ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေအပေါ် ငြင်းဆိုခဲ့တာအပြင် အဲဒီအဖြစ်အပျက်တွေအကြောင်း သတင်းယူနေတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် စီရင်လိုက်တဲ့ ကိစ္စဟာလည်း တရားမျှတမှုရှိကြောင်း နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုတွေဟာ ယုံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။
အမေရိကန် အရှေ့ဖက်ခြမ်းကို ချဉ်းကပ်လာနေတဲ့ Florence ဟာရီကိန်းမုန်တိုင်းရဲ့ အနားပိုင်းဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းကို စတင်ရိုက်ခတ်စ ပြုနေပါပြီ။ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်ပြီး မိုးအပြင်းအထန် ရွာသွန်းနိုင်တာကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း ကြီးမားမယ်လို့ ခန့်မှန်းရပါတယ်။
တိုင်ဖွန်းမုန်တိုင်း Mangkhut တိုက်ခတ်ရာ လမ်းကြောင်းပေါ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဖိလစ်ပိုင် အာဏာပိုင်တို့ စပြီး ပြောင်းရွှေ့ပေးနေပါပြီ။ ပြင်းထန်မှု အဆင့် ၅ နဲ့ အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်း Mangkhut က တနာရီကို လေတိုက်နှုန်း ၂၀၅ ကီလိုမီတာနဲ့ ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရဲ့ မြောက်ဘက် အစွန်ကို ဦးတည်လာနေပါတယ်။
မြန်မာနိုင်ငံဟာ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ချက်ပေးနိုင်တဲ့ နိုင်ငံဖြစ်အောင် အရပ်သားအစိုးရနဲ့ စစ်တပ်တို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်လို့ မြန်မာနိုင်ငံက ပထမဦးဆုံး ကက်သလစ်ရဟန်းအမတ်ဖြစ်လာသူ ကာဒီနယ်လ် ချားလ်စ်ဘိုက ပြောကြားလိုက်ပါတယ်။
Apple ကုမ္ပဏီက မကြာခင် ဖြန့်ချိတော့မယ့် iPhone နဲ့ Apple Watch အသစ်တွေကို ကာလီဖိုးနီးယားပြည်နယ်၊ Cupertino က ကုမ္ပဏီရဲ့ ဌာနချုပ်မှာ ပြုလုပ်တဲ့ နှစ်ပတ်လည် အခမ်းအနားအတွင်း အခမ်းအနားအတွင်း ထုတ်ဖော် ပြသလိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှာ ဟာရီကိန်း မုန်တိုင်းကြီးအတွက် ကြိုတင်ပြင်ဆင်နေကြချိန်မှာပဲ ဒီထက်ပိုမိုအင်အားကြီးမားတဲ့ မုန်တိုင်းကြီးတခုဟာ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကို ဦးတည်နေပါတယ်။
အင်အားပြင်း ဟာရီကိန်း Florence ဝင်ရောက်လာတော့မယ့် အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသက ဒေသခံ သန်းပေါင်းများစွာ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အပြီးသတ်ကြဖို့ အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူတွေ သတိပေးနေကြပါတယ်။ လတ်တလောမှာတော့ ဟာရီကိန်း Florence ဟာ လေတိုက်နှုန်း တနာရီ ၂၁၅ ကီလိုမီတာနဲ့ ပြင်းအားအဆင့် ၄ ရှိနေပါတယ်။
တရုတ်နိုင်ငံက ကမ္ဘာကျော် အွန်လိုင်း စီးပွါးရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ Alibaba ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Jack Ma ဟာ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
