အင်္ဂလန် ပရီးမီးယားလိဂ် Leicester City ဘောလုံးအသင်း ပိုင်ရှင် ထိုင်းဘီလျံနာ သူဌေးကြီး Vichai Srivaddhanaprabha ဟာ စနေနေ့က ရဟတ်ယာဉ် ပျက်ကျတာမှာ ကွယ်လွန်သွားတဲ့အကြောင်း ဘောလုံးအသင်းက တနင်္ဂနွေနေ့မှာ တရားဝင် ထုတ်ပြန် ကြေညာပါတယ်။
Pittsburgh ဂျူးဘုရားကျောင်းမှာ လူ ၁၁ ဦးသေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုမှာ သံသယရှိသူက ဂျူးဆန့်ကျင်ရေး ခြိမ်းခြောက်မှုတွေ အော်ဟစ် ပြောဆိုပြီးမှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာမို့ ဒါဟာ အမုန်းတရားအခြေခံပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတခု ဖြစ်တယ်လို့ ပစ်ခတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှုးတွေက ပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူ လူအုပ်ကြီးက မက္ကဆီကို နိုင်ငံကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုဘက်ကို ဦးတည်လာနေချိန်မှာဘဲ အမေရိကန် တောင်ပိုင်း နယ်စပ်ကို တပ်ဖွဲ့ဝင် ရာနဲ့ချီ ချထားရေး အပေါ် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် တာဝန်ရှိသူတွေ အသေးစိတ် ဆောင်ရွက်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေဒနီးယားပြည်နယ်ရဲ့ အဓိကမြို့ဖြစ်တဲ့ Pittsburg က Tree of Life ဂျူးဘုရားကျောင်းမှာ မကြာသေးခင်အချိန်ပိုင်းကလေးက ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေနတ်သမားကို သိပ်မကြာခင်မှာပဲ ဖမ်းဆီးမိသွားခဲ့ပါတယ်။
ဂါဇာဒေသကနေ အစ္စရေးကို ရော့ကတ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတာကို ရပ်စဲမယ့်အကြောင်း ပါလက်စတိုင်းဘက်က ဒီကနေ့မှာ ပြောကြားပါတယ်။
သီရိလင်္ကာသမ္မတ Maithripala Sirisena ဟာ လွှတ်တော်ကို နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံနေရာအတော်များများကို လက်လုပ်ဗုံးတွေကို စာတိုက်ကနေပေးပို့ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ Cesar Sayoc ဆိုသူဟာ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ဖူးတဲ့ နောက်ခံသမိုင်း နှစ်ပေါင်းများစွာရှိထားသူဖြစ်ပြီး ဒီမိုကရက်ခေါင်းဆောင်တွေကို ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်သူလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ရက်ပ်ပါ ဂီတသမားတွေဟာ လက်ရှိစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့စာသားတွေပါတဲ့ သီချင်းဗွီဒီယိုကို အွန်လိုင်းကနေ ဖြန့်လိုက်တဲ့အတွက် သူတို့ကို အရေးယူဖို့ ထိုင်းရဲတပ်ဖွဲ့တို့လုပ်ဆောင်နေပါတယ်
ကျနော် အရမ်းဝမ်းသာတယ်နော်။ အားလုံး ဂုဏ်ယူနိုင်အောင်ဆိုပြီး ကျနော်ကြိုးစားတယ်။ ၁၀ ပတ်ကျော်ကျော် training နားတဲ့ ရက်ဆို မရှိဘူး။
လိင်တူချစ်သူတွေဟာ အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ခံစားနေကြရတာမို့ သူတို့ကို အကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ ဒီမိုကရက်ပါတီဝင်တွေနဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဝေဖန်ပြောဆိုသူတွေဆီ ပိုက်လုံးဗုံးတွေ ပို့တဲ့သူ ဘယ်သူဆိုတာ မကြာခင်မှာ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့နယ်စပ် အိန္ဒိယဘက်ခြမ်း Moreh မြို့ကနေတဆင့် Imphal မြို့က Shijal ဆေးရုံထိသွားပြီး နှလုံး ခွဲစိတ် ကုသတာ၊ ကျောက်ကပ်၊ အသည်းနဲ့ မျက်ကြည်လွှာ အစားထိုးကုသသူ လူနာ အယောက် ၂၀ အပါအဝင် မြန်မာနိုင်ငံသား လူနာ ၁၃၀ နီးပါး ဆေးသွားကုကြတယ်
မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ သွားရောက်ဆွေးနွေးမယ်လို့ အာဆီယံအဖွဲ့ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေကို ဌာနေပြန်ပို့ဖို့ အချိန်မတန်သေးတဲ့အတွက် စိုးရိမ်စိတ်ပူပင်မိကြောင်း လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR က ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာ အကျပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြောဆို လုပ်ဆောင်ချက်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်မှုတွေကို အထောက်အကူပြုတဲ့ နည်းလမ်းမျိုးနဲ့သာ ဖြစ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောဆိုဝေဖန်လိုက်ပါတယ်။
တူရကီနိုင်ငံ အီစတန်ဘူမြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီသတင်းစာဆရာ Jamal Khashoggi အသတ်ခံရမှုဟာ၊ တူရကီက ပေးအပ်တဲ့ သတင်းအချက်အလက်တွေအရ ကြိုတင်ကြံစည်ထားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံက ပြောဆိုလိုက်ပါတယ်
လူ့အသိုင်းအဝန်းကြား တွေ့မြင်နေရတဲ့ အမျက်ဒေါသတွေဟာ မမှန်မကန်သတင်းတွေကို ဖော်ပြနေတဲ့ သတင်းဌာနကြီးတွေကြောင့် အဓိက ဖြစ်ရတဲ့အကြောင်း ဒီနေ့အစောပိုင်းမှာပဲ Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။
အမေရိကန်သမ္မတဟောင်း Bill Clinton နဲ့ သမ္မတကတော်ဟောင်းလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Hillary Clinton တို့ရဲ့ နယူးယောက်မြို့စွန်က နေအိမ်မှာ ဖောက်ခွဲရေး ပစ္စည်းအဖြစ် မသင်္ကာစရာ ပစ္စည်းတခုကို တွေ့ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ဆော်ဒီသတင်းစာဆရာ Jamal Khashoggi ကို သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် ကြိုးပမ်းသွားမယ့် အကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ဒီနေ့ပဲ ကတိပေး ပြောဆိုလိုက်ပါတယ်။
ဆော်ဒီသတင်းထောက် Jamal Khashoggi အသတ်ခံရမှှုမှာ ပါဝင်ပတ်သက်နေတဲ့ ဆော်ဒီအာရေဗျ အရာရှိတွေထဲက တချို့ကိုဖေါ်ထုတ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် သူတို့ရဲ့ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတွေကို ရုပ်သိမ်းအရေးယူမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်္ဂါနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ကို နေရပ်ရင်း လုံခြံစွာ ပြန်လည် ပို့ဆောင်နိုင်ရေး ဆွေးနွေးဖို့ စင်္ကာပူနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို မကြာခင်မှာ သွားရောက်တော့မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး က အင်္ဂါနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်