ဗြိတိန်နိုင်ငံမှာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အမျိုးသားတဦးက ကားနဲ့ဝင်တိုက်ခဲ့ပြီး၊ နောက်ဆက်တွဲ လွှတ်တော် အဆောက်အအုံ အပြင်ဘက်က အတားအဆီးတွေကိုပါ ကားနဲ့ဝင်တိုက်ခဲ့ရာက လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီး ခေါ် မသင်းသင်းအေး ကွယ်လွန်သွားတဲ့အတွက် သူ့ဈာပနကို သောကြာနေ့ ရေဝေးသုသန်မှာ ကျင်းပမှာပါ။
အာဖဂန်နစ်စတန်နိုင်ငံ အရှေ့တောင်ပိုင်းက Ghazni မြို့တွင်းနဲ့ ဝန်းကျင်တဝိုက် တာလီဘန်တွေနဲ့ ဖြစ်ပွါးတဲ့ ၄ ရက်ကြာ တိုက်ပွဲတွေ အတွင်း သေဆုံးရသူ ၃၀၀ ကျော်နေပြီဖြစ်ပြီး အဲဒီထဲမှာ သေဆုံးရတဲ့ အာဖဂန်တပ်သား ၁၀၀ နဲ့ အရပ်သားက ၃၀ ရှိနေတယ်လို့ အာဖဂန်အာဏာပိုင်တွေက တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်က VOA ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ခန်း အစီအစဉ်အတွင်း ရဲတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အငြိမ်းစား တရုတ်ပါမောက္ခကို လူတွေ့မေးမြန်းနေတဲ့ VOA မန်ဒရင်း -တရုတ်ဌာနက သတင်းထောက်နဲ့ VOA အတွက် သတင်းပို့ပေးနေတဲ့ အချိန်ပိုင်း သတင်းထောက် တို့ ၂ ဦးကို တနင်္လာနေ့က တရုတ်အာဏာပိုင်တွေက ၆ နာရီထက်မနည်း ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံက ခေါင်းဆောင်တွေ မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ပြုံယမ်းမှာ လာမယ့်လအတွင်း တွေ့ဆုံကြဖို့ရှိတယ်လို့ တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါးက ဗွီအိုအေ Mandarin ဌာန ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တခုမှာ တွေ့ဆုံမေးမြန်းနေတဲ့အချိန် တရုတ်အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်တာခံခဲ့ရတဲ့ အငြိမ်းစား တရုတ် ပါမောက္ခကို အခု အိမ်ပြန်ခွင့် ပေးလိုက်ပါပြီ။
မလေးရှားဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က သူ့အစိုးရလက်ထက်မှာ အကြွေးသံသရာကလွတ်မြောက်အောင် အရင်အစိုးရလက်ထက်ကသဘောတူခဲ့တဲ့ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်မယ့် အခြေခံအဆောက်အအုံစီမံကိန်းတွေကို ပယ်ဖျက်ပစ်ဖို့ကြိုးစားမယ်လို့ ဒီကနေ့တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြီးအကျယ်မတရားနှိပ်ကွပ်နေတယ်လို့လည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
တနင်္ဂနွေနေ့က သမ္မတအိမ်ဖြူတော်တဖက် လမ်းမတွေပေါ်မှာ အရေအတွက် အနည်းငယ်ပဲရှိတဲ့ လူဖြူအမျိုးသားရေးဝါဒီတွေနဲ့ အရေအတွက် အဆမတန် ပိုများပြားတဲ့ လူမျိုးအသားရောင်ခွဲခြားမှုကို ဆန့်ကျင်သူတွေရဲ့ ဆန္ဒပြစုဝေးပွဲမှာ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်မတွေ့ရအောင် ရဲတွေက ခွဲထားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံက သူပုန်တွေ ထိန်းချုပ်ထားတဲ့ Idlib ခရိုင်မှာ အဆောက်အဦးတခု ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ် ၁၂ ဦး အပါအဝင် လူ ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အဲဒီအဆောက်အဦးကို လက်နက်အရောင်းဝယ်လုပ်သူတဦး အသုံးပြုနေတယ်လို့ တွက်ဆထားပါတယ်။
