အင်ဒိုနီးရှားနိုင်ငံရဲ့ အပန်းဖြေ ဘာလီကျွန်းကောင်းကင်မှာ မီးတောင်ပေါက်ကွဲမှုက ထွက် လာတဲ့ပြာတွေ ၂ ရက်ကြာ အုံ့ဆိုင်းနေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ လေဆိပ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။
ဘော့စနီးယား Croat စစ်တပ်မှူးဟောင်း Slobodan Praljak က ကုလသမဂ္ဂတရားသူကြီးတဦးက သူ့အပေါ် ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ထားတာကို အတည်ပြုချိန်မှာပဲ the Hague မြို့ တရားရုံးအတွင်း အဆိပ်သောက်ပြီး သေဆုံးသွားပါပြီ။
ပုပ်ရဟန်းမင်းကြီးကို ဖူးမျှော်ခွင့်ရတာဟာ ဘဝမှာ တခါပဲရနိုင်တဲ့ အခွင့်အရေးအဖြစ် ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေအများစုက သတ်မှတ်ပြီး ပျော်ရွှင်နေကြပါတယ်။ ဒီခရီးစဉ်ကနေ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးကို ပိုပြီး ဖေါ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်နေကြတဲ့အကြောင်း ပြောဆိုချက်တွေကို တင်ပြပေးထားပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ တရားတော်ကို နာကြားခွင့်ရပြီးတဲ့နောက် ခွင့်လွှတ်ခြင်းနဲ့ သင့်မြတ်ရေးကို ပိုပြီးအလေးထားဖို့ ဆုံးဖြတ်မိတဲ့အကြောင်းနဲ့ ဘာသာပေါင်းစုံကြား သင့်မြတ်ငြိမ်းချမ်းရေး ရလာမယ်လို့ တရားပွဲတက်ရောက်လာသူတွေက မျှော်လင့်နေကြပါတယ်။ တရားပွဲတက်ရောက်လာသူတွေရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြပေးထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်း၊ ၂ သောင်းကျော်တို့ကိုစိစစ်ပြီး ပြန်လက်ခံနိုင်ရေး အစီအစဉ်နဲ့ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာတရပ်ကို ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကြာသပတေးနေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘော ARA San Juan (ဟွမ်) ဟာ သဘောၤသား ၄၄ ယောက်စာ အောက်စီဂျင် အလုံအလောက်ရှိနိုင်တော့မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။
ရာထူးကနုတ်ထွက်မှာမဟုတ်ဘူးလို့ ပြောနေတဲ့ ဇင်ဘာဘွေ သမ္မတ တရားစွဲခံရနိုင်ခြေရှိ၊ ရခိုင်အရေးကဏ္ဍသုံးခုခွဲဖြေရှင်းဖို့ တရုတ်ရဲ့အဆိုပြုချက်ဟာ အခြေခံပြဿနာတွေကို ဖြေရှင်းနိုင်အောင် အထောက်အကူပြုလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော၊ ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ နေပြည်တော်မှာစတင်၊
အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံစစ်ဘက်တွေအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ လုပ်ဖို့ ရှိပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်အရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြားဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာက ပါဝင်ဆောင်ရွက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ညှိနှိုင်းမှုနဲ့ဖြေရှင်းဖို့ ဝန်ကြီး Wang Yi က စနေနေ့မှာ တိုက်တွန်းပါတယ်။
ဇင်ဘာဘွေရဲ့နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ သမ္မတ Robert Mugabe ဟာ နေအိမ်အကျယ်ချုပ်ချထားခံနေရတယ်လို့ တောင် အာဖရိက သမ္မတက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက လူမျိုးစု ဖယ်ရှားရှင်းလင်းမှုအတွက် ရှုတ်ချကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မျိုးတုံးသတ်ဖြတ်မှု အထောက်အထားတွေ အများအပြားရှိတယ်လို့ အမေရိကန်ပြည်ထောင်စု၊ Holocaust ခေါ် နာဇီတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု အထိမ်းအမှတ်ပြတိုက်နဲ့ Fortify Rights လူ့အခွင့်အရေးအဖွဲ့တို့က ထုတ်ပြန်တဲ့ အစီရင် ခံစာသစ်တစောင်မှာ ဖော်ပြလိုက်ပါတယ်။
သမ္မတ Donald Trump ဟာ အခု ပြီးဆုံးသွားခဲ့တဲ့ အာရှခရီးစဉ်အတွင်း အမေရိကန်ရဲ့ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ မူဝါဒတွေကို စွန့်လွှတ်ခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲနေကြပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးသစ်က သံသယရှိတယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက် ဒီစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ တရုတ်ဘက်က ပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံကြား ခိုင်မာတဲ့မဟာမိတ်ဖြစ်ကြောင်း ပြသတဲ့ အိန္ဒိယခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဝန်ကြီးချုပ် Narendra Modi အပါအဝင် အိန္ဒိယခေါင်းဆောင်တွေနဲ့ နယူးဒေလီမှာ တွေ့ဆုံစဉ်အတွင်း မဟာဗျူဟာကျဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်မယ်လု
ပြည်ပကလာရောက်တဲ့ နိုင်ငံတကာလေကြောင်းလိုင်းအားလုံးအတွက် ချမှတ်လိုက်တဲ့ အမေရိကန်လေဆိပ်လုံခြုံရေး စည်းမျဉ်းသစ်တွေကြောင့် တချို့လေကြောင်းလိုင်းတွေ ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေရပ်ဆိုင်းပြီး ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေကို ရောက်နေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လာခွင့်ပြုဖို့ မြန်မာ အစိုးရကို The Elders အဖွဲ့က ပန်ကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေထဲက ၂ သိန်းကျော်ကို Biometric အချက်အလက်တွေ ကောက်ယူပြီး မှတ်ပုံတင်ပြီးပြီလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။
ရခိုင်ဒေသအတွင်း ပဋိပက္ခတွေနဲ့ပတ်သက်လို့ Genocide လို့ ဥပဒေအရ သတ်မှတ်တဲ့ ဘောင် ဝင်မဝင်ကို ကုလသမဂ္ဂက လေ့လာသုံးသပ်နေဆဲဖြစ်ကြောင်း လူ့အခွင့်ရေးဆိုင်ရာ ကုလမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အာရှပစိတ်ဖိတ်ဒေသ အကြီးအကဲ Jyoti Sanghera က ပြောပါတယ်။
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်က လုံခြုံမှုရှိတဲ့ မြို့ကြီးများစာရင်းမှာ နိုင်ငံပေါင်း ၆၀ ဖော်ပြထားတဲ့အနက် မြန်မာနိုင်ငံကရန်ကုန်မြို့ဟာ နံပါတ် ၅၉ မှာရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်