"တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေလုပ်ဆောင်ပြီး သတင်းထောက်တွေနဲ့ တခြားလူတွေကို လိုက်လံ ဖမ်းဆီး အပြစ်ပေးနေတယ်။ ဒါကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတာက - မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဖက်ကို ဦးတည်လျှောက်လှမ်းနေသလား . . ။ မသွားပါဘူး၊ မှန်ကန်တဲ့ဘက်ကို ဦးတည်သွားမနေပါဘူး။ " (Amnesty International)
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်မှသာ ဖြစ်နိုင်မယ် နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို လျော့ချဖို့လိုအပ်ပြီး နှစ်ဖက် ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့ ကချင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။
"မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုတယ်ဆိုရင် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်သင့်ပါတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တယောက်အနေနဲ့ ကျနော် ပြောချင်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီ-မွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး တည်ဆဲ ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဝိုင်းဝန်းတောင်းဆိုနေတဲ့ နိုင်ငံတကာအဖွဲ့တွေက ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေကြောင်း သမ္မတရုံးညွန်ကြားရေးမှူးက ပြောပါတယ်။
အစိုးရဝန်ထမ်းလစာကို ၂ သောင်းစီတိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်ထားပြီး အတည်ပြုချက်ကျရင် လာမယ့် ဧပြီလကစပြီး တရားဝင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရေးအတွက်လည်း အစိုးရက ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ မြန်မာပြည်ဘက်ကိုပြန်ပြီး ဗီဇာသက်တမ်းတိုးမှ အလုပ် ပြန်လုပ်ခွင့်ရမယ်ဆိုတဲ့အချက်ကို ကောင်းကောင်းနားမလည်ကြဘဲ ကြိုတင်ပြင်ဆင်မှု အားနည်းတာတွေနဲ့ ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကလည်း သက်တမ်းတိုးရေးမှာ အခက်တွေ့စရာဖြစ်နေပါတယ်။
HRW အဖွဲ့နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင် Unity ဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
ဒိန်းမတ်နိုင်ငံက အမျိုးသမီးလိင်ပိုင်ဆိုင်ရာ ပညာပေးလုပ်ငန်း၊ မိသားစုစီမံကိန်းလုပ်ငန်း၊ HIV နဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်များ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်မယ့် ဆေးခန်းတခုအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ညီတဲ့ ဒိန်းမတ် ခရိုနာ ၈၅ သန်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက တရားဝင် ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ပေါ်စခန်းက ဒုက္ခသည်တွေဟာ စိုးရိမ်ပူပန်စရာ အနေအထားမှာရှိနေတဲ့အတွက် အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့၊ စခန်းအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီပေးတဲ့နေရာမှာလည်း ဒေသခံတွေရဲ့ နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်ရှိ နိုင်ငံတကာသံရုံးတွေက ပူးတွဲကြေညာလိုက်ပါတယ်။
ဒီဇင်ဘာ ၂၂၊ ၂၀၁၃ - HIV/AIDS ရောဂါများအပြင် တခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ HIV/AIDS ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောဆိုလိုက်ပါတယ်။
မြန်မာအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ်မှာ အုပ်စု (ဘီ) က မြန်မာအသင်းရဲ့ နောက်ဆုံးပွဲစဉ်မှာ အင်ဒိုနီးရှားနိုင်ငံကို မြန်မာက ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲပေါင်းစုံမှာ ရွှေတံဆိပ် ၅၀-၆၀ အထိ ရနိုင်ကြောင်း အားကစားကလောင်ရှင်တစ်ဦးက ခန့်မှန်းပါတယ်။
ထိုင်းနိုင်ငံတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် သူ့အနေနဲ့ ဘက်ပေါင်းစုံက အသံတွေကို နားထောင်ပြီးတဲ့နောက် လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင့်နန်းတော်ကို ခွင့်တောင်းလိုက်တဲ့အကြောင်း ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါက ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ကြေညာလိုက်ပါတယ်။
ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတိုင်း ကလေးစစ်သားတွေမရှိစေရေး - ဆောင်ရွက်နေပါတယ်လို့ မြန်မာအစိုးရနဲ့ စစ်တပ်တာဝန်ရှိသူတွေက ပြောကြားနေပေမဲ့ အခုထိ မြန်မာပြည်တွင်းမှာ အိမ်ပြန်မရောက်သေးတဲ့ ကလေးစစ်သားတွေ ရှိနေသေးတဲ့အကြောင်း မိသားစုဝင်တွေက ပြောနေကြဆဲဖြစ်ပါတယ်။
"၁၉၉၈ ခုနှစ်လောက်က ကျမတို့အနေနဲ့ နဝတနဲ့ NLD တွေ့ဆုံဖို့၊ ဆွေးနွေးဖို့ဆိုပြီးတော့ တောင်းဆိုတဲ့အခါမှာ ဒီလိုသဘောမျိုးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပါတီပေါင်း ၂၀၀ ကျော်ရှိတာမှာ တစ်ပါတီတည်းနဲ့တွေ့လို့ မသင့်တော်လို့ စသဖြင့်ပေါ့နော်- တကယ်တော့ မတွေ့ချင်လို့ မတွေ့တာလို့ပဲ ဒီလိုပဲ ပြောရမှာပဲ။” (ဒေါ်အောင်ဆန်းစုကြည်)
"ကြိုးနီစနစ်ကိုလည်း တိုက်ဖျက်နေပြီဖြစ်သလို၊ အစိုးရ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ခေတ်မှီပြုပြင်ပြောင်းလဲရေးတွေ၊ တရားစီရင်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူမှုစနစ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။" သမ္မတဦးသိန်းစိန် အဖွင့်မိန့်ခွန်း-
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ လူထုကိုအကျိုးပြုတဲ့၊ စစ်မှန်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုးဖြစ်အောင်၊ စစ်မှန်တဲ့အစိုးရတစ်ရပ် ပေါ်ထွန်းလာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့လိုတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုဝင်ဘာ ၁၀၊ ၂၀၁၃ - လက်ရှိ ဆောင်ရွက်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများအပေါ် ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာရဲ့ အမြင်ကို မေးမြန်းတင်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ဘုံသဘောတူညီချက် (၁၁) ချက်ကို မူအရ ကန့်ကွက်စရာမရှိဘူးဆိုပေမဲ့ ပထမနေ့အစည်းအဝေးကတော့ သဘောတူညီချက် မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
နိုဝင်ဘာ ၃၊ ၂၀၁၃ - (၂၅) နှစ် တော်လှန်ရေးခရီးကြမ်း ဖြတ်သန်းခဲ့တဲ့ ABSDF အဖွဲ့ရဲ့ လက်ရှိ နဲ့ အနာဂတ်ဆိုင်ရာများကို ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကို တွေ့ဆုံမေးမြန်း ...
နောက်ထပ်ကြည့်ရှုရန်