နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအသစ်အဖြစ် Brett Kavanaugh ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခန်းအနားကို သမ္မတအိမ်ဖြူတော်ရဲ့ အရှေ့ဘက် ခန်းမဆောင်မှာ ဒေသစံတော်ချိန် တနင်္လာနေ့ ညနေက သမ္မတ Donald Trump ကိုယ်တိုင် ကြီးမှုးကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဆက်စပ် ကိစ္စတွေကို စုံစမ်းစစ်ဆေးမယ့် နည်းလမ်းကို ဆွေးနွေး သဘောတူညီခဲ့ကြကြောင်း ရခိုင်အရေး စုံစမ်းရေး ကော်မရှင်က ကြေညာလိုက်ပါတယ်။
ဒီနှစ် ၂၀၁၈ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ Yale တက္ကသိုလ်က William Nordhaus နဲ့ New York တက္ကသိုလ်က Paul Romer တို့က ရရှိသွားပါတယ်။
ကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာတော့ တဖက်နဲ့ တဖက် ဆောင်ရွက်ချက်တွေ အပေါ် စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြပြီး သံခင်းတမန်ခင်း ပိုမို ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ဆော်ဒီအာရေဗျသတင်းထောက် Jamal Khashoggi ဟာ သူလက်ထပ်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေယူဖို့ တူရကီနိုင်ငံ Istanbul က ဆော်ဒီအာရေဗျ ကောင်စစ်ရုံးကို သွားရောက်ခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသတ်ခံခဲ့ရတယ်လို့ တူရကီ အရာရှိတွေက ကောက်ချက်ချ ပြောဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL အကြီးအကဲ Meng Hongwei ကို မလျော်မကန် လုပ်ဆောင်တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း တရုတ်နိုင်ငံက တနင်္ဂနွေနေ့မှာပြောပါတယ်။
St. Martin's ကျွန်းကို မြန်မာအစိုးရ ဝက်ဘက်ဆိုက်ပေါ်က မြေပုံပေါ်မှာ မြန်မာပိုင်အဖြစ် တင်ပြထားတာကို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်မှုတွေလုပ်ခဲ့တဲ့ နောက်ပိုင်း ပြန်ဖယ်ရှား ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကျင်းပနိုင်အောင် စီစဉ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un တို့ သဘောတူခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ကြောက်ရွံ့မှု၊ မယုံကြည်မှုတွေနဲ့ နေထိုင်နေကြရပြီး ရခိုင်ပြည်နယ်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်လည်း မရဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အစီရင်ခံ တင်ပြကြပါတယ်။
ဟေတီနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ပြင်းအား ၅.၉ ရှိတဲ့ ငလျင်လှုပ်တာကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး၊ ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဟေတီနိုင်ငံ Nord-Ouest ဒေသရဲ့ မြို့တော် Port –de-Paix မှာတင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ အစိုးရပြောခွင့်ရသူက AFP သတင်းဌာနကို ပြောပါတယ်။
အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ၇ ဦးကို မြန်မာနိုင်ငံဘက် ပြန်ပြီး လွှဲပြောင်းပေးလိုက်ပြီးနောက်မှာ ကျန်ရှိနေတဲ့ သူတွေလည်း ဌာနေပြန်ပို့ခံရမယ့် အရေးအပေါ် စိုးရိမ်နေကြပါတယ်။ အိန္ဒိယမှာ လက်ရှိ နေထိုင်နေတဲ့ ရိုဟင်ဂျာ တဦး ဖြစ်သူ Sahidullah က အခုလို ပြောပါတယ်။
VOA က Hausa ဌာနက ဝန်ထမ်းထက်ဝက်ကျော်ကို အလုပ်ဖြုတ်တာ ဒါမှမဟုတ် အလုပ်ဖြုတ်ဖို့ လုပ်တော့မှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာပဲ ကြေညာခဲ့ပါတယ်။ သူတို့ဟာ အနောက်အာဖရိကနိုင်ငံက နိုင်ငံခြားအရာရှိတဦးရဲ့ မလျှော်ကန်တဲ့ ငွေပေးမှုကို လက်ခံယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် အရေးယူ ခံကြရတာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ကံစမ်းမဲအစီအစဉ်အတွက် လျှောက်လွှာတွေ စတင်လက်ခံနေပြီဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အတွင်း တင်သွင်းကြရမှာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေးစာချုပ်ကို ရုရှားက ချိုးဖောက်တာဟာ “ငြင်းလို့မရဘူး” လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis ကပြောဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာ ဂျပန်နိုင်ငံကို လေးရက်ကြာခရီး ထွက်ခွာ မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာကျင်းပမယ့် ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ သွားရောက်တာဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်အပ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အမည်စာရင်းတင်သွင်းထားတဲ့ Brett Kavanaugh ကို အတည်ပြုခန့်ထားရေးအပေါ် အကောင်းမြင် မျှော်လင့်ချက် ရှိနေတာကိုရော စိတ်မရှည်တော့တာကိုပါ အထက် လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်တွေ ကြာသပတေးနေ့က ပြောဆိုကြပါတယ်။
နျူကလီးယားလက်နက် ကန့်သတ်တားဆီးရေးအဖွဲ့ (OPCW) အပါအဝင် ရုရှားက ဆိုက်ဘာအင်တာနက်ကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမှု အများအပြား ရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။
ကမ္ဘာ့ ဖွံ့ဖြိုးရေး မရေရာ မသေချာမှုတွေ တိုးနေချိန်မှာ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသရဲ့ ဖွံ့ဖြိုးရေးကတော့ အခြေအနေ ကောင်းနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်တဲ့ စီးပွားရေးဆိုင်ရာ အစီအရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ အီးယူ ဥရောပ သမဂ္ဂကနေ ခွဲထွက်ရေး မဟာဗျူဟာအတွက် အချင်းချင်း သွေးစည်းညီညွတ်ကြဖို့ သဘောထားကွဲလွဲမှု ရှိနေတဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီဝင်တွေကို ဝန်ကြီးချုပ် Therasa May က ပန်ကြားလိုက်ပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သူ့မိဘဆီက ငွေတွေရတာအပါအဝင် သူရဲ့ကြွယ်ဝချမ်းသာမှု အဆမတန်တိုးပွားစေရေး အခွန် ရှောင်ဖို့အတွက် မေးခွန်းထုတ်စရာ လုပ်ဆောင်ချက်တွေနဲ့ လုံးဝ လိမ်လည်ဖော်ပြတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်လို့ The Times သတင်းစာက ရေးထားတာပါ။
နောက်ထပ်ကြည့်ရှုရန်