အာဖရိကတိုက် အတွင်း စက်မှုဖွံ့ဖြိုးရေးကနေအခြေခံ အဆောက်အဦ အထိ ကဏ္ဍပေါင်းစုံ အတွက် ရည်ရွယ်ပြီး တရုတ် အစိုးရက အာဖရိက အတွက် ရံပုံငွေ အသစ်အဖြစ် ဒေါ်လာ ၆၀ ဘီလီယံ ပိုတိုးပေးဖို့ ကတိပြုလိုက်ပါတယ်။ ဒါ့အပြင် အာဖရိက နိုင်ငံတွေ အနေနဲ့ အတိုးမဲ့ ချေးငွေတွေ ဒီနှစ်ကုန်ပိုင်းမှာ ပြန်ဆပ်ရတော့မယ့် အချိန်မှာဘဲ အကြွေးတွေ ပြန်ဆပ်စရာ မလိုအောင် ဆောင်ရွက်ပေးမယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက နေရာဒေသ အတော်များများမှာ မိုးသည်းထန်ပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၃ သိန်းခွဲနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ မြန်မာအစိုးရက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့မှာ ဖြစ်မှုထင်ရှား တွေ့ရှိပြီး ထောင်ဒဏ် (၇) နှစ်စီ ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ဒီကနေ့ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် ထောင်ဒဏ် ၇ နှစ် တရားရုံးအမိန့် ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ နိုင်ငံတကာက တုန့်ပြန်လာကြပါတယ်။
ဘရာဇီလ်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ပြတိုက်ကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်တော့မယ်လို့ မီးသတ်ဌာန ပြောခွင့်ရက ဒီကနေ့ တနလာၤနေ့ အစောပိုင်းမှာ ပြောဆိုပါတယ်။ မီးလောင်တာကို အပြီးသတ် ငြှိမ်းသတ်နိုင်ဖို့ အတွက် နောက်ထပ် နာရီပိုင်းလောက် အချိန်ယူရဦးမယ်လို့လည်း Roberto Robadey က ပြောပါတယ်။ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ National Museum - အမျိုးသား ပြတိုက်မှာ ရှေးဟောင်း ပစ္စည်း သန်း ၂၀ ကို ထိန်းသိမ်းထားတာပါ။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ ဒေသတွင်းခရီးစဉ်တခုအဖြစ် တနင်္ဂနွေနေ့က အစ္စရေးလ်နိုင်ငံမှာရောက်နေပါတယ်။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်း ၆၀ ကျော် သံတမန်ဆက်ဆံရေးအတွင်း ဖိလစ်ပိုင်ခေါင်းဆောင်တဦးအနေနဲ့ အစ္စရေးလ်နိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားလက်နက်ကင်းစင်တဲ့ ဒေသအဖြစ်လုပ်ဆောင်ဖို့ ကြိုးစားနေမှုတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားက စစ်ရေးပြပွဲတခုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ တင့်ကားတွေ၊ လေယာဉ်ပစ်ဒုံးကျည်တွေ၊ ရော့ကက်လောင်ချာတွေ အပါအဝင် ခြေမြန်တပ်သားတွေနဲ့ လက်နက်မျိုးစုံပါဝင်တဲ့ စစ်ရေးပြပွဲတခု မြောက်ကိုရီးယားမှာ ပြသဖို့ ပြင်နေတာကို ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။
အမေရိကန်နဲ့ ဂျပန် ရေတပ်ဖွဲ့တွေပူးတွဲပြီး သောကြာနေ့က တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်ကြတယ်လို့ အမေရိကန်ရေတပ်ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ လစ်ဗျားအစိုးရက လစ်ဗျားနိုင်ငံရဲ့မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အဲဒီနေရာတွေမှာ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ရက်တွေအတွင်း အရပ်သား တွေအပါအဝင် လူပေါင်း ၃၉ ယောက် သေဆုံးထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရ သူရဲကောင်းတဦးဖြစ်တဲ့ ကွယ်လွန်သူ Arizona အထက်လွှတ်တော်အမတ် John McCain အတွက် သတိရအောက်မေ့ဘွယ် အခန်းအနားတွေ ၅ ရက်ကြာ ကျင်းပပြီးစီးတဲ့ တနင်္ဂနွေနေ့မှာပဲ သူတက်ရောက်ပညာသင်ကြားခဲ့တဲ့ မေရီလန်းပြည်နယ် Annapolis မြို့တော်က အမေရိကန်ရေတပ်အကယ်ဒမီကျောင်း စစ်သချိုၤင်းမှာ သူ့ကို မြှပ်နှံသဂြိုၤဟ်ခဲ့ပါတယ်။
