၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ Donald Trump ဒီကနေ့ အင်္ဂါနေ့ မိန့်ခွန်း ပြောဆိုတာမှာတော့ သူ့အစိုးရလက်ထက် နိုင်ငံရေး စီးပွားရေး အင်အားတောင့်တင်းလာတဲ့ အခြေအနေတွေ၊ နောက် မြောက်ကိုရီးယား နျူးကလီးယား ကင်းစင်ရေး လုပ်ငန်းစဉ် တိုးတက်မှုတွေ အပြင် အရှေ့အလယ်ပိုင်း ဒေသက စစ်ပွဲတွေနဲ့ အီရန် နိုင်ငံ အပေါ်မှာတော့ သတိပေး ပြောဆိုသွားပါတယ်။
ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အလိုရှိတယ်ဆိုတဲ့ ကြေညာချက် ပုံတွေကို နယူးယောက်မြို့တဝန်းမှာ ကပ်ထားပါတယ်။
ငတ်မွတ်ခေါင်းပါးမှုကို ကြိုတင်ကာကွယ်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နဲ့ နည်းပညာ ဆိုင်ရာ ကုမ္ပဏီကြီးတွေ ပူးပေါင်းလုပ်ဆောင်မယ့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တခုကို စတင်လိုက်ပါပြီ။
ကမ္ဘာမှာ အကြီးမားဆုံး ကျန်းမာရေးစောင့်ရှောက်မှု အာမခံအစီအစဉ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။ နောက်နှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေမတိုင်ခင် ဒီအစီအစဉ်ကို စတင်လိုက်တာဖြစ်ပြီး အဆင်းရဲဆုံး နိုင်ငံသား သန်းပေါင်း ၅၀၀ ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ အာမခံထားပါတယ်။
ကမ္ဘာ့ခေါင်းဆောင် အများအပြားတက်ရောက် မိန့်ခွန်းပြောမယ့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစီအစဉ်ကို အင်္ဂါနေ့ စတင်မှာဖြစ်ပါတယ်။
တရုတ်တင်ပို့ကုန်တွေအပေါ် အမေရိကန်ဘက်က နောက်ထပ်အခွန်တိုးမြှင့်ကောက်ခံမယ့် ရက်မတိုင်ခင် တရက်အလိုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တရုတ်နဲ့ ဘယ်ကုန်သွယ်ရေးစစ်ပွဲကိုပဲ နွှဲနွဲ အမေရိကန်က အနိုင်ရမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးအဖြစ် အမည်စာရင်း အတင်သွင်းခံရသူ Brett Kavanaugh က ၁၉၈၂ ခုနှစ်တုန်းက လိင်မှုဆိုင်ရာ အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုနေတဲ့ Christine Blasey Ford ဟာ အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှာ ကြာသပတေး မနက်ပိုင်းကျရင် အများပြည်သူရှေ့မှောက် ထွက်ဆိုမှာ ဖြစ်ကြောင်း သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံတွင်းမှာ အဟာရ၊ ဆေးဝါး၊ နေအိမ် စသဖြင့် အစိုးရ ထောက်ပံ့ကူညီရေးအစီအစဉ်တွေယူထားတဲ့ ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူတွေကို တရားဝင်အမြဲတမ်းနေထိုင်ခွင့်ကန့်သတ်မယ့် အဆိုပြုချက်တခု အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက စနေနေ့နှောင်းပိုင်းက ကြေညာလိုက်ပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်တင်သွင်းခံထားရသူ Brett Kavanaugh က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခဲ့တယ်လို့ စွပ်စွဲထားတဲ့ Christine Blasey Ford အနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ လွှတ်တော် ကော်မတီရှေ့မှောက် ထွက်ဆိုဖို့ သူမရဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့ အထက်လွှတ်တော် တရားရေး ကော်မတီကြား ယာယီ သဘောတူညီချက် ရရှိသွားပါပြီ။
