ထုတ်လုပ်မှုကနေစွန့်ပစ်တဲ့အထိ ပလတ်စတစ်သံသရာတခုလုံးကိုခြုံငုံနိုင်မယ့် ကုလသမဂ္ဂရဲ့ သမိုင်းဝင် သဘောတူညီမှုတရပ်ရဖို့ နီးကပ်လာချိန်မှာ အင်ဒိုနီးရှားက လူငယ်တွေလည်း ပလတ်စတစ်အမှိုက်ကင်းစင်ရေး အသိပညာပေးလှုပ်ရှားမှုတွေ လုပ်ကိုင်နေကြပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာ စက်တင်ဘာလတွင်းကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်အထွေထွေညီလာခံမှာရော သီးခြားဆက်စပ်ဆွေးနွေးပွဲတွေမှာပါ သဘာဝပတ်ဝန်းကျင်အရေးက အဓိကနေရာယူခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ဥတုရာသီရေးရာ လှုပ်ရှားမှုတွေအကြောင်း ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်နိုင်ရေးအတွက် မသန်စွမ်းသူတွေကို ကြိုတင် ပြင်ဆင်ပေးတာမျိုး ကမ္ဘာတဝန်းလုံးမှာ လစ်ဟင်းနေတာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဆန်းစစ်မှုတွေမှာ တွေ့ရပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာ မနေ့မနက် အစောပိုင်းကတည်းက စစ်ကောင်စီတပ် ရွာတွေထဲ ဝင်ရောက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒေသခံတချို့ကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ကုလသမဂ္ဂရဲ့ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေပြည့်မှီနိုင်ရေး အေကာင်အထည်ဖော်ေဆာင်ရွက်မှုတွေမှာလူငယ်ထုရဲ့အခန်းကဏ္ဍကအက္ခရာကျလာပါတယ်။ညီလာခံမှာ စကားပြောဖို့ဖိတ်ကြားခံရတဲ့ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူကိုဟိန်းထက်ဦးကို ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။
"အမှိုက်ပုံနားက ဗုံးသီးတလုံးရတယ်ပြောတယ်။ သေသွားတဲ့ကောင်လေးက အဲဒါကို ခဲနဲ့ထုတာ။ ဘေးက ကောင်လေးက မထုဖို့တားသေးတယ်။ ဒါပေမယ့် ဟိုကောင်က ထုတော့ပေါက်ကွဲသွားတယ်လေ။ ကလေးသုံးယောက် ဒဏ်ရာရတယ်။ တယောက်ကတော့ ဆုံးသွားတယ်။” (စခန်းတာဝန်ရှိသူတဦး)
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ဟာ အာဖဂန်ပြည်သူတွေရဲ့အသံကို ကမ္ဘာကပိုကြားလာအောင် ပြည်တွင်းကနေလုပ်ကိုင်နေချိန်မှာ မြန်မာသံအမတ်ကြီးကတော့ ပြည်ပကနေပဲ သံတမန် နည်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့အခြေအနေကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။
အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရတွေကိုဖယ်ရှားပြီးအုပ်ချုပ်နေကြတဲ့အာဏာရှင်တွေကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်မပြုသလို နှစ်နိုင်ငံစလုံး သန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်း လူသားချင်စားနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယဘက်ကိုဦးတည်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ လေစီးကြောင်းကြောင့် မြန်မာနိုင်ငံတဝန်း စက်တင်ဘာလအလယ်မှာ မိုးကြီးလေပြင်းတဲ့ဒဏ် ခံရနိုင် တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
