အမေရိကန်သမ္မတထရမ့် တနင်္ဂနွေနေ့ညက သူ့ရဲ့တွစ်တာကနေရေးသားချက်ဟာ အီရန်နိုင်ငံအပေါ် ရန်စသလိုဖြစ်သွားမလားဆိုတဲ့အပေါ် သူ့အနေနဲ့ လုံးဝစိုးရိမ်မှုမရှိဘူးလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
နိုင်ငံပေါင်း ၄၀ ကျော်ပါဝင်မယ့်ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဝန်ကြီး Mike Pompeo က ပထမဆုံးအကြိမ်လက်ခံကျင်းပသွားမှာဖြစ်ပြီး၊ ဒီညီလာခံကို ကမ္ဘာတဝှမ်းက အစိုးရတာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးအကြံပေးတွေ နဲ့ အရပ်အဖက်အဖွဲ့အစည်းတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။
ကနေဒါနိုင်ငံ Toronto မြို့မှာ လူတယောက်က ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၀ နှစ် နဲ့ ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး နောက်ထပ် ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်သူလို့ သံသယရှိသူဟာ တိုရွန်တိုမြို့က အသက် ၂၉ နှစ်အရွယ် Faisal Hussain ဆိုသူဖြစ်ပြီး ၊ အဲဒီသေနတ်သမားလည်း သေဆုံးသွားတယ်လို့ Toronto ရဲတပ်ဖွဲ့က ပြောပါတယ်။
နိုင်ငံတော်အရေးပေါ်အခြေအနေပြဌာန်းချက်နဲ့ပတ်သက်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေကို နားလည်မှုလွဲမှားပြီး သူ့ထင်မြင်ချက်တွေကိုသာ ပြောဆိုခဲ့တယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာပါတယ်။
လာမယ့် အိန္ဒိယအထွေထွေရွေးကောက်ပွဲအတွက် မဟာဗျူဟာချမှတ်ဖို့ အဓိက အိန္ဒိယ အတိုက်ခံ ပါတီဝင်တွေ တွေ့ဆုံ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး အကြံပြုဖို့အတွက် မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ အတွင်းရေးမှူးအဖြစ်ကနေ နုတ်ထွက်သွားသူရဲ့ ဝေဖန်ပြောဆိုချက်တွေကို အဖွဲ့ဥက္ကဌက ငြင်းဆိုလိုက်ပြီး အကြံပေးအဖွဲ့ဟာ ထိရောက်မှုရှိသလို အစိုးရကလည်း အကြံပေးအဖွဲ့ရဲ့ ထောက်ခံတင်ပြချက်တွေအတိုင်း လုပ်ဆောင်လျှက်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံကို ရန်မစဖို့ အီရန်သမ္မတ Hassan Rouhani က အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သတိပေးလိုက်ပါတယ်။ အီရန်နိုင်ငံ နျူကလီးယားလက်နက် မထုတ်နိုင်အောင် တားဆီးဖို့ရည်ရွယ်တဲ့ နိုင်ငံတကာသဘောတူစာချုပ်ကနေ ဒီနှစ်အစော ပိုင်းမှာ အမေရိကန်က နုတ်ထွက်လိုက်ပြိး ဒဏ်ခတ်အရေးယူမှုတွေ တိုးပြီးချမှတ်ဖို့လည်း သမ္မတထရမ့်ပ်က ညွှန်ကြားထားတာပါ။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ Tham Luang လိုဏ်ဂူထဲကနေ ကယ်ထုတ်ထားတဲ့ တောဝက်ဘောလုံးအသင်းသားတွေထဲ က အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် အသင်းသားတွေနဲ့ သူတို့ရဲ့ နည်းပြတို့ဟာ ဇူလိုင်လ ၂၄ ရက်နေ့မှာ ရှင်ပြု ရဟန်းခံကြတော့မှာဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှာ သီတင်းသုံးကြမှာဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ Brooklyn က အိမ်ခန်းတခုကနေ မြန်မာ အမျိုးသမီး တဦးရဲ့ ရုပ်အလောင်းကို မနေ့ စနေနေ့မှာ ရဲက တွေ့ရှိထားပါတယ်။ သေဆုံးသူက အသက် ၅၈ နှစ် အရွယ် ဒေါ်ကြည်မာသိန်း ဖြစ်ပြီး သူနာပြု တဦး ဖြစ်တယ်လို့ NewYork Daily News မှာ ဖော်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံတွင်းက ကယ်ဆယ်ရေး အဖွဲ့ White Helmet - ခမောက်ဖြူ အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် စုစုပေါင်း လူဦးရေ ၈၀၀ လောက်ကို အစ္စရေးလ်က ကယ်ထုတ်ခဲ့ပြီး အစ္စရေးလ် ရဲတပ်ဖွဲ့၊ ကုလသမဂ္ဂ ယာဉ်တန်းတွေ အစောင့်အရှောက်နဲ့ မနေ့ စနေနေ့ညက ခရီးသည်တင်ကားတွေနဲ့ ဂျော်ဒန် နိုင်ငံကို ခေါ်ယူသွားပြီ ဖြစ်ပါတယ်။
