အမေရိကန်ပြည်ထောင်စု အရှေ့ဘက်အခြမ်းမှာ ဟာရီကိန်းမုန်တိုင်း Florence ဟာ ဒေသစံတော်ချိန် တနင်္လာနေ့မှာ ပိုမိုအားကောင်းလာပြီး အားပြင်းမုန်တိုင်းကြီးတခု ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းကြပါတယ်။
နယူးယောက်မြို့မှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ ၂၀၁၈ ခုနှစ် US Open တင်းနစ်ပြိုင်ပွဲ၊ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ ဆားဘီးယား ဝါရင့် တင်းနစ်အားကစားသမား Novak Djokovic က အာဂျင်တီးနား တင်းနစ်အကျော်အမော် Juan Martin del Potro ကို ၆-၃၊ ၇-၆၊ ၆-၃ နဲ့ သုံးပွဲပြတ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေးဖြစ်မြောက်အောင် IDB အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားတိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က တနင်္ဂနွေနေ့မှာ ပန်ကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်မှာ IDB ဘဏ် စတင်ဖွင့်လှစ်တဲ့ အခန်းအနားအတွင်း အဲဒီလိုပြောသွားတာပါ။
ဆွီဒင်နိုင်ငံမှာ အခု တနင်္ဂနွေနေ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပနေပါပြီ။ Scandinavian ဒေသ တိုင်းပြည်တပြည်ဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ လစ်ဘရယ်အယူအဆခိုင်မာအားကောင်းပေမယ့်လို့ အခုရွေးကောက်ပွဲမှာတော့ အဲဒီ အခြေအနေ ပြောင်းသွားနိုင်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့ရဲ့ မနေ့ ညပိုင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတဲ့ ဒါဇင်နဲ့ချီတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲမှာ ခရိုင် ရဲချုပ်တဦးလည်း ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
မြောက်ကိုရီးယား ကွန်ပြူတာ ဟက်ကာတဦး ဖြစ်တဲ့ Park Jin Hyok ကို ရာဇဝတ်ပြစ်မှုနဲ့ စွဲချက်တင်လိုက်ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။
အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင် ထဲက တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ကျွန်းတွေနားမှာ ဗြိတိသျှ တော်ဝင် စစ်သင်္ဘောကြီးတစင်း ဖြတ်သန်းသွားခဲ့တဲ့ နောက်မှာ ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့ တရုတ်က ဗြိတိန်ကို စွပ်စွဲလိုက်ပါတယ်။
သမ္မတ Donald Trump ရဲ့ “ညံ့ဖျင်း နိမ့်ကျပြီး ထိရောက်မှုမရှိတဲ့” ခေါင်းဆောင်မှုပုံစံအပေါ် ဝေဖန်ထားတဲ့ NewYork Times သတင်းစာပါ ဆောင်းပါးကို အမည်မဖော်ဘဲ ရေးသားထားသူဟာ သူတို့မဟုတ်ဘူးလို့ သမ္မတထရမ့်ပ် အစိုးရအဖွဲ့ထဲက ထိပ်တန်းတာဝန်ရှိသူတွေက ငြင်းဆန် ပြောဆိုနေကြပါတယ်။
Facebook မှာ မြန်မာကနေ အင်္ဂလိပ်လို ဘာသာပြန်ပေးတဲ့ ဝန်ဆောင်မှုကို အခု ရပ်ဆိုင်း လိုက်ပါပြီ။ ဘာသာပြန် ထားတာတွေဟာ မှားယွင်းနေတဲ့အကြောင်း ရိုက်တာ သတင်းဌာနက စုံစမ်း တင်ပြခဲ့ပြီးတဲ့နောက်မှာ အခုလို ရပ်ဆိုင်းလိုက်တာပါ။
ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ မုတ္တမပင်လယ်ကွေ့မှာ စွန့်ပစ်ခံခဲ့ရတဲ့ နိုင်ငံခြား ကုန်တင်သဘောၤနဲ့ ပတ်သက်ပြီး ဒီသဘောၤကို ထားခဲ့တဲ့ တွဲဆွဲရေယာဉ်က အင်ဒိုနီးရှား သဘောၤသား ၁၃ ဦးကို ထိမ်းသိမ်းစစ်ဆေးနေတဲ့အကြောင်းနဲ့၊ သူတို့ကို ဥပဒေနဲ့အညီ အရေးယူရေး ရှေ့နေချုပ်ရုံးကို တင်ပြထားတဲ့အကြောင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်း Hokkaido ကျွန်းမှာ ပြင်းအား ၆.၇ ရှိတဲ့ ငလျင်တခု ဒီနေ့လှုပ်ခတ်ခဲ့ရာက သေဆုံးသူအဖြစ် တရားဝင် အတည်ပြုနိုင်သူ ၇ ဦးအထိ ရှိသွားပါပြီ။
New York Times သတင်းစာကြီးမှာ ဆောင်းပါးရေးသားခဲ့တဲ့ အမည်မဖော်လိုသူ အမေရိကန်အစိုးရ အရာရှိဟာ သူမဟုတ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဆောင်းပါးမှာတော့ သမ္မတ Donald Trump ရဲ့ အသေးအဖွဲကိစ္စတွေနဲ့ ထိရောက်မှု မရှိတဲ့ ဦးဆောင်မှုကြောင့် အောင်မြင်မှုမရှိတဲ့အကြောင်း ရေးသားထားတာပါ။
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီးအဖြစ် ရွေးချယ်ခံ Brett Kavanaugh က တရားစီရင်ရေးဟာ သမ္မတရဲ့ သြဇာအာဏာလက်အောက်က လွတ်ကင်းစေမယ်လို့ အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ဗုဒ္ဓဟူးနေ့က ထွက်ဆိုသွားပါတယ်။
မြန်မာစစ်တပ်ဟာ ခရစ္စယာန်ဘာသာဝင် တိုင်းရင်းသား ကချင်မျိုးနွယ်စုတွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ညှဉ်းပန်း နှိပ်ကွပ်နေဆဲဘဲလို့ ရဟန်းအမတ် Cardinal Charles Bo က ပြောကြားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သူပုန်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နောက်ဆုံးနေရာဖြစ်တဲ့ Idlib ဒေသမှာ ဆီးရီးယားအစိုးရက ရုရှားနဲ့ အီရန်တို့ရဲ့ အကူအညီနဲ့ ဓါတုလက်နက်တွေ သုံး တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က သင့်တော်သလို လျင်လျင်မြန်မြန် တုန့်ပြန်သွားမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးလိုက်တဲ့ တရားရုံး စီရင်ချက်ကို ပြန်လည် ပြင်ဆင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် ဒုသမ္မတ Mike Pence က တိုက်တွန်းလိုက်ပါတယ်။
လစ်လပ်နေတဲ့ ၉ ယောက်မြောက် အမေရိကန် နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးနေရာမှာ အမေရိကန် သမ္မတ Donald Trump အမည်စာရင်းးတင် သွင်းခဲ့တဲ့ ပြည်ထောင်စု တရားသူကြီး Brett Kavanaugh က သူ့ရဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်ဖြစ်တဲ့ တရားသူကြီး တဦးဟာ ဥပဒေ ချမှတ်ဖို့ မဟုတ်ပဲ ဥပဒေ အတိုင်းကျင့်သုံးရမှာ ဖြစ်ကြောင်း အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း နေရာတော်တော်များများကို Jebi တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာတဲ့အတွက် လူပေါင်း တသန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။ မုန်တိုင်းကြောင့် လူ ၆ ယောက်ထက်မနည်းလည်း သေဆုံးခဲ့တာပါ။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့အပေါ် အပြင်းအထန် ဝေဖန်လေ့ရှိတဲ့ အတိုက်အခံ လွှတ်တော်အမတ်တဦးရရှိထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဖျက်သိမ်းပြီး ဖမ်းဆီးဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အထက်လွှတ်တော်အမတ် Antonio Trillanes ဟာ ၂၀၀၃ ခုနှစ်က မအောင်မြင်တဲ့အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရထားတာပါ။
သတင်းအကျဉ်းချုပ် (၀၉-၀၄-၂၀၁၈)
နောက်ထပ်ကြည့်ရှုရန်