အိန္ဒိယနိုင်ငံထဲ တရားမဝင်လာရောက်နေသူတွေကို စစ်ဆေးပြီး နေရပ်ရင်း ပြန်ပို့ဖို့ မနှစ်က ပြည်ထဲရေးဝန်ကြီးရဲ့ အမိန့်ထုတ်ပြန် ခဲ့ချိန်ကစပြီး ပထမဆုံးအဖြစ် အိန္ဒိယနိုင်ငံထဲ ရောက်နေတဲ့ ရိုဟင်ဂျာမူစလင်တွေထဲက ၇ ဦးကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုဖြစ်တဲ့ EU အဖွဲ့က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာဖြစ်တယ်လို့ EU တာဝန်ရှိသူသုံးဦးက ပြောတယ်ဆိုပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။
မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လွှတ်တော်က တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကိုတာ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး ပြန်လည်ရုပ်သိမ်းဖို့ ကနေဒါလွှတ်တော် ၂ ရပ်စလုံးက တခဲနက် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် မနေ့တုန်းကပဲ တရားဝင်ရုပ်သိမ်းလိုက်တာပါ။
ဒီနှစ်အတွက် ဓာတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကိုတော့ မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တဲ့ နည်းလမ်းတွေ၊ ဆေးဝါးနဲ့ ဇီဝလောင်စာ ပစ္စည်းသစ်တွေ ထုတ်လုပ်နိုင်မယ့် ရှာဖွေတွေ့ရှိမှုတွေအတွက် အမေရိကန်ပညာရှင် ၂ ယောက်နဲ့ ဗြိတိသျှပညာရှင် တယောက်တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ ဇနီးကို ဖမ်းဆီးထားပြီး 1MDB နိုင်ငံပိုင်လုပ်ငန်းကြီးနဲ့ ဆက်စပ်နေတဲ့ လာဘ်စားမှု အရှုပ်တော်ပုံနဲ့ စွဲချက်တင်ခံရနိုင်တယ်လို့လည်း ခန့်မှန်းရကြောင်း အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုလိုက်ပါတယ်။
ပြင်းထန်တဲ့ အဆိပ်တမျိုးဖြစ်တဲ့ Ricin အမှုန့်တွေပါတဲ့ စာအိတ်တခုကို သမ္မတ Donald Trump ထံ လိပ်မူပြီး ပေးပို့ခဲ့ပါတယ်။ ဒါဟာ အစောပိုင်းက ပင်တဂွန် အမေရိကန်စစ်ဌာနချုပ်ကို ပေးပို့စဉ် ကြားဖြတ် ဖော်ထုတ်နိုင်ခဲ့တဲ့ စာ ၂ စောင်နဲ့ ဆက်နွယ်မှုရှိမယ်လို့ ယူဆနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်းက သန်းပေါင်းများစွာသော မိုဘိုင်းဖုန်း အသုံးပြုသူတွေ အားလုံးဟာ ဒီကနေ့ အောက်တိုဘာလ ၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ “Presidential Alert” သမ္မတထံမှ သတိပေးချက် - ဆိုတဲ့ အရေးပေါ် ကြေညာချက် Text Message ကို တချိန်တည်း၊ တပြိုင်တည်း လက်ခံ ရရှိကြမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကိုတော့ အမေရိကန်ပြည်ထောင်စုက Arthur Ashkin ပြင်သစ်နိုင်ငံက Gerard Mourou နဲ့ ကနေဒါနိုင်ငံက Donna Strickland တို့ကို လေဆာရောင်ခြည် ရူပဗေဒပညာရပ်မှာ ဆန်းသစ်တီထွင်မှုတွေအတွက် ပူးတွဲချီးမြှင့်လိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဆူလာဝေဆီ ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၂၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဘေးဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ Palu မြို့ကနေ သတင်းပေးပို့ချက်တွေမှာတော့ မြို့ခံတွေက အစားအသောက်နဲ့ ရေသန့် ရဖို့ အတွက် ပိုင်ရှင်မဲ့ ဖြစ်နေတဲ့ ဈေးဆိုင်တွေထဲကို ဝင်ရောက် လုယက်နေကြတယ်လို့ ဖော်ပြကြပါတယ်။
ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးဖို့ မြန်မာ အစိုးရကို အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းကြောင်း စကာၤပူနိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက အိမ်နီးချင်း ကနေဒါနဲ့ မက်ဆီကိုနိုင်ငံတွေနဲ့ ကုန်သွယ်ရေးစာချုပ် အသစ်တခု ချုပ်ဆိုဖို့ ရခဲ့တဲ့ သဘောတူညီချက်ဟာ ကမ္ဘာပေါ်က ကုန်သွယ်ရေးသဘောတူညီချက်တွေထဲမှာ အကြီးမားဆုံးနဲ့ အကောင်းဆုံးသဘောတူညီချက် ဖြစ်ကြောင်း သမ္မတ Donald Trump နဲ့ သူ့အစိုးရအဖွဲ့တွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံကို လာရောက်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားက ခရီးသွားဧည့်သည်တွေအတွက် တနှစ် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း မြန်မာအစိုးရရဲ့ ကြေညာချက်ဟာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားခရီးသွားတွေ ပိုပြီးလာရောက်စေဖို့ ဆွဲဆောင်နိုင်မယ်လို့ ဂျပန်သတင်းတွေမှာ ဖေါ်ပြပါတယ်။
အိန္ဒိယနိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ Biometric လက်ဗွေရာ အပါအဝင် ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူပြီး ဗဟိုအစိုးရထံ တင်ပြကြဖို့ ပြည်နယ်အားလုံးကို ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Rajnath Singh က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလတုန်းက ဗုဒ္ဓဂါယာအနီးမှာ ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့မှုနဲ့ ဆက်နွယ်နေသူ ၂ ဦးကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ရော၊ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ရော အဲဒီလို ဗုံးဖောက်ခွဲဖို့ စီစဉ်ခဲ့တာလို့ အိန္ဒိယ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ NIA က ပြောပါတယ်။
ဒီနှစ်နိုဘဲလ်ဆေးသိပ္ပံပညာ ဆုရှင်တွေအဖြစ် ကင်ဆာရောဂါ ကုသနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြတဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက်တက္ကသိုလ်က James Allison နဲ့ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က Tasuku Honjo တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။
အမေရိကန်နဲ့ ကနေဒါအစိုးရ တာဝန်ရှိသူတွေ နောက်ဆုံးအချိန်အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက်၊ မနေ့နှောင်းပိုင်းမှာပဲ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ် ရရှိခဲ့ကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ မက္ကစီကို ၃ နိုင်ငံကြား အသစ်ချုပ်ဆိုလိုက်တဲ့ (USMCA) သဘောတူညီချက်သစ်ကိုတော့ နှစ်ပေါင်း အစိတ်လောက် သက်တမ်းရှိနေပြီဖြစ်တဲ့ မြောက်အမေရိက ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) နေရာမှာ အစားထိုးသွားမှာပါ။
မက်ဆီဒိုးနီးယားနိုင်ငံရဲ့အမည်ကို ပြောင်းလဲမလားဆိုတာအတွက် လူထုဆန္ဒခံယူပွဲတခုကို တနင်္ဂနွေနေ့ကလုပ်တာမှာ မဲပေးသူ အရေအတွက် နည်းပါတယ်။ ဒီလူထုဆန္ဒခံယူပွဲဟာ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ ဥရောပသမဂ္ဂ EU တို့ထဲကို မက်ဆီဒိုးနီးယားနိုင်ငံ ဝင်ရောက်ဖို့ လမ်းပွင့်သွားစေနိုင်တာပါ။
အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ သောကြာနေ့က ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့အတွက် တနင်္ဂနွေနေ့ ညနေအထိဆိုရင် သေဆုံးသူအရေအတွက် ၈၃၂ ယောက်ရှိကြောင်း အတည်ပြုနိုင်ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ဖြတ်ကျော်ပျံသန်းခဲ့ပြီး ရက်အနည်းငယ် အကြာမှာပဲ တရုတ်စစ်လေယာဉ်တွေက ပစ်ခတ်မှုတွေပါ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံစစ်ဘက်တွေပူးတွဲပြီး နှစ်စဉ်လုပ်နေကျ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်ခန်းတွေအပါအဝင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်ချက်တွေကို နောက်နှစ်မှာ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်စစ်ဘက် က သောကြာနေ့မှာပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်