ကမ္ဘောဒီးယား အာဏာရပါတီနဲ့ နှစ်ပေါင်းများစွာ ဝန်ကြီးချုပ်လုပ်လာခဲ့တဲ့ ဟွန်ဆန်းတို့ အနိုင်ရလိုက်တဲ့၊ မနေ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်ကို၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်မခံကြဖို့ အတိုက်အခံတွေက တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ အာသံပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေ နိုင်ငံသားဖြစ်ရေးနဲ့ဆိုင်တဲ့ အပြီးသတ် ဥပဒေမူကြမ်းကို အစိုးရက ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ထောင်ကျနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ဟာ အကျဉ်းထောင်ထဲမှာ နှလုံးရောဂါဖောက်လာတဲ့အတွက် သူ့ကို သီးခြားချုပ်ထားတဲ့ ထောင်တိုက်ခန်းကနေ အစ္စလာမ်မာဘတ်မြို့တော်က ဆေးရုံကြီးကို ရွှေ့လိုက်တယ်လို့ တာဝန်ရှိသူတဦးက တနင်္ဂနွေနေ့မှာပြောပါတယ်။
အလုပ်ကနေ အငြိမ်းစားယူခွင့်ရှိတဲ့ အသက် ကန့်သတ်ချက်ကို တိုးဖို့ အဆိုပြုချက်ကို တနင်္ဂနွေနေ့က ရုရှားနိုင်ငံ မော်စကို မြို့လယ်ခေါင်မှာ ထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လူထုထောက်ခံမှု ကျဆင်းနေတဲ့ ရုရှားသမ္မတ Vladimir Putin ကို ဝေဖန်တဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက Lombok ကျွန်းမှာ ပြင်းအား ၆.၄ မက်ဂနီကျူရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် ၁၄ယောက်ထက်မနည်းသေဆုံးပြီး ၁၆၂ ကျော် ဒဏ်ရာရသွားပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ ခမာနီ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ၆ ကြိမ်မြောက် ကျင်းပတဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးခဲ့ကြပါတယ်။ အထွေထွေရွေးကောက်ပွဲ မဲပေးမှု ပြီးဆုံးသွားပြီ ဖြစ်ပြီး ရွေးကောက်ပွဲ တာဝန်ရှိသူတွေ မဲရလဒ်တွေကို စတင်ရေတွက်နေကြပါပြီ။ ပဏာမ မဲရလဒ်တွေကတော့ ဒီကနေ့ နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။
တူရကီနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သင်းအုပ်ဆရာတယောက်ကို ပြန်လွှတ်မပေးဘူးဆိုရင် တူရကီအပေါ် အရေးယူဒဏ်ခတ်မယ်လို့ အမေရိကန်အစိုးရက ခြိမ်းခြောက်လိုက်ပါတယ်။
ပါကစ္စတန် ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ Cricket အားကစားအကျော်အမော်ဟောင်း Imran Khan ကပြောကြားပြီး ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြောခဲ့တာမှာ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုတို့ကို ကောင်းမွန်တိုးတက်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တိုက်ဖျက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံး အပြင်ဘက်မှာ ဒီကနေ့ လက်လုပ်ဗုံးတလုံး ပေါက်ကွဲရာက ဗုံးသယ်လာတဲ့ အမျိုးသား ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ ဗုံးဖောက်ခွဲသူဟာ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသက အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦး ဖြစ်ကြောင်းလည်း ဘေဂျင်းမြို့တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာပါ။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုကို အထူးစုံစမ်းစစ်ဆေးရေးမှူးက ဖော်ထုတ်နေတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ တင်ပြဖို့ ပျက်ကွက်မှု၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ပျက်ကွက်မှု စွပ်စွဲချက်တွေနဲ့ ဒုတိယရှေ့နေချုပ် Rod Rosenstein ကို အရေးယူနိုင်ဖို့ အောက်လွှတ်တော်မှာရှိတဲ့ ရီပတ်ဘလစ်ကန် အမတ်တချို့က မနေ့ကစတင် ကြိုးပမ်းခဲ့ကြပါတယ်။