“ယင်းမာပင်မှာ လေကြောင်းတိုက်ခိုက်မှုတခုလုပ်သွားတာ ဟုတ်ပါတယ်။ ပစ်တာက အလောင်းတော်ကဿပ တောင်ကြောပေါ်က ပွင့်ကြီးစခန်းကိုဝင်ပစ်တာ။ တိုက်ပွဲမရှိဘူး။ ဘာမှထိတွေ့မှုမရှိဘူး။ အဲ့နေရာမှာ စစ်တပ်လည်းမရှိဘူး။ရဲဘော် တပ်စုမှူးတယောက်ကတော့ လက်ကောက်ဝတ်ကို ကျည်ထိသွားတယ်။" (ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်)
မိုခါမုန်တိုင်းဘေးသင့်တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်မှတ်တမ်း တင်ရိုက်ကူးခဲ့သူ Myanmar Now ဓါတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို တောင်ဒဂုံမြို့နယ်စစ်ခုံရုံးက ပထမဆုံးရုံးချိန်းမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
တောင်အာရှနိုင်ငံက ကလေးငယ်တွေဟာ အခြားဒေသက ကလေးတွေထက်ပြင်းထန်လှတဲ့အပူချိန်နဲ့ ပိုမိုရင်ဆိုင်နေကြရပါတယ်။ကမ္ဘာ့အပူချိန်တိုးလာနေတဲ့အချိန်မှာ ဒေသတွင်းသန်းနဲ့ချီတဲ့ကလေးငယ်တွေရဲ့အသက်ဘေးနဲ့ ရှေ့အနာဂတ်အတွက် ခြိမ်းချောက်မှုတွေ ဖြစ်လာပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
"စပါးပေါ်တဲ့အချိန်ပိတ်ရင်တော့ လယ်သမားအတွက်က စျေးနှိမ်ခံရတယ်။ သူတို့က လယ်သမားလက်ထဲကစပါးလည်း ကုန်လည်းကုန်ရော export ဖွင့်လိုက်ရင် ကုန်သည်တွေက နှစ်ဆသုံးဆ မြတ်ကုန်တာပဲပေါ့ဗျာ။ အရှုံးခံပြီးတော့ ရောင်းမှာမဟုတ်ဘူး။ အပိတ်အဖွင့်က သူတို့ ကစားနေတယ်။" (ဧရာဝတီတိုင်း တာဝနခံ- တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်)
"ချွေးမဖြစ်သူနဲ့ မိန်းမဖြစ်သူကို ပြန်လွှတ်ထားခဲ့ပါတယ်။ သမီးဖြစ်သူနဲ့ ဖအေဖြစ်သူကိုတော့ သတ်သွားပါတယ်။ ဒီမနက် သဂြိုဟ်လိုက်ပါပြီဗျ။ ပြီးတော့ ကျီးကန်တောင်ရွာက ကလေးတယောက်ကိုလည်း သတ်သွားတယ်။ တခြားသော ကျီးကန်မြောက်ရွာသား အသက် ၅၆ နှစ်အရွယ် ဦးဟန်ရွှေအေးကိုလည်း သတ်သွားပါတယ်။”(ဒေသခံ)
ကမ္ဘာ့ပူနွေးမှုတိုးလာတာနဲ့အမျှ သဘာဝဘေးဒဏ်တွေလည်း ရှောင်လွှဲလို့မရနိုင်တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့လူ့အသက်သေဆုံးမှု နည်းအောင်ကာကွယ်နိုင်မယ့် ကြိုတင်သတိပေးစနစ်တခုကို ကုလသမဂ္ဂက ဦးဆောင်ကြိုးပမ်းနေပါပြီ။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၁ ရက် မနက်ပိုင်းကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ရေဦးမြို့နယ်ထဲက ကျေးရွာ ၇ ရွာလောက်က လူဦးရေ ၁ သောင်းနီးပါးက စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
“စစ်ကြောင်းထွက်တာကတော့ ၁၃ ရက်နေ့ကထွက်တာ။ ၈ လပိုင်း ၁၃ ရက်နေ့က ထွက်လာတာပေါ့။ ၁၃ ရက်နေ့ကထွက်ပြီးတော့မှ ရွှေကျင်းက လုပ်သားတွေကို ဓားစာခံအနေနဲ့ ခေါ်သွားပြီးတော့ ယောက်ျားလေး ၆ ယောက်ကို သတ်ထားခဲ့တာ။ မိန်းကလေး ၇ ယောက်ကိုက ပြန်လွှတ်လိုက်တယ်။" (ဒေသခံတဦး)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ ဘက်က ကျေးရွာတွေရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
ကမ္ဘာ့အပူအအေးမျှတအောင်ထိန်းညှိပေးနေတဲ့ အန္တာတိကဒေသဟာ အပူပေးစက်လို အသွင်ပြောင်းလာတာအလွန်စိုးရိမ်စရာကောင်းနေပြီလို့သိပ္ပံပညာရှင်တွေကပြောပါတယ်။ အပူချိန်တွေဆက်မြင့်တက်နေမယ်ဆိုရင် ဇီဝဂေဟစနစ်တွေ အကြီးအကျယ်ပျက်စီး သွားလိမ့်မယ် လို့လည်းသတိပေးပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်