ခရစ်ယာန် ဂုဏ်းအုပ်ဆရာတော်တွေ ခန့်အပ်ရေး တရုတ်နဲ့ ဗာတီကန်နန်းတော်ကြားမှာ ယာယီ သဘောတူ ညီချက် စာချုပ်ကို စနေနေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှစ်ဘက်လုံးက ကြေညာခဲ့ပါတယ်။
မြန်မာမှာ ဆက်ပြီးဖြစ်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန် အခြေစိုက် မြန်မာ-အမေရိကန် မွတ်စလင်အစည်းအရုံးက ဦးစီးပြီး ကာလီဖိုးနီးယားပြည်နယ် Culver မြို့မှာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စတင်ကျင်းပမှာပါ။
Nebraska ပြည်နယ် Omaha မြို့က ဒုက္ခသည်တွေ အတွက် ပေးထားတဲ့ တိုက်ခန်းတွဲတွေဟာ သန့်ရှင်းမှုမရှိပဲ အခြေနေသိပ်ဆိုး နေတဲ့အတွက် အဲဒီမှာ နေထိုင်တဲ့ ဒုက္ခသည် ၅၀၀ လောက်ကို နေရာသစ်ပြောင်းနိုင်ရေး လူမှုဝန်ဆောင်ရေးအဖွဲ့တွေက ကြိုးစားနေပါတယ်။
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာပြန်ပို့နိုင်ရေး ဘယ်လိုလုပ်ရမယ်ဆိုတာကို နည်းလမ်းရှာဖို့ အခုကျင်းပမယ့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ တင်ပြမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားလိုက်ပါတယ်။
ပြည်ပကထုတ်လွှင့်တဲ့ လက်ရှိ နိုင်ငံတကာရေးရာ သတင်းတွေကို တရုတ်နိုင်ငံမှာ ပြသခွင့်မပြုဘဲ ပိတ်ပင်မယ့် အလားအလာ ရှိနေတာကို တရုတ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့က ရေးဆွဲထားတဲ့ စည်းကမ်းသတ်မှတ်ချက် မူကြမ်းထဲမှာ ဖော်ပြ ထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဒီကနေ့ အကြီးအကျယ် မြေပြိုမှုတွေ ကြုံခဲ့ရာက ဒါဇင်နဲ့ချီတဲ့အိမ်တွေ မြေအောက်မြုပ်ခဲ့ပြီး လူ ၁၂ ယောက် ထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နောက်ဆုံးကြုံခဲ့ရတဲ့ သဘာဝကပ်ဘေးဒဏ်အဖြစ်၊ Cebu ကျွန်းပေါ်က Naga မြို့မှာ ဒီနေ့မနက်ပိုင်းက မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၇ခုနှစ် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာထဲမှာတော့ IS နဲ့ အယ်လ်ကိုင်းဒါးတို့ဟာ သမားရိုးကျ စစ်ရေးအရ နှိမ်နင်းမှုတွေကို ရှောင်ကွင်းပြီး အလှမ်းဝေးထောက်ခံသူတွေ သူတို့နည်း သူတို့ဟန်နဲ့ တိုက်ခိုက်ကြဖို့ အင်တာနက်ကတဆင့် လှုံဆော်နေရတယ်။ အင်အားပိုမိုလျော့နည်းသွားတယ်လို့ ဆိုထားတာဖြစ်ပါတယ်။
မွတ်စလင်အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ဖက်ကို ရုတ်တရက်ကွာရှင်းနိုင်တဲ့ ဓလေ့ကို ဟန့်တားမယ့် ဗဟိုတရားရုံးရဲ့ စီရင်ထုံး တရပ်ကို အိန္ဒိယ အစိုးရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီသီတင်းပတ်ထဲ တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အရေးပါတဲ့ သံဓိဌာန်ချမှုတွေအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြိုဆိုလိုက်ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို ဒီနေ့ပဲ ဖမ်းဆီးလိုက်ကြောင်းနဲ့ နိုင်ငံပိုင်လုပ်ငန်းကနေ ငွေကြေးမသမာမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ဆက်နွယ်ပြီး ထပ်မံအရေးယူဖို့ ရှိကြောင်းလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်