ပြင်သစ်သမ္မတရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ အကြံပေး အပါအဝင် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် ဘယ်လို အထောက်အကူ ပြုနိုင်မလဲဆိုတာတွေကို ဆွေးနွေးခွင့်ရခဲ့တယ်လို့ ချင်းတိုးတက်ရေး ပါတီရဲ့တွဲဖက်အတွင်းရေးမှူး (၃) မချယ်ရီဇာဟောင်းက ပြောပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့သလို ဘေဂျင်းမြို့တော်အပြင်၊ ရှန်ဟိုင်း၊ ကူမင်း၊ မဟာတံတိုင်းကြီးဆီကို သွားရောက်လေ့လာခဲ့ပြီး ဒီခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်ကရော NLD ဘက်ကပါ ထဲထဲဝင်ဝင် သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
ဧပြီ ၃၊ ၂၀၁၅ - မတူကွဲပြားမှုတွေကို စနစ်တကျညှိနှိုင်းကြဖို့လိုအပ်ပြီး ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ အယူအဆတွေကိုလည်း အမှန်အတိုင်း နားလည်လက်ခံကြဖို့လိုအပ်တယ်။ အသေးစိတ်ကို ဦးဟန်ယောင်ရွှေ နဲ့ ကိုဇော်ဝင်းလှိုင်တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
အမေရိကန်သမ္မတ Obama ဟာ YSEALI ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့အစီအစဉ်နဲ့ ရောက်နေကြတဲ့ မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေနဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအရေးကိုလည်း အလေးပေး ပြောကြားသွားခဲ့ပါတယ်။
မေ ၂၄၊ ၂၀၁၅ - လွှတ်တော်ထဲမှာ ဆွေးနွေးနေကြတဲ့ ပညာရေးဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို ကျောင်းသားပြည်သူတွေ လိုလာတဲ့အတိုင်းဖြစ်အောင် ကြိုးပမ်းနေတဲ့ အခြေအနေတွေအပြင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အကြောင်းကို ကိုဇော်ဝင်းလှိုင်က ဒေါက်တာသိန်းလွင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြန်မာနိုင်ငံကလို့ဆိုတဲ့ရိုဟင်ဂျာတွေ အရှေ့တောာင်အာရှနိုင်ငံတွေဆီ လှေစီးပြေးရောက်လာနေတဲ့ ပြဿနာဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်တယ်လို့အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောလိုက်ပါတယ်။
အင်တာနက်ကတဆင့် ရောင်းဝယ်ရေးလုပ်ငန်းတွေ လွယ်ကူလာတာနဲ့ ဝယ်ယူသုံးစွဲသူတွေ များပြားလာတာတွေကြောင့် အရှေ့တောင် အာရှတိုက် အတွင်း စိတ်ကြွဆေး တရားမဝင် မှောင်ခိုကူးမှုတွေ များပြားလာနေတဲ့အကြောင်း ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံက ပြောပါတယ်။
"ဒီတိုင်းပြည် သာယာဝပြောဖို့အတွက် ငါ့ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့ပြီးပြီ။ ငါလုပ်စရာ ဘာမှ မကျန်တော့ဘူး။ အဆုံးသတ်မှာ ငါ ဘာပြန်ရခဲ့သလဲ? …. အောင်မြင်တိုးတက်တဲ့ စင်္ကာပူနိုင်ငံကို ရခဲ့တယ်။ ငါ့အနေနဲ့ ဘာတွေ ပေးဆပ်ခဲ့သလဲ?...... ငါ့ဘဝကို ပေးဆပ်ခဲ့တယ်။” (မစ္စတာလီကွမ်ယု)
ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ပုဒ်မတပ် တရားစွဲဆိုခြင်းမရှိဘဲ ၂၄ နာရီကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