ဂရိနိုင်ငံမှာ အရှိန်မြန်မြန်နဲ့ ပျံ့နှံခဲ့တဲ့ မီးလောင်မှုကြောင့် အနည်းဆုံး ၇၄ ဦး သေဆုံးခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေကတော့ မီးလောင်ထားတဲ့ ကားတွေနဲ့ အိမ်တွေကို ဆက်ပြီး စစ်ဆေးရှာဖွေနေကြပါတယ်။
အင်္ဂါဂြိုဟ်မျက်နှာပြင်မှာ ဆားဓာတ်ပါတဲ့အရည်ဖြစ်ပုံရတဲ့ နေရာတခုကို ရှာဖွေတွေ့ရှိထားပြီလို့ သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဒါကြောင့်လည်း ဂြိုဟ်နီလို့ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေကို တွေ့ဖို့အလားအလာ မြင့်လာပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုကို ဆွေးနွေးပြောဆိုကြဖို့နဲ့ အဲဒီကာလ အတွင်း နောက်ထပ် ကုန်သွယ်ခွန် ချမှတ်တာမျိုးတွေ မလုပ်ကြဖို့ သဘောတူလိုက်ကြပါပြီ။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားခေါင်းဆောင် Vladimir Putin တို့ရဲ့ ဒုတိယအကြိမ် ထပ်သီးတွေ့ဆုံမှုဟာ လာမယ့် နှစ်အထိ မဖြစ်နိုင်သေးဘူးလို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ကမ်းရိုးတမ်းမှာရှိတဲ့ Sohae ဂြိုလ်တုလွှတ်တင်စခန်းက အဓိကနေရာတွေကို ဖျက်သိမ်းနေတဲ့ ဂြိုလ်တုဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ Donald Trump ကချီးကျူးစကားပြောကြားခဲ့ပါတယ်။
Republican အမတ်တွေ ထက် ဒီမိုကရက်အမတ်တွေ အနိုင်ရအောင်လို့ ရုရှားအကြီးအကျယ်ကြိုးစားမှာကို သူစိုးရိမ်တယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
New York မြို့ Brooklyn အရပ်က တိုက်ခန်းထဲမှာ အသတ်ခံရပုံရတဲ့ သူနာပြုဆရာမ ဒေါ်ကြည်မာသိန်း သေဆုံးမှုပတ်သက်လို့ သူ့အိမ်ခန်းမှာ နေခွင့်ပေးထားတဲ့ အခန်းဖော်အမျိုးသမီးနဲ့ အဲဒီအမျိုးသမီးရဲ့ ချစ်သူရည်းစားတို့ကို ရဲကလိုက်လံရှာဖွေနေပါတယ်။ ရုတ်တရက် ပျောက်ဆုံးသွားကြတဲ့ သူတို့ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို ရဲက အမည်ထုတ်ဖော်ပြောခြင်း မရှိသေးပေမဲ့ စစ်ဆေးမေးမြန်းလိုသူတွေအဖြစ် ရဲက လိုက်ရှာနေတာဖြစ်ပါတယ်။
အစ္စရေးလ် လေပိုင်နက်ထဲ ဝင်လာတဲ့ ဆီးရီးယား စစ်လေယာဉ်တစင်းကို ပစ်ချလိုက်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောလိုက်ပါတယ်။ အစ္စရေးလ် လေပိုင်နက်ထဲ ဝင်လာတဲ့ ဆီးရီးယား ဂျက်တိုက်လေယာဉ်ကို Patriot မစ်ဇိုင်းဒုံးနဲ့ ဒီနေ့ပဲ ဟန့်တားပစ်ခတ်ခဲ့ကြောင်း အစ္စရေးလ်ကာကွယ်ရေး တပ်ဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အမေရိကန် သမ္မတ Donald Trump က အီရန်အပေါ် ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ တနင်္ဂနွေည Twitter လူမှုကွန်ယက်က မှတ်ချက်ကြောင့် အီရန်ကို ရန်စရာရောက်မှာ လုံးဝမစိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။
လာအိုနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာ ပြိုကျရာက လူအများအပြား သေဆုံးပြီး၊ ရာနဲ့ချီ ပျောက်ဆုံးနေကြောင်း အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်