တူရကီ နိုင်ငံမှာ ၂ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်လာတဲ့ အမေရိကန် ခရစ်ယာန် သင်းအုပ်ဆရာက မနေ့ စနေနေ့နေ့ခင်းပိုင်းမှာ အမေရိကန် သမ္မတ အိမ်ဖြူတော်ရုံးခန်းမှာ သမ္မတ Donald Trump အနီး ဒူးထောက်ပြီး ဘုရားသခင်ထံက တန်ခိုး ဆုလာဘ်ချီးမြှင့်ဖို့ ဆုတောင်းခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းသမား Jamal Khashoggi ရဲ့ ကံကြမ္မာ သိပ်ပြီး ကောင်းပုံမရပဲ၊ အသတ်ခံလိုက်ရတာဖြစ်နိုင်တယ်လို့ အမေရီကန်သမ္မတ Donald Trump က စနေနေ့က ပြောလိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ပြဌာန်းထားတဲ့ သေဒဏ်နဲ့ သဘောထားကွဲလွဲသူတွေကို အရေးယူတဲ့နေရာမှာ အသုံးပြုတဲ့ ကိုလိုနီခေတ်ဟောင်း ဥပဒေတို့ကို အစိုးရက ဖျက်သိမ်းဖို့ ပြင်ဆင်နေကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။
Australia က ပစိဖိတ်သမုဒ္ဒရာထဲက ဝေးလံခေါင်သီတဲ့ Nauru ကျွန်ေးလးမှာရှိတဲ့ ထိန်းသိမ်းရေး စခန်းကို ပို့ထားတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေဟာ စိတ်ကျန်းမာရေး ချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ Doctors Without Borders နယ်စည်းမခြားဆရာဝန်မျာ အဖွဲ့က ပြောပါတယ်။
အမေရိကန်တောင်ပိုင်းက နယ်စပ်ဒေသမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအပေါ် အမေရိကန် အစိုးရက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် - လူ့အခွင့်ရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။
ဆော်ဒီအာရေဗျ ကောင်စစ်ရုံးထဲ ဝင်သွားခဲ့တာကို နောက်ဆုံးတွေ့ခဲ့ရတဲ့ ဆော်ဒီအာရေဗျ သတင်းထောက် Jamal Khashoggi နဲ့ ပတ်သက်ပြီး ဘာဖြစ်သွားခဲ့တယ် ဆိုတာကို သေသေချာချာ သိရအောင် အမေရိကန် စုံစမ်းစစ်ဆေးသူတွေ တူရကီကို သွားပြီး ကြိုးစားနေတယ်လို့ အမေရိကန် သမ္မတ Donald Trump ကကြာသပတေးနေ့မှာ ပြောပါတယ်။
ဖလော်ရီဒါပြည်နယ်ကို အားပြင်းတဲ့ မုန်တိုင်းတခုအဖြစ် ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း Michael ဟာ အားပျော့လာပြီး အပူပိုင်းမုန်တိုင်းအဖြစ်နဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းဒေသတွေက ပြည်နယ် အတော်များများမှာ ကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားပြီး နိုင်ငံတကာ အာကာသစခန်းကို သွားရောက်မယ့် Soyuz အာကာသယာဉ်ဟာ မြေပြင်ကနေ ဒီကနေ့ လွှတ်တင်ပြီး သိပ်မကြာခင်မှာပဲ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အကူအညီပေးဖို့ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
Michael လို့အမည်ပေးထားတဲ့ ဟာရီကိန်းမုန်တိုင်းကြီးဟာ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းကြီးအဖြစ် ဖလော်ရေဒါပြည်နယ် Panhandle ကမ်းရိုးတန်းဒေသကို ဗုဒ္ဓဟူးနေ့က တိုက်ခတ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေသူတွေထဲက ပထမအသုတ်အဖြစ် ရိုဟင်ဂျာ ၆၀၀၀ ကို ပြန်ပို့ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali က ပြောပါတယ်။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ တောင်ကိုရီးယားအစိုးရက စဉ်းစားနေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
အန္တရာယ်ကြီးမားလွန်းလှတဲ့ ဟာရီကိန်းမုန်တိုင်း Michael အင်အားအပြည့်နဲ့ ဝင်ရောက်လာမှာ ဖြစ်တာကြောင့် အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်က ဒေသခံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေဝသခန့်မှန်းသူတွေ ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။
ပျောက်ဆုံးနေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံသား သတင်းထောက် Jamal Khashoggi အမှုနဲ့ ဆက်နွယ်ပြီး Istanbul မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း အာဏာပိုင်တွေအနေနဲ့ ဝင်ရောက်ရှာမှာ ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ လကုန်က ငလျင်နဲ့ ဆူနာမိရေလှိုင်းတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ နောက်ပိုင်း အကူညီပေးဖို့ လာရောက်တဲ့ နိုင်ငံခြားသားကယ်ဆယ်ကူညီရေး လုပ်သားတွေ နိုင်ငံတွင်းကနေ ပြန်လည်ထွက်ခွါကြဖို့ အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်ကနေ ရိုဟင်ဂျာ ၇ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ် အနည်းဆုံး ၂၃ ယောက်ကို အာသံက ပြန်ပို့ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စတင်လုပ်ဆောင်နေပြီ လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ရာထူးက နှုတ်ထွက်သွားပါပြီ။ ဒီနေ့မနက်အစောပိုင်း အိမ်ဖြူတော် အစည်းအဝေးပွဲအတွင်း သံအမတ်ကြီး Haley ဒီနှစ်ကုန် ရာထူးကထွက်မှာ ဖြစ်ကြောင်းလည်း သမ္မတ Donald Trump ကပြောဆိုခဲ့တာပါ။
ရိုဟင်ဂျာတွေ အပေါ် မတရား ဖိနှိပ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာ နိုင်ငံ အနေနဲ့ ဆောင်ရွက်ဖို့ ဆန္ဒ မရှိသလို ဆောင်ရွက်နိုင်တဲ့ အနေအထားလည်း မရှိဘူးလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်ပါတယ်။
Eleven မီဒီယာက သတင်းထောက်ချုပ်၊ တာဝန်ခံ အယ်ဒီတာအပါအဝင် သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အာဏာပိုင်တွေဘက်က ဖမ်းဆီးဖို့ ဒီနေ့ညပိုင်းမှာ Eleven မီဒီယာရုံးခန်းကို လာရောက် ရှာဖွေခဲ့ပါတယ်။
Istanbul မြို့မှာရှိတဲ့ ဆော်ဒီအာရေးဗီးယား ကောင်စစ်ဝန်ရုံးကို ဝင်ရောက် ရှာဖွေခွင့်ပြုဖို့ တူရကီအာဏာပိုင်တွေက တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်