မေ ၆၊ ၂၀၁၈ - အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးကျော်ဇင်ဦး ကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာအစိုးရသစ်လက်ထက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက မျှော်လင့်ထားသလောက် ပေါ်မလာတဲ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရဆဲ ဖြစ်တယ်လို့ အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးကျော်ဇင်ဦးကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ဧပြီလ ၃၀ ရက်နေ့က အသေခံဗုံး ဖောက်ခွဲမှုကြောင့် သတင်းထောက် ၁၀ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံတချို့မှာ သတင်းယူဖို့ သတင်းထောက်တွေအတွက် ဘယ်လောက် အန္တရယ်ရှိတယ်ဆိုတာကို ပြသ လိုက်တာလည်း ဖြစ်ပါတယ်။
ဧပြီ ၃၀၊ ၂၀၁၈ - အစိုးရရဲ့ မူဝါဒ သိပ်ပြောင်းလဲတာမရှိလို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးကျော်သောင်းကို ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရပြောင်းသွားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ အစိုးရရဲ့ မူဝါဒ သိပ်ပြောင်းလဲတာမရှိလို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဦးကျော်သောင်းကို ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
အမေရိကန်အစိုးရရဲ့မြောက်ကိုရီးယားနဲ့ အီရန်တို့က နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ်တွေဟာ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း အသေးစိတ်စောင့်ကြည့်ခံရဖို့ ရှိနေပါတယ်။ Greta Van Susteren က Plugged In အစီအစဉ်မှာ မေးမြန်းထားတာကို Robert Raffaele က သတင်းပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။
ဧပြီ ၂၂၊ ၂၀၁၈ - လက်ဖက်စိုက်တောင်သူ၊ ကုန်သည်တွေအတွက်လည်း ရေရှည်မှာ အကျိုးများစေမယ့်လို့ လက်ဖက်ရညလုပ်ငန်းတာဝန်ခံတဦးက ပြောပါတယ်။ တာဝန်ခံ ဒေါ်ညိုညိုစိန် ကို ဦးဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာ့မူပိုင်အစားအစာ လက်ဖက် နိုင်ငံတကာဟင်းလျာတွေထဲ ရောက်အောင်လုပ်နိုင်မှ နိုင်ငံစီးပွားရေးအထောက်အကူရမယ့်အပြင် လက်ဖက်စိုက်သူတွေ ကုန်သည်တွေအတွက်လည်း ရေရှည်မှာ အကျိုးများမယ်လို့ လက်ဖက်လုပ်ငန်းတာဝန်ခံတဦးက ပြောပါတယ်။ ဒေါ်ညိုညိုစိန်ကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီကနေ့ဟာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ရဲ့ ပထမ အကြိုနေ့ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့တော်ဝန် ရေကစားမဏ္ဍပ်မှာ ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးအပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အနုပညာရှင်၊ ဂီတပညာရှင်တွေ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးဝင်းမြင့်ကို သီတင်းတပတ်အတွင်း အောင်အောင်မြင်မြင် ရွေးချယ်တင်မြှောက်နိုင်ခဲ့ပါတယ်။ ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ ကြွေးကြော်ခဲ့တဲ့ NLD အစိုးရဟာ သမ္မတသစ်လက်ထက်မှာ တကယ်ပဲ ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ပါ့မလား။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဧပြီ ၁၊ ၂၀၁၈ - မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းတွေဟာ ကုန်ကျစားရိတ်များပြီး အခြေခံလူတန်းစားတွေ မတက်နိုင်တဲ့အတွက် သူတို့တွေအတွက် ပရဟိတစာသင်ကျောင်းတွေ ဖွင့်ပေးထားသလို သပြေပညာရေးဖောင်ဒေးရှင်းကတော့ အဲဒီလိုကျောင်းဖွင့်ထားပြီး ပညာပေးဝေနေတာပါ။ ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။
ဒီမိုကရေစီ စံနှူန်းအရ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေ ရှိပေမယ့်လည်း တပ်မတော်ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျအောင် အခြေအမြစ်မရှိဘဲ ပြောဆို ရေးသားမှူတွေကို သတိတရားနဲ့ယှဉ်ပြီး တုန့်ပြန်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က ဒီကနေ့ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ သတိပေး ပြောကြားလိုက်ပါတယ်။
မတ် ၂၅၊ ၂၀၁၈ - မြန်မာသံစဉ်သီဆိုတဲ့ မျိုးဆက်သစ်တွေ အားတက်စေဖို့ဆိုတဲ့ စိတ်ကူးတွေနဲ့ မြန်မာနိုင်ငံမှာ ခေတ္တရောက်ရှိနေတုန်း ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင် က ဒေါ်မာမာအေးကို တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အဆိုတော်ဒေါ်မာမာအေးဟာ မြန်မာသံစဉ်တွေကို ပရိတ်သတ်မေ့မသွားအောင်နဲ့ မြန်မာသံစဉ်သီဆိုတဲ့ မျိုးဆက်သစ်တွေ အားတက်စေဖို့ဆိုတဲ့ စိတ်ကူးတွေနဲ့ မြန်မာနိုင်ငံမှာခေတ္တရောက်ရှိနေတုန်း ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မတ် ၁၁၊ ၂၀၁၈ - ငြိမ်းချမ်းရေးတေးသံရှင်လို့လည်း နာမည်တွင်တဲ့ ကိုမွန်းအောင်ဟာ အခု အမိမြေကို ပြန်လည်ရောက်ရှိနေပြီး သူချစ်မြတ်နိုးတဲ့ ဂီတ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၈ - နိုင်ငံတိုးတက်ရေး နှေးကွေးနေရတယ်လို့ ရှစ်ဆယ့်ရှစ်မှာ တောခိုသွားရာကနေ တတိယနိုင်ငံရောက်သွားရှိပြီး အခုမှမြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ဒေါက်တာမန်းမြင့်ဆိုင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေကြား ညီညွတ်မှုမရသေးတာ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လူမှန်၊နေရာမှန် မဖြစ်တာတွေကြောင့် နိုင်ငံတိုးတက်ရေးနှေးနေရတယ်လို့ ၈၈ မှာ တောခိုသွားရာကနေ တတိယနိုင်ငံရောက်သွားပြီး အခုမှမြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ဒေါက်တာမန်းမြင့်ဆိုင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ရှမ်းပြည်နယ် လားရှိုးမြို့မှာရှိတဲ့ ရိုးမဘဏ် ဗုဒ္ဒဟူးနေ့က ပေါက်ကွဲဖြစ်သွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပြင် စစ်တပ်နဲ့ စစ်တိုင်းအဖွဲ့တို့ကပါ စုံစမ်း စစ်ဆေးမှုတွေံမှာ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ လားရှိုးမြို့နယ် ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုပြီး ပြည်ထောင်စုရယ်လို့ ပေါ်ပေါက်ခဲ့တာ ၇၁ နှစ် ပြည့်သွားပေမယ့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ မြေပြန့်နေ ပြည်သူတွေအကြား ကွာဟချက်တွေ ကြီးမားစွာ ရှိနေဘဲလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား လူငယ်ခေါင်းဆောင်တွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ အလုပ်အကိုင်
နောက်ထပ်ကြည့်ရှုရန်