အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ တနင်္ဂနွေနေ့က အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူ အနည်းဆုံး ၈၂ ယောက်ရှိနေပြီဖြစ်ပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ငလျင်ကြောင့် ဆူနာမီ လှိုင်းလုံးကြီးတွေ ပေါ်ပေါက်နိုင်တဲ့ သတိပေး ချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေ၊ ခရီးသွားတွေ အဆောက်အဦးတွေပေါ်မှာ မနေရဲဘဲ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတပ်ဖွဲ့ဝင်တွေ ပူးတွဲပြီး ကင်းလှည့်လည်နေတာကို အသေခံဗုံးခွဲသမားတဦးက တိုက်ခိုက်ခဲ့တာကြောင့် နေတိုးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားတယ်လို့ အာဖဂန်မှာရှိတဲ့ နေတိုးအထောက်အကူပေးရေးအဖွဲ့က ဒီကနေ့ ကြေငြာလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marcia Bernicat လိုက်ပါလာတဲ့ ကား - မနေ့ စနေနေ့ည နှောင်းပိုင်း မြို့တော် ဒါကာမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်း တခုက အကြီးအကဲရဲ့ နှုတ်ဆက်ညစာစားပွဲက အပြန်မှာ အခုလို တိုက်ခိုက်ခံရတာပါ။
စကာၤပူနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ အစည်းအဝေးတွေအတွင်း မြန်မာ့အရေးကိုလည်း အလေးထား ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုခဲ့ပါတယ်။
ဇင်ဘာဘွေ နိုင်ငံမှာ လက်ရှိသမ္မတ Emmerson Mnangagwa ရွေးကောက်ပွဲမှာ အနိုင်ရရှိတယ်လို့ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ဇင်ဘာဘွေ နိုင်ငံက နယ်မြေ ၁၀ ခုစလုံးမှာ Mnangagwa က မဲအရေအတွက် အားလုံးရဲ့ ၅၀.၈ % ရရှိပြီး အတိုက်အခံ ခေါင်းဆောင် Nelson Chamisa က မဲအားလုံးရဲ့ ၄၄.၃ % ရရှိခဲ့တယ်လု့ိ ဆိုပါတယ်။
ဝန်ကြီး Pompeo ဟာ ဒီခရီးစဉ် အတွင်း စင်္ကာပူမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့ အခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး၊ ဆိုင်ဘာလုံခြုံရေးတို့ အပြင် တောင်တရုတ်ပင်လယ်ပြင် ပြဿနာကိုပါ ဆွေးနွေးမယ်လို့ မျှော်လင့် ရပါတယ်။
ရခိုင်အရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတာကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံခြား ရေးဝန်ကြီးတွေက ကြိုဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဆီကနေ နောက်ထပ်စာတစောင်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လက်ခံရရှိ တယ်လို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ ပါရှန်ပင်လယ်ကွေ့ထဲ စစ်ရေးလေ့ကျင့်ခန်းတစ်ခု၊ မကြာခင် စဖို့ ပြင်ဆင်နေပြီး၊ Hormuz ရေလက်ကြားကို ပိတ်ပစ်နိုင်တဲ့ အစွမ်းကို ပြဖို့ ရှိနေပါတယ်။
အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်သတ်မှတ်မှုတွေဟာ ကမ္ဘာတဝန်းမှာ မကျေနပ်စရာတွေသာ ပေါ်ပေါက်လာနိုင်ကြောင်း တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။ ဒေါ်လာဘီလီယံ ၂၀၀ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်အစိုးရက သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ ခြိမ်းခြောက်နေချိန်မှာပဲ တရုတ်နိုင်ငံက သတိပေးလိုက်တာပါ။
လွန်ခဲ့တဲ့ အနှစ် (၃၀)၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း မင်းသားကြီး မြတ်လေးရေးသားခဲ့ပြီး အဆိုတော် ဒေါ်မာမာအေးနဲ့ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ အေဝမ်းတင်တင်လှ သီဆိုခဲ့တဲ့ "ခွပ်ဒေါင်းနဲ့အတူတိုက်" သီချင်း နဲ့ အတူ သမိုင်းဝင် မှတ်တမ်းပုံတချို့ကို VOA က မျှဝေလိုက်ပါတယ်။
