မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့လုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စု က သတ်မှတ်လိုက်တာကြောင့် တာဝန်ယူ တာဝန်ခံမှုနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေ အရှိန်မြင့်လာခြေ ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့ကို ဒီကနေ့ထွက်ခွာမှာဖြစ်ပြီး မြောက်အတ္တလန်တိတ် စာချုပ် NATO မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ၊ ဥရောပမဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ပိုလန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက သံတမန် ၄၅ ယောက်ဟာ သူလျှိုတွေအဖြစ် လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့အကြောင်း ပိုလန် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။
စစ်အင်အားကြီး ရုရှားနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံငယ်တွေဖြစ်တဲ့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယား သုံးနိုင်ငံဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေချိန်မှာပဲ သူတို့နိုင်ငံတွေမှာ NATO စစ်အင်အား တိုးချဲ့ချထားဖို့ တွန်းအားပေးနေကြပါတယ်။
မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်ကြာမယ်၊ မြန်မာ့အကျပ်အတည်းကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းတခုထဲအတွင်း ဒါမှမဟုတ် လက်ရှိအလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် Prak Sokhonn ကပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် အမုန်းစကားနဲ့ အကြမ်းဖက်ဖို့လှုံ့ဆော်ချက်တွေပါတဲ့ ကြော်ငြာချက်တွေကို Facebook က ထိန်းချုပ် ဖြတ်တောက်မှုမလုပ်နိုင်ခဲ့ဘူးလို့ Global Witness အဖွဲ့က ပြောပါတယ်။
မြေပြင်တပ်မှူးတွေကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ မြန်မာစစ်တပ် တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့ Australia နိုင်ငံမှာ တရားစွဲဆိုဖို့ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့နှစ် အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လေထုညစ်ညမ်းမှုအဆင့် စံချိန်တင်ခဲ့တယ်လို့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးစစ်ဆေးတဲ့ IQAir အဖွဲ့ လေ့လာချက်တွေက ဖော်ပြပါတယ်။
အမေရိကန်ရဲ့ အကျိုးစီးပွါးတွေကို ဆိုက်ဘာတိုက်ခိုင်မှုလို့ ခေါ်တဲ့ အင်တာနက် ကနေ ဆန့်ကျင် တိုက်ခိုက်နိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပြီး မြင်သမျှလူကို “ပစ်” လို့ အမိန့်ပေးခဲ့တာကိုလည်း ထွက်ပြေးလာတဲ့ စစ်သားတယောက် ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဝန်ကြီးက တင်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ ဒီနေ့ရောက်လာပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ “ပထမဆုံးခြေလှမ်း” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ခရီးသည် ၁၃၃ ဦးတင်ဆောင်လာတဲ့ China Eastern တရုတ် လေကြောင်းလိုင်းက Boeing 737 ခရီးသည် တင် လေယာဉ်တစင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဇီပြည်နယ်ထဲက တောင်တန်းတွေပေါ် ဒီကနေ့ ပျက်ကျသွားတယ်လို့ အစိုးရပိုင်သတင်းဌာနကကြေညာပါတယ်။
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်မှုကို တနင်္လာနေ့မှာ ပြောကြားဖို့ရှိတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း အာစနီမုန်တိုင်း အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးထဲက မအူပင် အပါအဝင် မြို့နယ်အတော်များများမှာ မနေ့ တနင်္ဂနွေ ညနေပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖနွမ်းပင်မြို့တော်မှာ တွေ့ဆုံဆွေးနွေးပွဲကို မနေ့ တနင်္ဂနွေနေ့က စတင်ခဲ့ပါတယ်။
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ တနင်္လာနေ့ စတင်မှာဖြစ်ပါတယ်။
ယူကရိန်းမှာ ရုရှားဆင်နွှဲနေတဲ့ စစ်ပွဲဟာ အဓိပ္ပာယ်မဲ့တဲ့ လူအစုလိုက် သတ်ဖြတ်မှုအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုရှုတ်ချလိုက်ပြီး ဒီစစ်ပွဲ အဆုံးသတ်သွားအောင် နိုင်ငံတကာက လုပ်ဆောင်ကြဖို့ ပန်ကြားလိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အသင့်ဖြစ်နေကြောင်း၊ ဒါပေမယ့် တကယ်လို့ သဘောတူညီချက် တစုံတရာ မရခဲ့ဘူး ဆိုရင်တော့ ဒါဟာ တတိယကမ္ဘာစစ်ဖြစ်မယ့် သဘောပဲလို့ သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်အမြောက်အမြား ပစ်နိုင်တဲ့ ပစ်စင်ကိုသုံးပြီး ဒုံးကျည်တစင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်