တောင်-မြောက် ကိုရီးယားခေါင်းဆောင် ၂ ယောက်ကြား ရရှိခဲ့တဲ့ သဘောတူညီချက် အရ အမေရိကန် ပြည်ထောင်စု ဘက်ကလည်း လိုက်လျောညီထွေ ဆောင်ရွက်လာမယ်ဆိုရင် အဓိက နျူကလီးယား စက်ရုံဖြစ်တဲ့ Yongbyon ကို ဖျက်သိမ်းမယ့်အကြောင်း မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို စုံစမ်းဖို့ ဖွဲ့ထားတဲ့ ပြည်တွင်း ကော်မရှင်တွေ အားလုံးက ရိုဟင်ဂျာတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ဒါမှမဟုတ်လည်း တရားမျှတမှုနဲ့ ပတ်သက်ပြီး ခိုင်မာတိကျစွာ အစီရင်ခံဖို့ ပျက်ကွက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုလိုက်ပါတယ်။
ရုရှားစစ်တပ်ရဲ့ ကင်းထောက်လေယာဉ်ကို ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တာဟာ မတော်တဆဖြစ်မှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ အခြေနေတရပ်ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောကြားလိုက်ပြီး အစ္စရေးနဲ့ အခြေနေတင်းမာလာ နိုင်တဲ့ အနေထားကို လျှော့ချလိုက်ပါတယ်။
သြဇာကြီးတဲ့ မြန်မာ စစ်တပ် အနေနဲ့ နိုင်ငံရေးကနေ ဖယ်ရှားပေးဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ မူဆလင် လူနည်းစု အပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်တပ် တာဝန်ရှိသူတချို့ကို တရားစွဲဆိုနိုင်ရေး တောင်းဆိုထားတဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာမှာ အခုလို ပြောဆိုထားတာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ Donald Trump က နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Brett Kavanaugh ရဲ့ မှတ်တမ်းမှာ သေးငယ်တဲ့ အမဲစက် တစုံတရာတောင် မရှိခဲ့ဘူးလို့ သူ့ဘက်က ရပ်တည်ပြောကြားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ လာမယ့် ၂၀၁၉ အတွက် ဒုက္ခသည်အရေအတွက် ၃၀ ၀၀၀ ကိုပဲ လက်ခံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့မှာကြေညာပါတယ်။ ဒါဟာ Trump အစိုးရအဖွဲ့ အရင် လက်ခံဖို့စီစဉ်ထားတဲ့ အရေအတွက် ၄၅ ၀၀၀ ကနေ လျှော့ချလိုက်တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ VK လူမှုကွန်ယက်အကောင့်ကို ရုရှား နိုင်ငံ ၊ St. Petersburg အခြေစိုက် VKontakte ခေါ် VKလူမှုကွန်ယက်က ပိတ်လိုက်ပါတယ်။VK လူမှုကွန်ယက်ကို သုံးစွဲနေကြတဲ့သူတွေရဲ့ တိုင်းကြားချက်တွေတော် တော်များများရခဲ့ပြီးတဲ့ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ VK အကောင့်ကို ပိတ်လိုက် တာဖြစ်တယ်လို့ VKရဲ့ လူထုဆက်ဆံရေးအဖွဲ့က ဗွီအိုအေမြန်မာပိုင်းကို အီးမေးကတဆင့်ရှင်းပြခဲ့ပါတယ်။
ရုရှားအခြေစိုက် လူမှုကွန်ယက် ဆိုရှယ်မီဒီယာ VK လို့သိကြတဲ့ VKontakte က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို ပိတ်ပစ်လိုက်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံ အတွင်းက ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့နဲ့ ကျူးလွန်ခံရသူတွေကို တရားဥပဒေရဲ့ အကျိုးခံစားခွင့်ရစေရေး နိုင်ငံတကာ အသိုင်းအဝိုင်းက တတ်နိုင်သမျှ ဆောင်ရွက်ကြရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကြီး FIDH နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ALTSEAN-Burma နဲ့ Odhikar တို့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
အမေရိကန် အရှေ့တောင်ပိုင်းဒေသမှာ Florence ဟာရီကိန်း မုန်တိုင်းဒဏ်ကို ခံနေရဆဲ ဖြစ်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်ထဲမှာတော့ မုန်တိုင်းကြောင့် မိုးနဲ့အတူ ရေကြီးတဲ့ ဒဏ်ကို ခံနေရပါတယ်။
Trump အစိုးရအဖွဲ့က တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန်တိုးကောက်ခံမှုတွေလုပ်မယ်ဆိုရင် ဒီလကုန်မှာ ကျင်းပဖို့လုပ်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ တရုတ်က မပါဝင်ဘဲနေဖို့ ဖြစ်လာနိုင်တယ်လို့ တရုတ်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး တနင်္ဂနွေနေ့ထုတ် Wall Street Journal မှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံမှာလုပ်နေတဲ့ Vostok-2018 စစ်ရေးပြပွဲကြီးရဲ့ တစိတ်တပိုင်းအနေနဲ့ စက်တင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့က ဓာတု လက်နက်နဲ့ တိုက်ခိုက်တာကို လေ့ကျင့်ကြပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက လူဦးရေထူထပ်တဲ့ Guangdong ဒေသကို တနင်္ဂနွေနေ့မှာ Mangkhut တိုင်ဖုန်းမုန်တိုင်း အပြင်း အထန် ဝင်ရောက်တိုက်ခိုက်ပါတယ်။ ဟောင်ကောင်ကျွန်းကို တိုက်ခတ်ချိန်တုန်းကတော့ အပြင်းအထန်မိုးရွာပြီး လေတိုက်နှုန်း တနာရီ ၁၂၄ မိုင်ကျော်ထိရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နောက်ထပ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Harsh Vardhan Shringla က တနင်္လာနေ့မှာ ပေးအပ်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြထားပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲ အတွက် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း နောက်သီတင်းပတ် အင်္ဂါနေ့မှာ မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းကို သွားရောက်မှာ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံမှာ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ဆိုရှယ် ဒီမိုကရက်တစ် ပါတီက ထောက်ခံမဲအများဆုံး ရရှိကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။
ဖိလစ်ပိုင် မြောက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Mangkhut ကြောင့် မိုးသည်းထန် မြေပြိုပြီး လူ ၁၂ ဦးထက်မနည်းသေဆုံး၊ ၆ ဦးပျောက်ဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
လက်ရှိအချိန်ထိ အင်အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မယ့် လမ်းကြောင်းပေါ်မှာ နေထိုင်နေကြ သူ ဖိလစ်ပိုင်နိုင်ငံသား ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက ကြာသပတေးနေ့မှာ စပြီး ရွှေ့ပြောင်းကယ်ထုတ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းကို ဝင်ရောက်တိုက်ခိုက်ဖို့ရှိတဲ့ အင်အားပြင်း Florence ဟာရီကိန်း မုန်တိုင်းဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်မလာခင် ကမ်းခြေကို တဖြည်းဖြည်း ချဉ်းကပ်လာနေပါပြီ။
ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့ တာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးတဲ့နောက် အဆင့်မြင့် ဥပဒေဝန်ထမ်းတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာလ ၁၃ ရက်၊ ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်