
အင်းလျားကန် တံတားနီအရေးအခင်းမှာ ထိခိုက်သေကျေပျောက်ဆုံး ခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့သမိုင်းကို ထုတ်ဖော်ဖို့လိုတယ်လို့ ၈၈ မျိုးဆက်တွေက ပြောပါတယ်။
"တရုတ်က စဉ်းစားတာက အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ကို လှည့်လာတဲ့ မျှားဦးဟာ သူ့တို့ ဘက် လှည့်တာလို့ တွက်တယ်လေ။ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ လာတယ်လို့ တွက်တယ်။ အဲ့ဒါကြောင့်မို့လို့..."
ဥရောပခရီးစဉ်အတွင်း ဖင်လန်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ကို ဖင်လန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီ ယာဉ်တန်းတွေ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံက မြန်မာ စက်ရုံအလုပ်သမား ၂ ထောင်ကျော်ဟာ လစာတိုးရေး ဆန္ဒပြနေတာ ၁ ပတ်ရှိနေပြီး မြန်မာပြည်ကို ပြန်ပို့ခံရနိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်