Australia နိုင်ငံဟာ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေကို ချက်ချင်းအဆုံးသတ် ဖို့အတွက် Australia နိုင်ငံရဲ့ ACID နိုင်ငံတကာဖွံ့ဖြိုးရေးကောင်စီနဲ့ လူ့အခွင့်ရေးအဖွဲ့ကြီး ၃ ဖွဲ့ဖြစ်တဲ့ Amnesty International, Human Rights Law Centre နဲ့ Human Rights Watch တို့က အင်္ဂါနေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုတွင်း နယူးရောက်ပြည်နယ်၊ Virginia နဲ့ Pennsylvania ပြည်နယ်တွေမျာ လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာမို့ အခု အင်္ဂါနေ့မှာ ၁၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်တွေကို ကျင်းပခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Scotland နိုင်ငံ၊ Aberdeen မြို့တော်ကောင်စီနဲ့ Amnesty International – Aberdeen အဖွဲ့ခွဲတို့က Hazlehead ပန်းခြံအတွင်းမှာ စိုက်ထူထားတဲ့ ကြေးသွန်း အမည်ပြားကို ဖြုတ်ချဖို့ Aberdeen မြို့တော်ကောင်စီက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပတဲ့ အကြီးမှားဆုံး စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။ ရုရှားအရှေ့ဖက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Vladivostok မြို့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ရဲ့ စီးပွါးရေးထိပ်သီးဆွေးနွေးပွဲမတိုင်ခင်လေးမှာပဲ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက 9/11 တိုက်ခိုက်မှုကြီး ဖြစ်ပွါးခဲ့တဲ့ ၁၇ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားတွေ ဒီကနေ့ကျင်းပကြပါတယ်။ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ ပင်ဆယ်လ်ဗေးနီးယားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၃ ထောင်လောက်သေဆုံးခဲ့ကြတာပါ။
တောင်ကိုရီးယားသမ္မတ Moon Jae-in က အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတွေအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ခိုင်မာတဲ့ သန္နိဋ္ဌာန်ချထားဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမ္မတနဲ့အိမ်ဖြူတော်အကြောင်းရေးသားထားတဲ့ Fear ဆိုတဲ့စာအုပ်ဟာ အမေရိကန်မှာ အရောင်းရဆုံး စာအုပ်အသစ်တအုပ်ဖြစ်နေပြီး ဒီစာအုပ်ဟာ သူ့ကိုစော်ကားပုတ်ခတ်ထားတဲ့စာအုပ်လို့ သမ္မတ Donald Trump က အပြင်း အထန်ကန့်ကွက်နေပါတယ်။
အမေရိကန်တပ်ဖွဲ့တွေနဲ့ အမေရိကန်ထောက်လှန်းရေးတွေအာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာပြစ်မှုကျူးလွန်မှု တွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ICC နိုင်ငံတကာပြစ်မှုခုံရုံးမှာတင်ပြီး စုံစမ်းစစ်ဆေးဖို့ ICCရှေ့နေရဲ့တောင်းဆိုချက်ကို အမေရိကန်ပြည်ထောင်စုက ပယ်ချလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ဒုတိယအကြိမ်မြောက်ထပ်ပြီးတွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက စာတစောင်ပေးပို့လာတယ်လို့ အိမ်ဖြူတော်က မနေ့တုန်းကပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေ အပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်တပ် အကြီးတန်း တာဝန်ရှိသူတွေကို တရားရုံတင်နိုင်မလားဆိုတာကို ဆွေးနွေးကြမယ့် ထိုင်းနိုင်ငံက နိုင်ငံခြား သတင်းထောက်တွေ စီစဉ်တဲ့ ဆွေးနွေးပွဲကို ထိုင်းရဲတပ်ဖွဲ့က ပိတ်ပင်လိုက်ကြောင်း AP သတင်းက ဖော်ပြပါတယ်။
အမေရိကန်စစ်တပ် နဲ့ ထောက်လှမ်းရေးအရာရှိတွေက အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့မယ်ဆိုရင် ၊ အမေရိကန်သမ္မတထရမ့် အစိုးရဘက်ကလည်း အရေးယူပိတ်ဆို့မယ်လို့ ဒီကနေ့မှာ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်တွေ ထည့်သွင်း ပြသမထားတဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဟာ ကြီးကျယ်သလို ဒါဟာ သိပ်ကို အပြုသဘောဆောင်တဲ့ ကြေညာမှုတခုဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်