နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဗြိတိန်နိုင်ငံ၊ စကော့တ်လန်၊ Edinburgh မြို့တော်က ချီးမြှင့်ထားတဲ့ Freedom of Edinburgh ဆုကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေ မကျင်းပခင်ရက်ပိုင်းအလို ၂၀၁၆ ခုနှစ်ထဲမှာ ကိုယ်ပိုင်ရှေ့နေတဦးဖြစ်တဲ့ Michael Cohen ကတဆင့် နှုတ်ပိတ်ခငွေပေးခဲ့တာဟာ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ပေးခဲ့တာသာဖြစ်ပြီး၊ မဲဆွယ်ပွဲရန်ပုံငွေထဲက သုံးစွဲခဲ့တာ မဟုတ်ကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် သွင်းကုန်ခွန်တိုးမြှင့်တဲ့ အစီအစဉ်သစ်တွေကို ဒီနေ့မှာ တရားဝင်စတင်လိုက်ကြပါပြီ။ အမေရိကန် ဘက်ကတော့ ဒေါ်လာ ၁၆ ဘီလီယံ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ဒီလဆန်းမှာပဲ ကြေညာထားတာပါ။
ပြင်သစ်နိုင်ငံ ပါရီမြို့တော် ဆင်ခြေဖုံးအရပ်မှာ ဒီကနေ့ ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားရာက လူ ၂ ဦး သေဆုံးပြီး၊ တဦးအပြင်းအထန် ဒဏ်ရာရသွားပါတယ်။
၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက် ARSA တိုက်ခိုက်မှုတွေရဲ့ နှစ်ပတ်လည်နေ့ နီးကပ်လာပြီး လူထု မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အမေရိကန်သံရုံးဝန်ထမ်းတွေအနေနဲ့ ၂၀၁၈ခုနှစ် သြဂုတ်လ ကုန်ဆုံးတဲ့ ကာလအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏကျွန်း၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေကို ခရီးသွားခြင်းမပြုကြဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတိပေးထားပါတယ်။
အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ရဲ့ al-Furqan သတင်းဌာနက အင်္ဂါနေ့မှာ Abu Bakr al-Baghdadi ဆီက လို့ပြောတဲ့ ၅၄ မိနစ်ကြာ မိန့်ခွန်းရှည်ကြီးကို “သီးခံစိတ်ရှည်သူတွေအတွက် ဝမ်းမြောက်ဖွယ်လှိုင်းလုံးတွေ ပေးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း SITE ထောက်လှန်းရေး အဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ ရှေ့နေဟောင်း Michael Cohen ရဲ့ သစ္စာရှိမှုနဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။ ရှေ့နေကောင်း ရှာနေသူတွေ အဖို့ Cohen ကို မငှါးသင့်ဘူး လို့လည်း သူ့ တွစ်တာမှာ ရေးပါတယ်။
အမေရိကန်မှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ရုရှားနဲ့ အီရန်နိုင်ငံတို့နဲ့ ဆက်နွယ်နေတဲ့ ရာချီတဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို ပိတ်လိုက်ကြောင်း အင်တာနက် လူမှုကွန်ယက် လုပ်ငန်းကြီးတွေ ဖြစ်ကြတဲ့ Facebook နဲ့ Twitter တို့က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှူးဟောင်း Paul Manafort အပေါ် ရာဇဝတ်ကြောင်းနဲ့ အပြစ်ရှိကြောင်း ပြည်ထောင်စုတရားရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် စိတ်မချမ်းမသာ ဖြစ်နေပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို လက်ခံအသိအမှတ်ပြုတဲ့အနေနဲ့ El Salvador နိုင်ငံက ထိုင်ဝမ်နဲ့ သံတမန် အဆက်အဆံ ဖြတ်တောက်လိုက်ပြီး အင်္ဂါနေ့က တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းလောက်ကို ပြန်လည်လက်ခံရာမှာ ကူညီဖို့အတွက် မြန်မာအစိုးရက သဘောတူထားပေမယ့် အခုထိ ရခိုင်ပြည်နယ်ထဲကို သွားရောက်နိုင်ဖို့ ကုလသမဂ္ဂက စောင့်ဆိုင်းနေရတုန်းပဲလို့ ကုလသမမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby က Reuters သတင်းဌာနကို ပြောကြောင်း ဖေါ်ပြထားပါတယ်။
သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲဟောင်း Paul Manafort အနေနဲ့ သူ့အပေါ် တင်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ စွဲချက် ၁၈ ခုထဲက ၈ ခု အပေါ် ခုံသမာဓိအဖွဲ့ ပြစ်မှု ထင်ရှားကြောင်း အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်တဲ့အပေါ် သမ္မတ Trump က ဝမ်းနည်းကြောင်း ပြောကြားလိုက်ပါတယ်။ မစ္စတာ Manafort အနေနဲ့ ဒီ ဆုံးဖြတ်ချက်ကြောင့် ဆယ်စုနှစ်နဲ့ချီပြီး ထောင်ဒဏ် ကျခံရကိန်း ရှိနေပါတယ်။
မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှု ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ဒေသတွင်းကိုပါ ရိုက်ခတ်လာနိုင်ကြောင်း စင်္ကာပူမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ဆောက်လုပ်မယ့် ဒေါ်လာသန်းထောင်ချီ တန်ဘိုးရှိတဲ့ အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခုကို ဖျက်သိမ်းလိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် Mahathir Mohamad ကကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ၅ ရက်ကြာ ခရီးစဉ် အဆုံးသတ်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ မလေးရှားဝန်ကြီးချုပ်က ကြေညာလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုနဲ့ တူရကီနိုင်ငံအကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေပေမယ့်လည်း ဆီရီးယားနိုင်ငံအတွင်းမှာတော့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေ ထဲထဲဝင်ဝင် ရှိနေပါတယ်။ နေတိုးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒီ ၂ နိုင်ငံ ပူးပေါင်းပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်း Manbij ဒေသမှာ ပူးတွဲ ကင်းလှည့်မှုတွေ မကြာခင်မှာ ပြုလုပ်ကြတော့မှာဖြစ်ကြောင်း တူရကီစစ်တပ်က ပြောပါတယ်။
စင်ကာပူနိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းကို သွားရောက်ခဲ့ပြီး ကျောင်းဘုတ်အဖွဲ့အကြီးအကဲဖြစ်တဲ့ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး Mr. Goh Chok Tong နဲ့ တွေ့ဆုံခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းနဲ့ အနီးအနားက Sumbawa ကျွန်းတို့မှာ မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးရပါတယ်။ ၆ ဒသမ ၉ မဂ္ဂနီကျူ ပြင်းအားရှိတဲ့ ငလျင်ကြောင့် အဓိက သေဆုံးရတဲ့ အကြောင်းရင်းကတော့ အဆောက်အအုံတွေ ပြိုကျတာကြောင့် ဖြစ်တယ်လို့ ဘေးဒုက္ခ စီမံခန့်ခွဲရေး ဌာန ပြောခွင့်ရ Sutopo Purwo Nugroho က ပြောပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်သစ် Imran Khan က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ နိုင်ငံစီးပွားရေး အကျပ်အတည်းဆိုက်နေတာကို ဖြေရှင်းဖို့ အစိုးရအသုံးစရိတ် ဖြတ်တောက်ရေးတွေအပါအဝင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျယ်ပြန့်တဲ့အစီအစဉ်တွေကို တနင်္ဂနွေနေ့ညက တနိုင်ငံလုံးကိုပြောတဲ့ ပထမဆုံးမိန့်ခွန်းထဲမှာ ချပြ ပြောဆိုသွားပါတယ်။
ဆော်ဒီ အာရေးဘီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကစတင်တဲ့ Hajj ဘုရားဝတ်ပြုပွဲအတွက် ကမ္ဘာတဝန်းက မွတ်ဆလင် နှစ်သန်း ကျော် ရောက်နေကြပြီဖြစ်ပါတယ်။ဒီပွဲတော်ဟာဖြင့် အရင်ကနဲ့မတူတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီ အာရေးဘီးယားမှာ နှစ်စဉ်လုပ်တဲ့ ကမ္ဘာ့ အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးရသူပေါင်း ၃၅၀ ကျော်သွားပြီဖြစ်ပြီး ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သား တွေကတော့ တနင်္ဂနွေနေ့မှာလည်း အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်