အာဖဂန်ဆိုင်ရာ အမေရိကန် တပ်ဖွဲ့တွေနဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO တပ်ဖွဲ့တွေရဲ့ ၁၇ ဦးမြောက် တပ်မှူး အပြောင်းအလဲ တာဝန်ယူပွဲကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မြို့တော် ကာဘူးလ်းမှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် မတူကွဲပြားတဲ့ ပုံစံတွေနဲ့ ချဉ်းကပ်နေကြတဲ့ အရှေ့နဲ့အနောက် နိုင်ငံတွေထဲမှာ ဘယ်သူက တိုင်းပြည်အတွက် လက်တွေ့ အကျိုးများနိုင်ပါသလဲ၊ မိတ်ဆွေကောင်း ဘယ်သူဖြစ်နိုင်သလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ စင်္ကာပူမှာ တွေ့ဆုံစဉ်က အဲဒီ တွေ့ဆုံမှုအပြီး ကိုရီးယားစစ်ပွဲ ပြီးဆုံးကြောင်း ကြေညာစာတမ်းကို သူ့အနေနဲ့ လက်မှတ်ထိုး ထုတ်ပြန်မယ်လို့ သမ္မတ Donald Trump က မြောက်ကိုရီးယား ခေါင်းဆောင်ကို ကတိပြုခဲ့ကောင်း ပြုခဲ့နိုင်တယ်ဆိုတဲ့အကြောင်း အမေရိကန်သတင်းမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက သူတို့ယူဆချက်အားဖြင့် Azov ပင်လယ်နဲ့ Kerch ရေလက်ကြားတို့မှာ သွားလာနေတဲ့ နိုင်ငံတကာ ရေယာဉ်တွေကို ရုရှားတို့က ဟန့်တားနှောက်ယှက်နေတယ်လို့ ဆိုတာတွေကို ဆက်မလုပ်ဖို့ ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ အဲဒီလုပ်ရပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့စီးပွားရေး အားနည်းသွားစေဖို့ ကြိုးစားတာဖြစ်တယ်လို့ဆိုပြီး ရပ်ပစ်ဖို့ ပြောတာပါ။
WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်ဆောင်ရင် အမေရိကန်ပြည်ထောင်စုကို အဖွဲ့ထဲက နှုတ်ထွက်မယ်လို့ သမ္မတ Donald Trump က ကြာသပတေးနေ့က Bloomberg သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ခြိမ်းချောက် ပြောကြား လိုက်ပါတယ်။ ဒါဟာ WTO အပေါ် ဝေဖန် သမ္မတ Trump က နောက်ဆုံးအကြိမ် ထပ်မံ ဝေဖန်လိုက်ပြန်တာလည်း ဖြစ်ပါတယ်။
ကွယ်လွန်သူ အမေရိကန် အထက်လွှတ်တော်အမတ် John McCain ကို ဗီယက်နမ် အဖွဲ့အစည်း ၂၀၀ ကျော်က ကိုယ်စားလှယ် တွေနဲ့ တခြားလူပုဂ္ဂိုလ်တွေ ဟနွိုင်းမြို့တော်က အမေရိကန်သံရုံးကို ဒီသီတင်းပတ်အတွင်း သွားရောက် ဂုဏ်ပြု နှုတ်ဆက်ကြ တယ်လို့ ဗီယက်နမ်အစိုးရပိုင် VNA သတင်းဌာနနဲ့ Tin Tuc သတင်းဌာနတို့ရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နီပေါလ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နည်းပညာနှင့် စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလား ပင်လယ်အော်အစီအစဉ်လို့ဆိုရမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို ခတ္တမန်ဒူမြို့တော်မှာ ကြာသပတေးနေ့ကစပြီး နှစ်ရက် ကြာ ကျင်းပနေပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်ခံနေရပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုတော့ ပြန်လည်ရုပ်သိမ်းမှာ မဟုတ်ကြောင်း နိုဘဲလ်ကော်မတီက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ မြန်မာ့စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ အာဏာတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာ မရှိတဲ့အတွက် အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ကို အပြစ်တင်လို့မရဘူးလို့ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်