ကနေဒါနိုင်ငံ၊ Winnipeg လူ့အခွင့်အရေးပြတိုက်မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဖယ်ရှားတော့မယ်လို့ ပြတိုက်တာဝန်ရှိသူတဦးကို ကိုးကားပြီး ကနေဒါသတင်းမီဒီယာတွေမှာ ရေးထားပါတယ်။
၂၀၁၉ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု၊ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်း NDAA ထဲမှာ မြန်မာနိုင်ငံအပေါ် အရေးယူရေးနဲ့ဆိုင်တဲ့အပိုဒ်တွေ ပါမလာတော့ဘဲ ချန်ထားတဲ့အပေါ် အထက်လွှတ်တော်၊ လူနည်းစု စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် Richard Durbin က သောကြာနေ့ လွှတ်တော်အစည်းအဝေးအတွင်း ဝေဖန် ပြောဆိုတယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် Roll Call သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။
တရုတ်နိုင်ငံ၊ Shandong တက္ကသိုလ်က အငြိမ်းစားပါမောက္ခတဦးဟာ ဗွီအိုအေ မန်ဒရင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းတခု လုပ်နေချိန်အတွင်း တရုတ်ရဲတပ်ဖွဲ့က ပါမောက္ခရဲ့အိမ်ထဲကို တံခါးချိုးဖျက်ပြီး ဝင်ခဲ့ပါတယ်။
ဖေ့စ်ဘုတ်အကောင့် နဲ့ Instagram အကောင့် ပေါင်း ၃၂ ခုမှာ ပုံမှန်မဟုတ်တဲ့ ညှိနှိုင်းလုပ်ဆောင်မှုတွေတွေ့နေရတဲ့ အတွက် ပိတ်ပစ်ခဲ့ကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာပါတယ်။
မျက်နှာပြင်သုံးဘက်ရှိပြီး အိမ်မှာပဲစက်နဲ့ ပုံသွင်းထုတ်လုပ်ယူနိုင်တဲ့ 3D ပလပ်စတစ်သေနတ်ကို ဘယ်လိုလုပ်ရသလဲဆိုတဲ့ လုပ်ပုံလုပ်နည်းဖြန့်ချိခဲ့တဲ့ တက္ကဆက်ပြည်နယ်ကကုမ္ပဏီတခုကို သေနတ်လုပ်နည်း ဆက်ပြီးမဖြန့်ဖို့ ဗဟိုအစိုးရတရား သူကြီးတဦးက တားမြစ်လိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ သြဂုတ်လ ၂ ရက် ကြာသပတေးကနေ စနေနေ့အထိ ၃ ရက်ကြာ ကျင်းပမယ့် အာဆီယံ - ကနေဒါ ဝန်ကြီးအဆင့် နှစ်ပတ်လည် အစည်းဝေး နဲ့ ARF အာဆီယံ ဒေသတွင်းအစည်းဝေး တွေကို တက်ရောက်မယ့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ဟာ ရိုဟင်ဂျာအရေးနဲ့ မြောက်ကိုရီးယားအရေးကို ဆွေးနွေးမှာ ဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားချက်ကို ကိုးကားပြီး ရေဒီယို - ကနေဒါ နိုင်ငံတကာ သတင်းမှာ ဖေါ်ပြထားပါတယ်။
အီရန်သမ္မတ Hassan Rouhani နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိ-မရှိ သတင်းထောက် တယောက်ရဲ့ အမေးကို သမ္မတ Trump က တုန့်ပြန်ဖြေကြားရာမှာ၊ တွေ့ဆုံဆွေးနွေးမှုတွေကို ယုံကြည်ကြောင်းနဲ့ အထူးသဖြင့် စစ်ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ၊ လူတွေသေကျေတာ၊ မိုးခေါင်ရေရှား ကပ်ဘေးသင့်တာမျိုးတွေလို ကိစ္စမျိုးတွေမှာ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အကျိုးမယုတ်နိုင်ကြောင်း သမ္မတ Trump က ပြောဆိုလိုက်တာပါ။
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်တုန်းက စစ်တပ်ကအာဏာသိမ်း ဖယ်ရှားပြီး၊ အစိုးရကို အုပ်ချုပ်စဉ်မှာ ပေါ့ဆမှုအတွက် မျက်ကွယ်မှာ ထောင်ဒဏ် စီရင်ချက်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို နေရပ်ရင်း ပြန်လည်လွဲှပြောင်းပေးဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ မကြာသေးခင်တုန်းက ကမ်းပါးပြိုကျရာမှာ သေဆုံးသွားသူတွေထဲက အခုနောက်ဆုံး ရှာဖွေတွေ့ရှိထားတဲ့ အလောင်း ၂၃ လောင်းအထိ ရှိသွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်