IS အစွန်းရောက်အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်မယ့်အစီအစဉ်ကို The New York Times က ပျက်အောင်လုပ်လိုက်တယ်လို့ သမ္မတထရမ့်ပ်က ဝေဖန်ပါတယ်။
Dr. Yanghee Lee ရဲ့ထုတ်ပြန်ချက်ထဲမှာ ယေဘုယျဆန်တဲ့ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့အချက်များစွာ ပါဝင် နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ဆယ်စုနှစ်နဲ့ချီ ကြုံတွေ့ခဲ့ရတဲ့ ပြည်တွင်းပဋိပက္ခတွေ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့အတွက် ဖြစ်လာတဲ့ပြဿနာတွေကို ဖြေရှင်းရာမှာ ကြုံရတဲ့ အခက်အခဲတွေကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲဝင် ဘူရွန်ဒီနိုင်ငံအသင်းက အဖွဲ့ဝင် လူငယ် ၆ ဦး ပျောက်ဆုံးနေပါတယ်။
Linkin Park ဂီတအဖွဲ့က နာမည်ကျော်အဆိုတော် Chester Bennington ဟာ ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။
ကွယ်လွန်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ကို အမှတ်ရ အောက်မေ့တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့လူတွေ ဟောင်ကောင်မှာ ချီတက်ကြပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာလုပ်မယ့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့် အာဖဂန်နစ္စတန်က မိန်းကလေးတွေချည်းပါတဲ့ အသင်းဟာ အမေရိကန်ပြည်ထောင်စုကို ရောက်လာပါပြီ။
အမေရိကန်ရွေးကောက်ပွဲကို အင်တာနက်ကနေ ရုရှားက ဝင်နှောက်ခဲ့တဲ့အပေါ် သမ္မတအိုဘားမားက ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်လိုက်ပါတယ်။
ဂျကာတာက မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ဆက်စပ်ပြီး နောက်ထပ် သံသယရှိသူနှစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာကနေ ရွာသူရွာသားတွေကို စစ်တပ်က အတင်းနှင်ထုတ်တယ်ဆိုပြီး ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ရဲမှူးချုပ် သူရစန်းလွင်က တော့ အဲဒီသတင်း မဟုတ်တဲ့အကြောင်းနဲ့ တကယ်သာမှန်ရင် တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို ဂန္ထဝင် ဂီတပညာရှင် Bob Dylan ချီးမြှင့်ခံရပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀၊ G-20 ထိပ်သီးညီလာခံကို အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူတက်ရောက်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား တရုတ်နိုင်ငံ၊ Hangzhou မြို့ကို စနေနေ့ နေ့ခင်းပိုင်းမှာ ရောက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ရက်ပိုင်းတွေ အတွင်း ပြည်ပခရီးစဉ်တွေ ဆက်တိုက်လို ထွက်ဖို့ရှိနေပါတယ်။
စင်္ကာပူနိုင်ငံမှာ ZIKA ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (NEA) တို့က ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွှတ်တည်း ရှုတ်ချလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့အပြင်ဘက်က IS စစ်သွေးကြွတွေ ခိုအောင်းနေ တဲ့ နေရာတခုကိုဝင်စီးခဲ့တာမှာ စစ်သွေးကြွ အနည်းဆုံး ၃ ယောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်။
အမေရိကန်ရေလုပ်ငန်း ကုမ္ပဏီတွေမှာ ကျေးကျွန်တွေလို ခိုင်းစေခံခဲ့ ရတယ်ဆိုပြီး ကမ္ဘောဒီးယားနိင်ငံသား ၇ ဦးတို့ရဲ့တိုင်ကြားချက်တွေကို ကြားနာဖို့ ကယ်လီဖိုးနီး ယား တရားသူကြီးတဦးက ရှေ့နေတွေကို တရားရုံးကို ဆင့်ခေါ်လိုက်ပါတယ်။
ကွယ်လွန်သူ ဖိလစ်ပိုင်အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ ရုပ်အလောင်းကို သူရဲကောင်းဗိမာန် မှာ ရွှေ့ပြောင်း ဂုဏ်ပြု သင်္ဂြိုဟ်မယ့် လက်ရှိသမ္မတရဲ့အစီအစဉ်ကို လူထုက ကန့်ကွက်နေပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ၊ Chibok ရွာလေးကနေ ဘိုကို ဟာရမ်းမ်တွေ ပြန်ပေးဆွဲသွား တဲ့ ကျောင်းသူလေးတွေ ထဲက တချို့ဟာ အစိုးရလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကုန်ပြီလို့ ဆိုပါတယ်။
ဥတုရာသီ ပြောင်းလဲမှုကို ကိုင်တွယ်ရာမှာ အမေရိကန်က ရှေ့ကနေ ဦးဆောင်နေတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရေဘေးကြောင့် ၄ ဦးထက်မနည်းသေဆုံးပြီး ၂ သိန်းကျော် ရေဘေးဒဏ်သင့်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်