ဖမ်းဆီးခံ ကျောင်းသား၊ ကျောင်းသူတချို့ကို ကြာသပတေးနေ့က ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့လည်း ညဘက်မှာ ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက်ထောက်တချို့ကို ဧည့်စာရင်းစစ်မယ်ဆိုပြီး အာဏာပိုင်တွေက ရန်ကုန်မြို့၊ အလုံမြို့နယ်အတွင်းက သူတို့နေတဲ့ တိုက်ခန်း ပတ်ပတ်လည်ကို ဝိုင်းပြီးဖမ်းလိုက်ပါတယ်။
MPC ငြိမ်းချမ်းရေးစင်တာမှာ မတ်လ ၁၆ ရက်နေ့စမယ့် UPWC - ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနဲ့ NCCT-တနိုင်ငံလုံး အပစ်ရပ်အဖွဲ့တို့ ဆွေးနွေးပွဲအပြီး ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရနဲ့ တပ်မတော် အကြီးအကဲတွေကြား နေပြည်တော်မှာ တွေ့ဆုံနိုင်ဖို့ စီစဉ်နေပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဆွေးနွေးနေကြတဲ့ အချက်အလက်တွေ မပြေလည်သေးသရွေ့ အစိုးရဘက်မျှော်လင့်နေသလို ဖေဖော်ဝါရီ ၁၂ ရက်မှာ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်မှာမဟုတ်ဘူးလို့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ကျဆင်းသွားပြီး လွန်ခဲ့တဲ့ ၃ နှစ်တုန်းက စတင် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေ ရရှိထားတဲ့ တိုးတက်မှုတွေဟာလည်း နောက်ပြန် လှည့်သွားနေပြီလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၈၊ ၂၀၁၅ - မြန်မာနိုင်ငံအတွင်း စစ်တပ်၊ အစိုးရ သိမ်းဆည်းလယ်ယာတွေ ပြန်လည်ရရှိရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ မစုစုနွေးကို ကိုဇော်ဝင်းလှိုင် က ရန်ကုန် ဗွီအိုအေရုံးမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီဇင်ဘာလ ၂၅၊ ၂၀၁၄ - မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ စစ်ဖက်က အပေါ်စီးယူထားတာကို ပြောင်းလဲဖို့ ခက်ခဲနေကြောင်း ဦးအောင်ခင်နဲ့ ကိုဇော်ဝင်းလှိုင်က သုံးသပ် တင်ပြထားပါတယ်။
ဒီဇင်ဘာ ၁၈၊ ၂၀၁၄ - မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေ ဖြစ်ပွားနေတာ အနှစ် (၆၀) ကျော်လာပေမယ့် အရေးယူမယ့်သူမရှိ ဖြစ်နေပါတယ်။ စစ်တပ်ရဲ့ ပြစ်မှုတွေမှာ တာဝန်အရှိဆုံးဟာ စစ်ခေါင်းဆောင်သာဖြစ်ကြောင်း ဦးအောင်ခင် နဲ့ ကိုဇော်ဝင်းလှိုင်တို့က သုံးသပ်တင်ပြထားပါတယ်။
ဒီဇင်ဘာ ၁၁၊ ၂၀၁၄ - ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနေတာကို ဦးအောင်ခင် နဲ့ ကိုဇော်ဝင်းလှိုင်တို့က တင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေအရေနဲ့ စစ်ရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍစုံကိစ္စရပ်တွေ ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် အရေးပါတဲ့ ပွဲတော်တခုဖြစ်တဲ့ ချင်း နှစ်သစ်ကူးပွဲတော်ကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာရောက်နေကြတဲ့ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားတွေ စုစည်းပြီး Maryland ပြည်နယ် Frederick မြို့မှာ ကျင်းပနေကြပါတယ်။
သြဂုတ် ၂၄၊ ၂၀၁၄ - အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ လူထုအခြေပြု၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်ရင် ပိုကောင်းမယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂမ်ဘရွန်အောင်ခမ်း ပြောဆိုပါတယ်။ VOA ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်