ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကြမ်းကြုတ်ရက်စက်တဲ့ အကြမ်းဖက်မှုတွေကို ကြီးကြပ်ခဲ့ကြသူတွေ အဖြစ် စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် ထိပ်တန်း အရာရှိကြီး ၅ ဦးကို သြစတေးလျက ဒီကနေ့ အင်္ဂါနေ့မှာ ခရီးသွားလာခွင့်နဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။
အမေရိကန် အခြေစိုက် ဆော်ဒီ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုက ကြိုတင်ကြံစည်မှု ဖြစ်ပြီး ဒီကိစ္စ အတွက် ညွှန်ကြား စေခိုင်းသူ အပါအဝင် တာဝန်ရှိသူ အားလုံးကို အပြစ်ပေး အရေးယူရမှာ ဖြစ်တယ်လို့ တူရကီ သမ္မတ Recep Tayyip Erdogan က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြင်းအားအဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း Willa ဟာ ပစိဖိတ် သမုဒ္ဒရာထဲကနေ မက်ဆီကိုကမ်းရိုးတန်းဆီ ဦးတည် ရွေ့လျားနေပြီး လေတိုက်နှုန်းက တနာရီကို ၁၆၂ မိုင်နှုန်း ရှိနေတယ်လို့ NHC အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက ပြောပါတယ်။
ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုကို စုံစမ်း စစ်ဆေးနေတဲ့ တူရကီ အရာရှိတွေနဲ့ တွေ့ဆုံဖို့ အမေရိကန်က CIA ဗဟိုထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူး Gina Haspel ဟာ တူရကီကို တနင်္လာနေ့က ထွက်ခွာသွားပြီလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း အပြိုင်အဆိုင် ပိုင်ဆိုင်မှု အငြင်းပွားနေတာတွေကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား ရေတပ် စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။
ဆော်ဒီ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က ဆော်ဒီ သတင်းထောက် Jamal Khashoggi ရဲ့ သားဖြစ်သူကို ဒီကနေ့ တနလာၤနေ့မှာ တယ်လီဖုန်းဆက်ပြီး ဖခင်ဖြစ်သူ အသတ်ခံရမှု အတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာဖွင့်တဲ့ ထီတွေရဲ့ ပထမဆုကြေးတွေ ပိုပြီးတော့ များလာပါတယ်။ စနေနေ့ကဖွင့်တဲ့ Powerball ထီ ပထမဆု ဒေါ်လာ သန်း ၄၇၀ ကို ပေါက်တဲ့သူမရှိတဲ့အတွက် နောက်တကြိမ်ဖွင့်မယ့် ဗုဒ္ဓဟူးနေ့ ဆိုရင် ဆုကြေး ဒေါ်လာ သန်း ၆၂၀ လောက်အထိ ရှိလာတော့မှာပါ။
တရုတ်နိုင်ငံဟာ နိုင်ငံစီးပွားရေးကို ဆက်ပြီးဖွင့်ပေးသွားမယ်၊ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်သွားမယ်၊ စီးပွားရေးပတ်ဝန်းကျင် ပိုကောင်းအောင် လုပ်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က အာရှနဲ့ ဥရောပခေါင်းဆောင်တွေကို ပြောတဲ့အကြောင်း အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက စနေနေ့မှာ ဖော်ပြပါတယ်။
ပြည်ပကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ မလေးရှားကိုပါ ရောက်လာနေတာမို့ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရက ပြည်တွင်းရေးပြဿနာ သက်သက်အဖြစ် ပြောလို့ မဖြစ်နိုင်ဘူးလို့ ၁၂ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှား ကာကွယ်ရေးဝန်ကြီး Mohamad Sabu က ပြောပါတယ်။
သောကြာနေ့က ဟိန္ဒူမီးပွဲကြည့်နေသူ ၅၉ ဦး သေဆုံးခဲ့ရတဲ့ ရထားလမ်းနားမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ပြီး တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။
တူရကီနိုင်ငံ Istanbul မြို့က ဆော်ဒီကောင်စစ်ရုံးအတွင်း သတင်းထောက် Jamal Khashoggi အသတ်ခံရတာဟာ သိပ်ကြီးမားပြီး ဆိုးဝါးတဲ့ အမှားတခု ဖြစ်ကြောင်း ဆော်ဒီအာရေဗျက ပြောဆိုလိုက်ပြီး ဒီပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေးမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။
ဂွါတီမာလာ နဲ့ မက္ကဆီကို နိုင်ငံ နယ်စပ်က တံတားမှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းအခြေချသူတချို့ဟာ စနေနေ့ကတော့ မက္ကဆီကိုနိုင်ငံထဲကို ရေကူးပြီးဝင်ခဲ့ကြပါတယ်။ တချို့တွေကတော့ ဒေသခံတွေကို အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ၂၅ ပြားပေးပြီး တာယာတွေနဲ့ လုပ်ထားတဲ့ ဖောင်တွေနဲ့ ဖြတ်ကူးခဲ့ကြပါတယ်။
တာလတ်ပစ် နျူးကလီးယားလက်နက်သဘောတူစာချုပ်ကို ရုရှားဘက်ကချိုးဖောက်တာကြောင့်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီသဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့လုပ်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က စနေနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက Mega Millions လို့ခေါ်တဲ့ ထီအမျိုးအစားရဲ့ သမိုင်းတလျှောက်မှာ ဆုကြေးအများဆုံးဖြစ်တဲ့ ပထမ ဆု ဒေါ်လာ သန်း ၁,၀၀၀ နီးပါးကို ဒေသစံတော်ချိန် သောကြာနေ့ညဘက်မှာ ဖွင့်မှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုထဲကို တောင်အမေရိကန်တိုက်ကလူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေမှုကို မက္ကဆီနိုင်ငံက မတားဆီးဘူးဆိုရင် မက္ကဆီကို နယ်စပ်ကို တပ်ဖွဲ့ဝင်တွေ စေလွတ်မယ်လို့ သမ္မတ Donald Trump က ခြိမ်းခြောက်လိုက်ပါတယ်။
ဆော်ဒီကောင်စစ်ရုံးမှာ ဆော်ဒီသတင်းထောက် အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အာဏာပိုင်တွေ ဆက်ပြီးမေးခွန်းအထုတ်ခံနေရချိန်မှာပဲ Riyadh မှာကျင်းပဖို့ စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ကြား အဆင့်မြင့် ဆက်ဆံရေး တိုးတက်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe ကို ပြောကြားခဲ့ပါတယ်။
ဆော်ဒီသတင်းထောက် Jamal Khashoggi သေသွားပြီလားလို့ သတင်းထောက်တွေက သမ္မတ Donald Trump ကို မေးတာမှာ - သေသွားပြီလို့ ယူဆရမှာဖြစ်ကြောင်းနဲ့ ဒါဟာ အင်မတန် စိတ်မကောင်းစရာကောင်းကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းက လက်ရှိဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လအတွင်း ပြည်ပကို တင်ပို့တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
အာဖဂန်နိုင်ငံ တောင်ပိုင်းက သြဇာအရှိန်အဝါကြီးမားတဲ့ ရဲအရာရှိကြီးတဦးလည်းဖြစ် တာလီဘန်တွေရဲ့ လုပ်ကြံဖို့ ကြိုးစားမှု အကြိမ်ကြိမ် ကြုံခဲ့ရတဲ့ ရဲမှူးကြီး Abdul Raziq ဟာ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးရဲ့ ဒီနေ့ အာဖဂန်ခရီးစဉ်အတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်