ဗြိတိန်နိုင်ငံမှာ စတုတ္ထမြောက် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မယ်လို့ NHS အမျိုးသားကျန်းမာရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ပိုးကူးနိုင်ခြေများတဲ့ ပြည်သူ သန်းနဲ့ချီကို ကာကွယ်ဆေး ထိုးကြဖို့လည်း ကမ်းလှမ်းထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတသစ်က လက်ရှိ Blue House သမ္မတအိမ်တော်ကို အသုံးပြုမှာမဟုတ်ဘဲ ပြည်သူတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်အောင် ဆိုးလ်မြို့လယ်ခေါင်မှာ ပြောင်းပြီး ရုံးထိုင်မယ်လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံ Mariupol မြို့မှာ လူ ၄၀၀ လောက် ခိုလှုံနေတဲ့ အနုပညာကျောင်းတကျောင်းကို ရုရှားတပ်တွေက ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ကောင်စီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အသေအပျောက် စာရင်းကိုတော့ မသိရသေးပါဘူး။
တရုတ်နိုင်ငံမှာ တနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကြောင့် သေဆုံးသူရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုအပေါ် အိန္ဒိယက တုံ့ပြန်ဆောင်ရွက်ဖို့ ဂျပန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာ့အရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့က တိုက်တွန်းလိုက်ကြပါတယ်။
ယူကရိန်းပိုင်နက်ထဲ အသံထက် ၅ ဆလောက်မြန်တဲ့ ဟိုက်ပါဆိုနစ် မစ်ဇိုင်းဒုံးနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောဆိုချိန်မှာပဲ စနေနေ့က ယူကရိန်းသမ္မတ Volodymyr Zelenskiy က ဗီဒီယိုခွေထုတ်ပြန်ပြီး ရုရှားနဲ့ အလုံးစုံပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
အရှေ့တီမောနိုင်ငံမှာ လွတ်လပ်ရေးရခဲ့ကတည်းကဆိုရင် ၅ ကြိမ်မြောက် ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ မဲပေးသူတွေကြား အဓိကလွှမ်းမိုးနေတဲ့ ကိစ္စတွေကတော့ နိုင်ငံရေးတည်ငြိမ်ဖို့နဲ့ စီးပွားရေးခိုင်မာဖို့တို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်း အဝင်အထွက်ကို သင်္ကြန်အပြီး မြန်မာနှစ်ဆန်း၁ ရက် ဧပြီ ၁၇ ရက်နေ့မှာ ပြန်ဖွင့်ပါတော့မယ်။
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း နော်ဝေနိုင်ငံမြောက်ပိုင်း ခေါင်သီတဲ့ဒေသမှာ ပျက်ကျခဲ့တဲ့ အမေရိကန် စစ်လေယာဉ်မှာ လိုက်ပါသွားသူ ၄ ဦးလုံး သေဆုံးကြောင်း ဒေသခံ ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်အဝင် ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းနိုင်ငံ Luhansk ဒေသတွင်းက လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ရေးအတွက် စနေနေ့မှာ လူသားချင်း စာနာထောက်ထားမှုနဲ့ လမ်းကြောင်းဖွင့်ထားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Gaiday က ပြောပါတယ်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်အနီးမှာ ဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်ကို ရောက်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
ယူကရိန်းနိုင်ငံ အနောက်ပိုင်းက လက်နက်သိုလှောင်တဲ့နေရာကို ပစ်မှတ်ထားပြီး အသံထက် ၅ ဆမြန်တဲ့ Hypersonic ဒုံးကျည်တစင်းကို ပထမဆုံး အသုံးပြု ပစ်ခတ်ခဲ့ကြောင်း ရုရှားစစ်တပ် တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။
အမေရိကန် ASEAN ထိပ်သီးပွဲ ကျင်းပဖို့ရက်ရွှေ့ဆိုင်းခဲ့အပြီး နှစ်ဘက်အဆင်ပြေမယ့်ရက်ကို ညှိနေပြီလို့ အိမ်ဖြူတော်က ဆိုပါတယ်။
မြန်မာနိုင်ငံက ထွက်သွားတဲ့ တယ်လီနောကုမ္ပဏီပြန်ရောင်းချမူကို မြန်မာစစ်ကောင်စီက နောက်ဆုံးမှာ အတည်ပြုပေးလိုက်ပါပြီ။
မြန်မာစစ်တပ်က ထွက်ပြေးလာသူတွေကို သြစတြေးလျအစိုးရက ခိုလှုံခွင့်ဗီဇာနဲ့လက်ခံလိုက်တာကို NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ ကြိုဆိုလိုက်ပြီး အခုလို အကာအကွယ်သဘော ခိုလူံခွင့်ပေးလာမျိုး အနောက်နိုင်ငံတွေ လိုက်လုပ်ပေးရင် မြန်မာစစ်တပ်ကနေ ထွက်ပြေးသူများလာပြီး အင်အားနည်းသွားစေနိုင်တယ်လို့ ဆက်ပြောပါတယ်။
ရှေ့သီတင်းပတ်မှာရောက်လာမယ့် အာဆီယံအထူးသံရဲ့ ပထမဆုံးမြန်မာ ခရီးထဲ အာဏာသိမ်းပြီးအကြမ်းဖက်မှုတိုးလာတာ အဆုံးသတ်ရေး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရင်ကတိပေးခဲ့တာကို အဓိကပြောဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Chum Sounry က ဒီနေ့ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကြီး NBA ဘတ်စကက်ဘော ကစားသမား Enes Kanter Freedom ဟာ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ဖိနပ်ဒီဇိုင်းပုံ လေးပုံတင်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း #WhatsHappeningInMyanmar ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းက နံရံပေါ် ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီ GRAFFITI တွေကို ဆေးအဖြူသုတ်ပြီး ဖယ်ရှားပစ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ရှုတ်ချကြောင်း ကြေညာချက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်