ခရိုင်းမီးယားဒေသက စက်မှုသင်တန်းကျောင်းမှာ အသက် ၁၈ နှစ်အရွယ် လူငယ်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၉ ယောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ သေနတ်သမားဟာ ပင်လက်နက်ဒေသက Kerch မြို့ စက်မှုကောလိပ်က စတုတ္ထတန်းကျောင်းသား Vladislav Roslyakov ဆိုသူ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။
အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက်တဦး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တူရကီတို့ ပြောနေသလို သူဟာ အစ္စတန်ဘူလ် မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ အသံနဲ့ ဗွီဒီယိုရှိတယ်ဆိုရင် သူလိုချင်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သာလျှင် မြန်မာနိုင်ငံအတွက် တခုတည်းသော မျှော်လင့်ချက် ဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့နှိပ်ကွက်မှုကို သူ့အပေါ်အခြေခံစုပြုံ အပြစ်ပုံချနေတဲ့အထဲ လွှတ်တော်က ပါဝင်လို့ အကျိုးထူးမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှုတွေ အတွက် မြန်မာစစ်တပ်က ပုဂ္ဂိုလ်တွေ အပေါ် Switzerland အစိုးရက ပစ်မှတ်ထား အရေးယူတာ အပါအဝင်အရေးယူဒဏ်ခတ်မှုတွေ ပိုမိုတင်းကြပ်စွာ ချထားလိုက်ပါတယ်။
အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှုအတွက် တကမ္ဘာလုံးသိအောင် စနစ်တကျ စုံစမ်းဖော်ထုတ်မယ့်အကြောင်း ဆော်ဒီခေါင်းဆောင်တွေက အာမခံပြောကြားလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီနေ့မှာတော့ တူရကီသမ္မတ Recep Tayyip Erdogan အပါအဝင် တူရကီအစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ညမှာထွက်မယ့် ဂဏန်း ၆ လုံးပါ Mega Millions လို့ခေါ်တဲ့ သန်းပေါင်းများစွာ ပါဝင်တဲ့ ထီကြီးရဲ့ ဆုကြေးငွေဟာ ဒေါ်လာ ၆၆၇ သန်းအထိ ရှိသွားပြီ ဖြစ်တာကြောင့် ဒီထီကို ပေါက်တဲ့သူဟာ နေ့တွင်းချင်း သန်းပေါင်းများစွာ ကြွယ်ဝသူတဦး ဖြစ်သွားမှာပါ။
အီရန်က သူ့ရဲ့ သြဇာကြီးတဲ့ IRGC အစ္စလန်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ အတူ တိုက်ခိုက်ရာမှာ သုံးဖို့အတွက် ကလေးစစ်သားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန်ပြည်သူ့စစ်တွေကို အထောက်အပံ့ ပေးနေတယ်လို့ ဆိုတဲ့ စီးပွါးရေးဆိုင်ရာ ကွန်ယက်အဖွဲ့ကို အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။
တူရကီ နိုင်ငံ အစ္စတန်ဘူး မြို့တော်က ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့ သတင်း ၂ ပတ်တုန်းက သွားရောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းထောက် Jamal Khashoggi အရေးနဲ့ ပတ်သက်ပြီး ဆော်ဒီဘုရင် Salman နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တို့ ဒီကနေ့ အင်္ဂါနေ့မှာ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးပါတယ်။
Microsoft ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူ Paul Allen ဟာ တနင်္လာနေ့က အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။ ကိုယ်ပိုင်ကွန်ပြူတာလေးတွေဟာ တနေ့ကျရင် မရှိမဖြစ်ပစ္စည်း တခု ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဟောကိန်းထုတ်ခဲ့သူ လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူညီပေးနိုင်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးအပေါ် တရားစွဲဆိုထားတာကို ချက်ချင်းရုပ်သိမ်းပေး ဖို့ Amnesty International က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ရုံးထဲ ဝင်သွားပြီး ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းထောက် Jamal Khashoggi ဟာ အသတ်ခံရကြောင်း ဆော်ဒီအာရေဗျက ဝန်ခံဖို့ ပြင်နေပြီလို့ အမေရိကန် သတင်းဌာန ၂ ခုက ထုတ်ဖေါ်ရေးသားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၈,၀၀၀ ရဲ့ အမည်စာရင်းကို မြန်မာ အစိုးရဘက်က စိစစ်ပြီး ဖြစ်တာကြောင့် မကြာခင်မှာ မြန်မာနိုင်ငံဘက် ပထမအသုတ်အဖြစ်နဲ့ ပြန်ပို့တဲ့အစီအစဉ်ကို စတင်နိုင်တော့မှာပါ။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ကို သြစတေးလျ နိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေး ဝန်ကြီး Marise Payne က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
တူရကီ နိုင်ငံ အစ္စတန်ဘူးလ် မြို့တော်က ဆော်ဒီအာရေးဗျ ကောင်စစ်ဝန်ရုံးကို အောက်တိုဘာလ ၂ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းသမား Jamal Khashoggi အရေးနဲ့ ပတ်သက်ပြီး ပူးတွဲ အလုပ်အဖွဲ့ ဖွဲ့စည်းရေး တူရကီနဲ့ ဆော်ဒီအာရေးဗျ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
ဆော်ဒီသတင်းထောက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်သမ္မတ Trump ကခြိမ်းခြောက်နေပေမယ့် တကယ်လို့ အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ချမယ်ဆိုရင် စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ လက်တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစကြောင်း ဆော်ဒီအာရေဗျက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ရာထူးကနေ နုတ်ထွက်နိုင်ခြေ ရှိတဲ့သဘော သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရည်ညွှန်းပြောဆိုပါတယ်။
မြန်မာ့တပ်မတော်နဲ့ အစိုးရကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အရေးကိစ္စတွေမှာ နိုင်ငံရပ်ခြားက ဝင်ရောက်စွက်ဖက်မှုတွေကို ရှုတ်ချကြောင်းပြသတဲ့အနေနဲ့ အမျိုးသားရေးဝါဒီတွေနဲ့ စစ်တပ်ကိုထောက်ခံသူ ထောင်နဲ့ချီပြီး တနင်္ဂနွေနေ့က ရန်ကုန်မြို့လည်မှာ ချီတက်ဆန္ဒပြကြပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်၊ တနင်္လာနေ့ ဒီကနေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။
တရုတ်၊ မလေးရှားနဲ့ ထိုင်း သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကို ဒီလနှောင်းပိုင်းကျရင် မလေးရှားနိုင်ငံမှာ လုပ်မယ့်အကြောင်း တရုတ်ကာကွယ်ရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
မလေးရှားနိုင်ငံ အလယ်ပိုင်း ကင်မရွန်း ကုန်းမြင့်ဒေသ (Cameron Highlands) က Kuala Terla အရပ်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့ရတယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်