အင်ဒိုနီးရှားနိုင်ငံ၊ Lombok ကျွန်းမှာ တနင်္ဂနွေနေ့က ၆.၉ ပြင်းအားရှိတဲ့ ငလျင်တခု ထပ်လှုပ်ပါတယ်။ အဲဒီမတိုင်ခင်က ၆.၃ ပြင်းအားရှိတဲ့ ငလျင်လှုပ်အပြီး နာရီပိုင်းအတွင်းမှာပဲ နောက်ထပ်ငလျင်လှုပ်တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ကတော့ ဘင်္ဂလားဒေရှ့်ဘက်က ငါးဖမ်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း စားဝတ်နေရေး အတွက် ဝင်ငွေရှာနေကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း အသက် ၈၀ အရွယ် Kofi Annan ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ လေးစားဖွယ်ကောင်းတဲ့ အမျှော်အမြင်ရှိသူတဦး ဆုံးရှုံးရတာဖြစ်တယ်လို့ ကုလလက်အောက်ခံ IOM နိုင်ငံတကာရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာအဖွဲ့ ကပြောပါတယ်။
အီရန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ Donald Trump အစိုးရက ခန့်အပ် တာဝန်ပေးခံရသူက - သူတို့အဖွဲ့အနေနဲ့ နျူကလီးယားလက်နက်၊ အကြမ်းဖက်မှုနဲ့ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီး ထိန်းသိမ်းထားခြင်းဆိုင်ရာ အီရန်အစိုးရရဲ့ အပြုအမူ သဘောထားတွေ ပြောင်းလဲလာအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် သုံးကြိမ် ထမ်းဆောင်ဖူးသူ Atal Bihari Vajpayee ဟာ ကာလတာရှည် မကျန်းမမာ ဖြစ်နေပြီးတဲ့နောက် ကြာသပတေးနေ့က နယူးဒေလီမြို့တော်မှာ ကွယ်လွန်သွားပါပြီ။
မြန်မာနိုင်ငံအတွင်း အမုန်းတရား ပြန့်ပွားမှုတွေနဲ့ သတင်းမှားတွေ ဖြန့်ချိနေတာကို ဟန့်တားမယ့် အစီအစဉ်ကို Facebook လူမှုကွန်ယက် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတတွေနဲ့ မီဒီယာကြား အဖုအထစ်တွေ ရှိခဲ့ဘူးပေမဲ့၊ သမ္မတ Donald Trump လက်ထက်မှာ ဝေဖန်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် မီဒီယာတွေ စုစည်းပြီး တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြီးခဲ့တဲ့နှစ်ထဲ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သုံးနှုန်းပြောဆိုရမယ့် အဆင့်အထိ ရောက်-မရောက် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း အမေရိကန် အစိုးရက ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ မုတ်သုန်မိုး အပြင်းအထန်ရွာပြီး ရေကြီးတာ၊ မြေပြိုတာ၊ တံတားတွေ ကျိုးကျတာက နေ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူပေါင်း ၆၇ ယောက်ထက်မနည်း သေဆုံးပြီးတော့ လေကြောင်းနဲ့ ရထားလိုင်းတွေလည်း ရပ်ဆိုင်းကုန်တယ်လို့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာကို ချိုးဖောက်တယ်လို့ဆိုပြီး တရုတ်၊ ရုရှားနဲ့ စင်္ကာပူကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု F ပွဲစဉ်တွေကို သြဂုတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားတာမှာ မြန်မာနဲ့ မြောက်ကိုရီးယားတို့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံမှာ သြဂုတ်လ ၂၁ ရက်နေ့ကျရင် Singapore Lecture ဆိုတဲ့ မူဝါဒရေးရာ မိန့်ခွန်းတခု ပြောဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောမယ့် ဒီ Singapore Lecture ဟာ ၄၃ ကြိမ်မြောက်ဖြစ်ပြီး ၄၂ ကြိမ်မြောက်တုန်းကတော့ တောင်ကိုရီးယားသမ္မတ Moon Jae-in ပြောသွားပါတယ်။
အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်းဟာ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ကျဆင်းလာနေရာမှာ ဒီနေ့ဈေးပိတ်ချိန်မှာတော့ တဒေါ်လာကို ကျပ်ငွေ ၁၅၂၅ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး တရက်အတွင်း အများဆုံးစံချိန်တင် ဈေးတက်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မှာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အင်္ဂါနေ့က ကားနဲ့ဝင်တိုက်ခဲ့ပြီး နောက်ဆက်တွဲ လွှတ်တော် အဆောက်အအုံ အပြင်ဘက်က အတားအဆီးတွေကိုပါ ဝင်တိုက်ခဲ့တဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သူတို့ သိရှိထားပြီလို့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
အာဖဂန်နိုင်ငံ မြောက်ပိုင်းက စစ်စခန်းတခုကို တာလီဘန်တွေက အရုဏ်တက်ချိန်မတိုင်ခင် စီးနင်းတိုက်ခိုက်မှုအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးသွားပါတယ်။ အစိုးရတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အထဲက နောက်ဆုံးကြုံခဲ့ရတဲ့ Baghlan ပြည်နယ်က တိုက်ခိုက်မှုအတွင်း အာဖဂန်စစ်သား ၃၁ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသခံလုံခြုံရေး အရာရှိ တဦးက ဗွီအိုအေကို အတည်ပြုပြောဆိုခဲ့တာပါ။
သြဂုတ်လ ၁၅ ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ၇၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး အိန္ဒိယအစိုးရက လွတ်လပ်ရေးနေ့ မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျှောက် လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ထိုင်ဝမ်သမ္မတဟာ အခုသီတင်းပတ်အတွင်း Los Angeles မြို့ကို ရောက်နေပြီး ဒါဟာ ၁၅ နှစ်အတွင်း ထိုင်ဝမ် သမ္မတ တဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် အများပြည်သူရှေ့မှာ စကား ပြောကြားခြင်း ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ ထိုင်ဝမ်အကြား ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
ဗင်နီဇွဲလား နိုင်ငံမှာ သမ္မတ Nicolas Maduro ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိမှုနဲ့ အဆင့်မြင့် စစ်တပ်အရာရှိကြီး ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
အီတလီနိုင်ငံ မြောက်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Genoa မှာ ဒီကနေ့ ပြင်းထန်တဲ့မုန်တိုင်း ကျရောက်စဉ် ကား ၁၀ စင်းလောက် ဖြတ်သန်းနေတဲ့ တံတားတခု ပြိုကျရာက လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အီတလီ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်