မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလဆန်းပိုင်းမှာ ဂျပန်နိုင်ငံကို ၆ ရက်ကြာ ခရီးသွားရောက် ဖို့ရှိတယ်လို့ ဂျပန်အစိုးရသတင်းတွေကို ကိုးကားပြီး Japan Today သတင်းမှာ ဖေါ်ပြထားပါတယ်။
Macedonia နိုင်ငံမှာတော့ သူ့နိုင်ငံအမည်ကို ပြောင်းသင့်မသင့် လူထုဆန္ဒခံယူပွဲ အခု တနင်္ဂနွေနေ့မှာ ပြုလုပ်နေပါပြီ။ အိမ်နီးချင်း Greece နိုင်ငံနဲ့ ဆယ်စုနှစ်နဲ့ချီ အငြင်းပွားမှုကို အဆုံးသတ်ဖို့အတွက်၊ နိုင်ငံအမည်ကို မြောက်ပိုင်း မက်ဆီဒိုနီးယား အဖြစ် အမည်ပြောင်းဖို့ ဆန္ဒခံယူပွဲလုပ်တာပါ။
ဂျပန်နိုင်ငံရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ ဟွန်းရှုးကျွန်းကို ဦးတည်တိုက်ခိုက်လာနေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ နဲ့ ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရသလို၊ လျှပ်စစ်မီးပြတ်တောက်တာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
၇.၅ ပြင်းအားရှိတဲ့ ငလျင်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းကို သောကြာနေမှာ လှုပ်ခတ်ခဲ့တာကြောင့် ပြင်းထန်တဲ့ဆူနာမီ ရေလှိုင်းတွေဖြစ်ခဲ့ပြီး၊ အခု တနင်္ဂနွေနေ့ စာရင်းအရဆိုရင် ငလျင်ရော ဆူနာမီကြောင့် သေဆုံးသူ ၈၃၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း အတော်များပါတယ်။
တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူ Brett Kavanaugh က သူ့အပေါ် Christine Blasey Ford က စွပ်စွဲထားတာတွေကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ စက်တင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့က နယူးယောက်မှာ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာနက ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ ဒါပေမဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ ဖော်ပြမထားပါဘူး။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ်ကို လုပ်ဆောင်လာရေး စွဲဆောင်တဲ့အနေနဲ့ သူ့နိုင်ငံအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျော့ချပေးဖို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်တာကြောင့် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက တညီတညွတ်ထဲ ဖိအားပေး ဆောင်ရွက်နိုင်မယ့် အစီအစဉ်ကို ထိခိုက်မယ့်သဘော ဖြစ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုကို လက်ရှိကာလမှာ ရောက်လာကြတဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူ အများစုဟာ အာရှတိုက်က ပညာတတ်တွေ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ကနေဒါ အောက်လွှတ်တော်က ကြာသပတေးနေ့မှာ တညီတညွတ်ထဲ မဲခွဲဆုံးဖြတ်ပြီး ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။
“နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုကြီး” တခုလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့ သံသယနဲ့ အမျိုးသားခုနစ်ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း နယ်သာလန်ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာပြောပါတယ်။
အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်မှာ လျှို့ဝှက် နျူကလီးယားလက်နက် သိုလှောင်ရုံတခုရှိတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဖို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေ စီစဉ်နေပြီး၊ အသေးစိတ်ကို မကြာခင် ကြေညာမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံအပေါ် ထပ်တူ ယုံကြည်မှုထားတယ် ဆိုတာကို ကျမတို့ ပြသသင့်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး ရှမ်းနဲ့ ကချင်တွေ အပြင် ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က ဆိုးဝါးတဲ့ ရက်စက်မှုတွေ ထပ်တလဲလဲ လုပ်ဆောင်နေတာအတွက် တာဝန်ခံ တာဝန်ယူမှုတွေ ရှိလာစေဖို့ လုပ်ရမှာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါလွှတ်တော်က ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားတာ ပြန်ရုပ်သိမ်းရေး စပြီး ဆွေးနွေးနိုင်မယ့် အလားအလာကို ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြောလိုက်ပါ တယ်။
စစ်တပ်အပေါ် ဖိအားပေးဖို့ ကြိုးပမ်းမှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေအတွက် ဘယ်လောက်အထိ တွန်းအားတွေ ဖြစ်လာနိုင်ပါသလဲ၊ ပြန်လည်သင့်မြတ်ရေးကိုရော ထိခိုက်နိုင်ပါသလား ဆိုတာတွေကို ဗွီအိုအေရဲ့ စက်တင်ဘာ ၂၉ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်မှာ အခုအသံလွှင့်နေချိန်မှာပဲ ကြားနာနေပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါင်းစဉ်ပေးထားတဲ့ ကြားနာပွဲမှာတော့ ဗွီအိုအေရဲ့ Plugged in အစီအစဉ် တင်ဆင်သူ Greta Van Susteren နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ညွှန်ကြားရေးမှူး Stephen Pomper တို့ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုက်ဘာအင်တာနက် စွမ်းရည်ဟာ တနေ့တခြားပိုမို ကြီးထွားလာနေပြီး ကမ္ဘာမှာ ထိပ်တန်းရောက်လာနိုင်တာကြောင့်၊ အမေရိကန် ရွေးကောက်ပွဲတွေကို နှောက်ယှက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားနိုင်ငံထက်တောင် အန္တရာယ်ကြီးမားကြောင်း အမေရိကန်ထိပ်တန်း ထောက်လှမ်းရေး အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေက ဒုက္ခသည်တွေကို မနှစ်ကစီစဉ်ထားတာ ထက် ပိုလျှော့ပြီးလက်ခံသွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုချက်ကမ်းလှမ်းထားပါတယ်။
အီရန်နိုင်ငံက ကျူးကျော် ရန်စမှုတွေ ပြုလုပ်နေသမျှကာလပတ်လုံး အီရန်အစိုးရကို အထီးကျန်သွားအောင် လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Donald Trump က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အင်္ဂါနေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ခေါင်းဆောင်တွေဟာ မတည်ငြိမ်မှုတွေ၊ သေခြင်းတရားတွေနဲ့ ဖျက်ဆီးမှုတွေ ဖြစ်ပေါ်လာအောင် မျိုးစေ့ ချပေးနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာကျော် Instagram အင်တာနက်လူမှုကွန်ယက်ကို Facebook ကုမ္ပဏီက ပိုင်တာပါ။ အခုတော့ Instagram ကိုဖန် တီးထူထောင်ခဲ့သူတွေက Facebook ကုမ္ပဏီကနေနုတ်ထွက်တော့မယ်လို့ တနင်္လာနေ့ကပဲကြေညာခဲ့ပါတယ်။ သူတို့ ကိုယ်ပိုင်လုပ်ငန်းသီးသန့်ထူထောင်ဖို့ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်