ပြီးခဲ့တဲ့ မတ်လတုန်းက ဗြိတိန်နိုင်ငံမှာရှိတဲ့ ရုရှားသူလျှိုဟောင်း တဦးနဲ့ သမီးဖြစ်သူတို့ကို အဆိပ်ခတ်ခဲ့တဲ့အတွက် ရုရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးရသူအရေအတွက် ဟာ အခုဆိုရင် ၃၄၇ ဦး ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုး့ရဲ့ Antara သတင်းမှာဖေါ်ပြထားပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံက မူစလင်တွေအထွဋ် အမြတ်ထားတဲ့ မက်ကာမြို့မှာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ Elias Abulkalaam Jamaleddeen ကို လူသတ်မှု၊ ခိုးယူမှုနဲ့ မုဒိန်းကျင့်ဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်ပြီး ခေါင်းဖြတ်ကွပ်မျက် လိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်နေရာအတွက် အိုဟိုင်းယိုးပြည်နယ်က အထူးရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေကြား မဲအပြတ်အသတ် အနိုင်မရတဲ့အတွက် ဒီနေ့အစောပိုင်းအထိ အနိုင်-အရှုံး ဆုံးဖြတ်ဖို့ ခက်ခဲနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အပန်းဖြေကျွန်းမှာ တနင်္ဂနွေနေ့က အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၁ ယောက်ထက်မနည်း ရှိခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ သေဆုံးသူ အရေအတွက် စာရင်းအသစ်ကိုတော့ အင်ဒိုနီးရှားအမျိုးသား ကပ်ဘေးဒဏ်လျှော့ချရေးအေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugroho က ဒီနေ့ပဲ ထပ်မံအတည်ပြု ထုတ်ပြန်လိုက်တာပါ။
မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းကြီးကနေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှု အရှုပ်တော်ပုံနဲ့ ဆက်နွယ်ပြီး ဝန်ကြီးချုပ်ဟောင်း Najib Razak ဟာ နောက်ထပ် အမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မူးယစ်ဆေး Opioids တင်သွင်းဖြန့်ချီမှု ကျူးလွန်ခဲ့တဲ့ အကြောင်း တရုတ် စီးပွါးရေး လုပ်ငန်းရှင် တဦးက အမေရိကန် ဗဟိုအစိုးရ တရားရုံးမှာ အင်္ဂါနေ့က ဝန်ခံလိုက်ပါတယ်။
ဘင်္ဂလာဒေ့ရှ်မှာ လာရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ခေါ်ရေးအတွက် မြန်မာအစိုးရကို နားချဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဂျပန်အပါအဝင် နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကတဆင့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုနှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဝန်ကြီးချုပ်Sheikh Hasina တွေ့ဆုံစဉ်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့၂ ဦး စင်္ကာပူမှာ ဇွန်လက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီယားလက်နက် ဖျက်သိမ်းရေးလုပ်ဖို့ မြောက်ကိုရီးယားက ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကစွပ်စွဲပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံ အပေါ် စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုက ပြန်လည် ချမှတ်လိုက်ပါတယ်။ အီရန်နိုင်ငံရဲ့ နျူးကလီးယား အစီအစဉ်တွေကို ကန့်သတ်နိုင်ရေး ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ဘက်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်နဲ့ ဖယ်ရှားပေးခဲ့ပြီးနောက် အခုလို ပြန်ပြီး ဒဏ်ခတ်တာ ဖြစ်ပါတယ်။
မလေးရှား နိုင်ငံပိုင် 1MDB လုပ်ငန်းကြီးရဲ့ ငွေတွေနဲ့ ဝယ်ထားတယ်လို့ စွပ်စွဲခံရတဲ့ ဒေါ်လာ သန်း ၂၅၀ တန် ဇိမ်ခံ ရွက်သဘောၤ တစင်း ဒီကနေ့မှာဘဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။
သတင်းအကျဉ်းချုပ် (၀၈-၀၇-၂၀၁၈)
အီရန်ဟာ လူသတ်သမားအာဏာရှင်ဖြစ်ပြီး သွေးထွက်သံယိုမှုတွေ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်ဖြစ်မှုတွေ ဖြစ်အောင် ဆက်လုပ်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က တိုက်ခိုက်ပြောဆိုရင်း၊ အီရန်အပေါ်မှာ စီးပွါးရေးအရ အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်လိုက်ပါတယ်။ ဒီဒဏ်ခတ်မှုဟာ တနင်္လာနေ့ ည သန်းကောင်ယံမှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပိုမိုလုံခြုံစိတ်ချရတဲ့ ယာဉ်စည်းကမ်းဥပဒေတွေ ဥပဒေတွေပြဌာန်ဖို့ တနင်္လာနေ့က ၉ ရက်မြောက်အဖြစ် ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ တနင်္ဂနွေနေ့ အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၂ သောင်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ပျောက်ဆုံး နေသူတွေကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံရှာဖွေနေပါတယ်။ ငလျင်ကြောင့် သေဆုံးသူပေါင်း ၉၈ ယောက် ရှိနေပြီး ထပ်တိုးလာနိုင်ချေလည်း ရှိနေပါတယ်။
အမျိုးသားရေးဝါဒတွေ မြင့်တက်လာနေတာက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ - ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်က အဏုမြူဗုံးကြဲခဲ့တဲ့ ၇၃ နှစ်မြောက်နှစ်ပတ်လည်း အခမ်းအနားမှာ ဟီရိုးရှီးမားမြို့ရဲ့ မြို့တော်ဝန်က သတိပေးလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ လူပေါင်း ၉၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အင်အားပြင်း ငလျင် လှုပ်ခဲ့ပြီး နောက်တရက် ဒီကနေ့မှာတော့ ဒီ အပန်းဖြေကျွန်းမှာရှိတဲ့ နိုင်ငံခြားခရီးသွား တထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ သားကြီး Donald Trump Jr. နဲ့ ရုရှားအစိုးရနဲ့ဆက်နွယ်နေတဲ့ ရှေ့နေတို့ကြား အတိုက်အခံ ဒီမိုကရက်တစ်ပါတီက Hillary Clinton နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဖို့ ၂၀၁၆ တုန်းက တွေ့ဆုံ ဆွေးနွေးပွဲဟာ လုံးဝ တရားဝင်သလို ဒါဟာ နိုင်ငံရေးမှာ လုပ်ရိုးလုပ်စဉ်တခုလို့ သမ္မတ Trump က တနင်္ဂနွေနေ့မှာပဲ ခုခံ ပြောဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားသမ္မတ Nicolas Maduro က သူ့ကိုလုပ်ကြံဖို့ ကြိုးပမ်းမှုလို့ စွပ်စွဲပြောဆိုထားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗင်နီဇွဲလား အာဏာပိုင်တွေရဲ့ အခေါ်အားဖြင့် အကြမ်းဖက်သမားနဲ့ ကြေးစားလူသတ်သမားလို့ဆိုသူ ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား Steven Seagal ကို အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား လူသားချင်းစာနာမှုဆိုင်ရာ အထူးသံတမန်အဖြစ် ရုရှားနိုင်ငံက ခန့်အပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်