နာဇီတွေ ဂျူးလူမျိုးသန်းနဲ့ချီကို သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်ရပ်မဟုတ်ဘူးလို့ ငြင်းဆန်နေသူတွေကို Facebook သုံးခွင့်ပေးသင့်တယ်ဆိုတဲ့ ပြောကြားမှုကို Facebook CEO Mark Zuckerberg ကပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သူ့ရဲ့ရပ်တည်ချက်ကို ပြန်လည်ရှင်းလင်းနေပါတယ်။
အမေရိကန်နဲ့ရုရှား ခေါင်းဆောင်နှစ်ဦးအကြား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးလုပ်ဖို့ နှစ်နိုင်ငံအကြား ဆွေးနွေး စီစဉ်နေ တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ကြာသပတေးနေ့မှာ Twitter ကနေ ကြေညာပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့က Tham Luang လိုဏ်ဂူထဲကနေ ကယ်ထုတ်ထားတဲ့ တောဝက်ဘောလုံး အသင်းက ကစားသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ဗုဒ္ဓဟူးနေ့မှာ ဆေးရုံက ဆင်းခွင့်ရပြီးတဲ့နောက် သူတို့ကိုကယ်ဆယ်ဖို့ ကူညီ လုပ်ဆောင်ပေးရင်း ကွယ်လွန်သွားသူ ထိုင်း Navy SEAL တပ်ဖွဲ့ဝင်ဟောင်းကို ရည်စူးပြီးတော့ ကိုရင်ဝတ်၊ ရဟန်းခံကြမယ်လို့ သူတို့ ၁၂ ဦးလုံးကပြောပါတယ်။
သန့်စင်ပြီး ရေနံထွက်ပစ္စည်းတွေကို မြောက်ကိုရီးယားနိုင်ငံဆီတင်ပို့နေတာရပ်ဆိုင်းဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ်နဲ့ ရုရှားတို့က စဉ်းစားချိန်ပိုပေးဖို့ တုံ့ပြန်ခဲ့တယ်လို့ သံတမန်တွေက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသမှာ ရေကြောင်းသွားလာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးပိုင်း အားကောင်းရေး နည်းလမ်း တွေရှာဖွေဖို့ အရှေ့တောင်အာရှနိုင်ငံများ ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဝန်ကြီးတွေ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်မှာ ကြာသပတေးနေ့က အစည်းအဝေးလုပ် ဆွေးနွေးကြပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မကြာသေးခင်တုန်းက ဖင်လန်နိုင်ငံ Helsinki မြို့မှာ ထိပ်သီးတွေ့ဆုံမှုဟာ အောင်မြင်မှုတခု ဖြစ်ခဲ့ပေမဲ့၊ ရလဒ်တွေကို သေးသိမ်အောင် အမေရိကန်သမ္မတရဲ့ အတိုက်အခံ အင်အားစုတွေက ကြိုးစားနေကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း၊ ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မကြာသေးခင်ကမှ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေထံက သိခဲ့ရကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနတွေရဲ့ ဆုံးဖြတ်ချက်အပေါ် သမ္မတ Donald Trump ရဲ့သဘောထားနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ဟာ အခုချိန်ထိ မရေမရာဖြစ်နေပါတယ်။ ရုရှားဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေဆဲလားဆိုတဲ့ မေးခွန်းကို ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့ အစည်းဝေးမှာ သမ္မတ Trump က "No" လို့ဖြေကြားခဲ့ပါတယ်။
တောင်အာဖရိက ပထမဆုံးဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတလည်းဖြစ်၊ လူဖြူ လူမဲ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ခဲ့တဲ့ ပြည်သူ့အခွင့်အရေးခေါင်းဆောင်လည်းဖြစ်တဲ့ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ အသက် (၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗုဒ္ဓဟူးနေ့က တောင်အာဖရိကနိုင်ငံ ဂျိုဟာနက်စ်ဘက်မြို့မှာ ဆင်နွဲှခဲ့ရာမှာ တောင်အာဖရိကနိုင်ငံသားတွေဟာ သူ့မွေးနေ့မှာ တနေ့အနည်းဆုံး ၆၇ မိနစ် အကျိုးရှိတဲ့ အလုပ်လုပ်ကြရင်းနဲ့ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားကို ဂုဏ်ပြုခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်မှု မရှိကြောင်း ရုရှားသမ္မတ Vladimir Putin ရဲ့ ငြင်းဆန်ပြောဆိုမှုကို လက်ခံကြောင်း ပြောဆိုခဲ့တာကို ပြင်ဆင်ပြောဆိုခဲ့ပြီး နောက်တရက်မှာပဲ အမေရိကန်သမ္မတ Donald Trump က ရုရှားသမ္မတနဲ့ ထိပ်သီးတွေ့ဆုံမှုကို ထပ်မံကာကွယ် ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်