ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် John McCain ရဲ့ အောက်မေ့ဂုဏ်ပြုဖွယ် အခမ်းအနားကို အရီဇိုးနာပြည်နယ်မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
အမေရိကန်နဲ့ မက်ဆီကို ၂ နိုင်ငံကြား ရရှိခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ ယာယီသဘောတူညီချက်ဟာ ၂ နိုင်ငံစလုံးအတွက် အကျိုးရှိကြောင်း အမေရိကန်ကုန်သွယ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Robert Lighthizer ကယုံကြည်ကြောင်းနဲ့ ဒါဟာ အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေအတွက် အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA ရိုဟင်ဂျာ အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းနီးပါး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုရည်ရွယ်တဲ့ ပြစ်မှုအဖြစ်သတ်မှတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဆုံးဖြတ်ချက်ချနိုင်သေးတာ မရှိသေးတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ ဖျက်သိမ်းခံရတဲ့ နိုင်ငံရေး ပါတီက ပါတီဝင် ၁၄ ဦးကို အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆယ်စုနှစ် ၃ ခု နိုင်ငံ အာဏာကို ရယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကို ထပ်ပြီး သက်တမ်းတိုးပေးလိုက်တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ပိုင်း အခုလို လွှတ်ပေးတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာပဲ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။
ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၈၁ နှစ်အရွယ် အမေရိကန် အထက်လွှတ်တော် အမတ် John McCain ကို နောက်ဆုံး အနေနဲ့ အောက်မေ့ ဂုဏ်ပြုတဲ့ အခမ်းအနားတွေထဲက တခုဖြစ်တဲ့ စနေနေ့ အောက်မေ့ဂုဏ်ပြုပွဲကိုတော့ နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေကြသူတွေရော၊ အရင်က တာဝန်ထမ်းဆောင်သူတွေရော လာရောက်ကြဖို့ ရှိနေပါတယ်။
ရိုဟင်ဂျာ မူဆလင် အရေးနဲ့ ပတ်သက်ပြီး ဖိအားပေးနေတာတွေက ပြသနာကို ဖြေရှင်းရေး အထောက်အကူ မဖြစ်ဘူးလို့ တရုတ်ဘက်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့တာပါ။
သတင်းအကျဉ်းချုပ် (၀၈-၂၈-၂၀၁၈)
ကွယ်လွန်သူ အမေရိကန်လွှတ်တော်အမတ် John McCain ရဲ့ နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားရေးရာဆိုင်ရာ လုပ်ဆောင်ခဲမှုတွေနဲ့ ပတ်သက်ပြီး အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဂုဏ်ပြုချီးကြူးမှုတွေနဲ့ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ လမ်းတလမ်းကို သူ့နာမည်ပေးဖို့ တောင်းဆိုမှုတွေ အပါအဝင် ဂုဏ်ပြုမှတ်တမ်းတင်မှုတွေ လုပ်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Jacksonville မြို့မှာ တနင်္ဂနွေနေ့ လုပ်ခဲ့တဲ့ ဗီဒီယိုဂိမ်းပြိုင်ပွဲအတွင်း သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့လို့ ၂ ယောက်သေဆုံးပြီး ၉ ယောက်ဒဏ်ရာရသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီနောက် သေနတ်သမားဟာလည်း သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ဆိုပါတယ်။
တနှစ်ကြာ ဦးနှောက်ကင်ဆာ ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် John McCain ကို အာရီဇိုးနားနဲ့ ဝါရှင်တန်ဒီစီတို့မှာ အခမ်းအနားတွေနဲ့ ဂုဏ်ပြုကြမှာပါ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook လူမှုကွန်ယက် အကောင့်ကို Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့် ပိတ်ပစ်လိုက်ကြောင်း Facebook က ဒီကနေ့ ကြေညာပါတယ်။
အိန္ဒိယ နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးရသူ ဦးရေဟာ တနင်္ဂနွေနေ့အထိဆို ၄၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ရေပြန်ကျသွားတာနဲ့ အမျှ နောက်ထပ် အလောင်း ၂၈ လောင်းထပ်တွေ့ ရှိခဲ့သလို ရှင်းလင်းရေးကိုလည်း ထုနဲ့ထည်နဲ့ လုပ်နေရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖလော်ရီဒါပြည်နယ်၊ Jacksonville မြို့လည်က ကုန်တိုက်ကြီးတခုမှာ လူအများအပြားကို သေနတ်နဲ့ပစ်ခတ်တာကြောင့် ထိခိုက် သေဆုံးသူတွေရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။
အထင်ကရ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း အသက် ၈၁ နှစ်အရွယ်မှာ စနေနေ့က ကွယ်လွန်သွားပြီးတဲ့ နောက် ကမ္ဘာတဝန်းနဲ့ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေရဲ့ ဝမ်းနည်း ဂုဏ်ပြုစကားတွေ ဆက်တိုက် ထွက်လာနေပါတယ်။
ဂျပန်နိုင်ငံမှာ လက်ရှိအာဏာရပါတီရဲ့ အကြီးအကဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဝန်ကြီးချုပ် Shinzo Abe က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒါဟာဖြင့် အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်တွေ သက်တမ်းရှည်ရှည်မခံလှဘဲ မကြာခန အပြောင်းအလဲ ဖြစ်လေ့ရှိတဲ့ ဂျပန်နိုင်ငံမှာ မစ္စတာ Abe အနေနဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသလို အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး သူ့ရဲ့အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်လည်း တွန်းအားဖြစ်လာပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ရက်စက်တဲ့ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုမျိုး လုပ်ရာမှာ တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Mike Pompep က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ရိုမန် ကက်သလစ် ကျောင်းတော်ကို တုန်လှုပ်စေခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားမှု အရှုပ်တော်ပုံတွေ အတွက် ဘုရားသခင် ခွင့်လွှတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က တောင်းပန်ခဲ့ပါတယ်။
Ford မော်တော်ကားကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ Stephen Biegun ကို မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ရွေးချယ်လိုက်ပါတယ်။
အမေရိကန်က ဒေါ်လာ ၁၆ ဘီလျံဖိုး ကုန်ပစ္စည်းတွေ အပေါ် အခွန်ကောက်တာနဲ့ ပတ်သက်ပြီး WTO ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီးကို ဥပဒေ အခန်း ၃၀၁ အရ စုံစမ်း စစ်ဆေးပေးဖို့ သူတို့ တိုင်ကြားခဲ့ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်