ဗွီအိုအေသတင်းဌာနနဲ့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနေချိန်အတွင်း တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တဲ့ ပါမောက္ခ Sun Wenguang အနေနဲ့ ဘေးမသီရန်မခရှိနေပြီး ပြန်လွတ်ပေးဖို့အတွက် Shangong တက္ကသိုလ်က ကျောင်းသားဟောင်း ၁၅၀ က တက္ကသိုလ် တာဝန်ရှိသူတွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ ထောင်ကို ဘင်္ဂလားဒေရှ့်ဘက်က အထောက်အကူ ပေးနေတာတွေ ရပ်ဖို့ မြန်မာဘက်က ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တယ်လို့ AFP သတင်းက ပြောဆိုပါတယ်။
အမေရိကန် အာကာသ သိပ္ပံအေဂျင်စီ NASA ရဲ့ သမိုင်းဝင် ခရီစဉ် အဖြစ်နဲ့ နေ ရဲ့ အနီးကို ကပ်ဖို့ အာကသယာဉ် တစီးကို ဒီကနေ့ လွှတ်တင်လိုက်ပါပြီ။ ဒီကနေ့ တနင်္ဂနွေနေ့ မနက် အစောပိုင်းမှာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Cape Canaveral အငူကနေ Parker Solar Probe - အာကသစူးစမ်းရေးယာဉ်ကို လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သတင်း ၂ ပတ် အတွင်း အမေရိကန်ဘက်က တူရကီ သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တပြိုင်တည်း ဆောင်ရွက်လာပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ တူရကီ ငွေကြေးတန်ဖိုး ကျဆင်းလာမှုကို တူရကီ သမ္မတRecep Tayyip Erdogan က တုံ့ပြန်ခဲ့တာပါ။
အာကာသ “စစ်မြေပြင်သစ်မှာ ပေါ်ထွက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက်” အာကာသတပ်ဖွဲ့တခုကို ၂၀၂၀ ပြည့်နှစ်မှာ ထူထောင်ရေး ပန်တဂွန်စစ်ဌာနချုပ်အနေနဲ့ လုပ်ဆောင်နေပြီလို့ ဒုတိယသမ္မတ Mike Pence ကပြောပါတယ်။
လူသေဆုံးတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွါးစေတဲ့ လူဖြူ အမျိုးသားရေးဝါဒီ လူထုစုဝေးပွဲ ပထမ နှစ်ပတ်လည်နေ့ ကျရောက်တော့မှာဖြစ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်နဲ့ အနားက Virginia ပြည်နယ်က တာဝန်ခံ အရာရှိတွေ အသင့်ပြင်နေကြပါတယ်။
ဇင်ဘာဘွေ အတိုက်အခံ ခေါင်းဆောင် Tendai Biti ကို လူထုကြား အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်မှု၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျင်းပတဲ့ အငြင်းပွါးဖွယ် ရွေးကောက်ပွဲရလဒ်ကို တရားမဝင် ကြေညာမှုတွေနဲ့ ကြာသပတေးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ဟူသီသူပုန်တွေကို ကြာသပတေးနေ့မှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်အများအပြား အပါအဝင် လူ ၄၃ ယောက်ထက်မနည်း သေဆုံးရတဲ့အပေါ် အမျက်ဒေါသထွက်စရာ စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် နိုင်ငံတကာ အကူအညီပေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာမွတ်ဆလင်တွေ အရေအတွက်အမြောက်အများ ထွက်ပြေးသွားရတဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ် တရားခုံရုံးအဖွဲ့ ICC ရဲ့ ပန်ကြားချက်ဟာ “လုံးဝ ကျိုးကြောင်းခိုင်လုံမှုမရှိ” တာကြောင့် လက်မခံဘဲ ပယ်ချသင့်တယ်လို့ မြန်မာအစိုးရရဲ့ ကြာသပတေးနေ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ရှိနေတဲ့ ရုရှားထောက်လှမ်းရေးဟောင်းနဲ့ သမီးဖြစ်သူတို့ကို အဆိပ်ခတ်သတ်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်တဲ့အပေါ် လက်တုန့်ပြန်သွားမယ်လို့ ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းနဲ့ ကပ်လျက်ရှိနေတဲ့ ဘာလီကျွန်းမှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်တခု ဒီကနေ့ ထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသမှာ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်