ထိုင်းနိုင်ငံက ရေကြီးနေတဲ့ လှိုဏ်ဂူတခုထဲမှာ ပိတ်မိရာက ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်ဘောလုံးအသင်းဝင် ၁၂ ယောက်နဲ့ နည်းပြဆရာတို့ဟာ သီတင်းတပတ်ကြာ ဆေးကုသမှုခံယူနေခဲ့ရပြီး အခုတော့ အိမ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။
၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အမေရိကန်နိုင်ငံရေးကို လွှမ်းမိုးဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားအစိုးရရဲ့ ထောက်လှမ်းရေး တလျှိုအဖြစ် အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် လုပ်ကိုင်နေတဲ့ စွဲချက်အပြင် ပူပေါင်းကြံစည်မှု စွဲချက်နဲ့ ရုရှား အမျိုးသမီးတဦးကို ပြည်ထောင်စု တရားခုံရုံးက အင်္ဂါနေ့က တရားဝင် စွဲချက်တင်လိုက်ပါတယ်
အဖြစ်မှန်တွေကို လက်မခံပဲငြင်းဆန်နေမယ်ဆိုရင်တော့ ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီချုပ်ငြိမ်းလိမ့်မယ်လို့ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက သတိပေးပြောဆိုလိုက်ပါတယ်။
၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ ရုရှားဘက်က ဝင်ရောက်နှောက်ယှက်ခဲ့တယ်ဆိုတာနဲ့ပတ်သက် ပြီး အမေရိကန်ထောက်လှန်းရေး အသိုင်းအဝိုင်းက တင်ပြချက်တွေကို သူလက်ခံပါတယ်လို့ သမ္မတဒေါ်နလ်ထရမ့်က မနေ့ကပြောပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေနဲ့ စွဲချက် တင်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးက ဒီကနေ့ အင်္ဂါနေ့ ဒုတိယမြောက်နေ့ အဖြစ် တရားရုံးမှာ ထွက်ဆိုခဲ့တာမှာတော့ သူတို့ကို ဖမ်းဆီးစဉ်မှာ ခေါင်းစွပ်စွပ်ခဲ့ကြောင်းနဲ့ အိပ်မရအောင်လည်း လုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
သိမ်းဆည်းခံ မြေယာတွေ အတွက် မြန်မာ အစိုးရဘက်က လျော်ကြေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက် ပါပူဝါဒေသက အမျိုးသားတဦး မိချောင်းကိုက်လို့သေဆုံးခဲ့ရတာကို တုံ့ပြန်တဲ့အနေနဲ့ မိချောင်းပေါက်ကလေးအကောင်ရေ သုံးရာနီးပါးကို စိတ်ဆိုးနေတဲ့ ဒေသခံရွာသားတွေက သတ်လိုက်ကြတယ်လို့ အင်ဒိုနီးရှားအရာရှိ တွေက မနေ့က ပြောပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ချန်ပီယံဖလားရခဲ့တဲ့ ပြင်သစ်ဘောလုံးအသင်းကို ပြင်သစ်သမ္မတ Emmanuel Macron နဲ့ Brigitte Macron တို့က Elysee နန်းတော်မှာ တနင်္လာနေ့က ခေါ်ယူဂုဏ်ပြုခဲ့ပါတယ်။ ရုရှားကနေ ကမ္ဘာ့ဖလားပိုက်ပြီး ပြန်ရောက်လာတဲ့ ပြင်သစ်အမျိုးသားဘောလုံးအသင်း အမိုးဖွင့် Bus ကားကြီးနဲ့ Elysee နန်းတော်ဆီ သွားရာလမ်းတလျှောက်မှာလည်း ထောင်သောင်းချီတဲ့ ပရိတ်သတ်တွေက သောင်းသောင်းဖြဖြ စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။
အများက မျှော်လင့် စောင့်ဆိုင်းနေကြတဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ Helsinki မြို့က တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ အစပျိုးခြင်း ဖြစ်ကြောင်း သမ္မတ Donald Trump က ပြောပါတယ်။
အာဖဂန်နစ္စတန်က ၁၇ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်ရေး ရည်ရွယ်ပြီး စစ်သွေးကြွ အုပ်စုနဲ့ စတင် ညှိနှိုင်းနိုင်ရေး အတွက် တာဘီဘန်နဲ့ တိုက်ရိုက် ဆွေးနွေးရေး ကြိုးပမ်းဖို့ အမေရိကန် သမ္မတ Donald Trump က ထိပ်တန်း သံတမန်တွေကို ညွှန်ကြားထားကြောင်း အမေရိကန် ထိပ်တန်း သတင်းစာကြီး တစောင်က ဖော်ပြလိုက်ပါတယ်။
ပြီးဆုံးသွားတဲ့ ၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံရလဒ်တွေနဲ့ ပတ်သက်ပြီး ညီလာခံတတ်ရောက်ဆွေးနွေးသူတွေအကြား ကျေနပ်သူတွေရှိသလို၊ မျှော်လင့်တဲ့အတိုင်း မဖြစ်သေးလို့ အားမရသူတွေလည်း ရှိနေပါတယ်။ ညီလာခံအပေါ် ဝေဖန်သူတွေရှိသလို၊ ဝေဖန်ရုံနဲ့ ရှေ့ဆက်မရဘူးလို့ တုံ့ပြန်မှုတွေလည်းရှိပါတယ်။
ငြိမ်းချမ်းရေးညီလာခံဟာ လုပ်ငန်းစဉ်တခုဖြစ်တဲ့အတွက် မျှော်မှန်းသလောက် အောင်မြင်မှု မရသေးဘူးဆိုရင်တောင် ရှေ့ဆက်ဆောင်ရွက်ဖို့ အတွေ့အကြုံနဲ့မျှော်လင့်ချက်တွေ ရခဲ့တဲ့အကြောင်း ညီလာခံတက်ရောက်သူတွေက သုံးသပ်ပြောဆိုပါတယ်။ သုံးသပ်ချက်တချို့ကို စုစည်းတင်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းတောင်ပိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံကို တရားမဝင် လူကုန်ကူးဂိုဏ်းကို နှိမ်နင်းတဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ အထူးစီမံချက်ကာလအတွင်း လူကုန်ကူးဂိုဏ်းမှာ ပါဝင်ပတ်သက်နေသူ ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှား သမ္မတ ဘလာဒီယာ ပူတင်တို့ရဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နာရီပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွေ့ဆုံမှုအပေါ် မျှော်လင့်ချက်မထားသလို ဥရောသမဂ္ဂဟာ အစဉ်အလာအရ အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်ဆွေအဖွဲ့ဖြစ်တယ်ဆိုတာကိုလည်း ငြင်းဆန်လိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ Wimbledon တင်းနစ်ပြိုင်ပွဲမှာတော့ ဆာဘီးယားနိုင်ငံက Novak Djokovic က အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်ကို ရုရှားနိုင်ငံ မော်စကိုမြို့က Luzhniki ဘောလုံးကွင်းမှာ ကစားတာမှာ ပြင်သစ်က ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။ ပြင်သစ်အတွက်တော့ ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ရတာ ဖြစ်ပါတယ်။
ကိုရီးယားစစ်ပွဲအတွင်း ကျန်ရစ်တဲ့ အမေရိကန်စစ်သည်ရုပ်အလောင်းတွေ နေရပ်ပြန်ယူရေးအစီအစဉ်ကို ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားက ဗိုလ်ချုပ်ကြီးတွေ တွေ့ဆုံပါတယ်။
ကျူးဘားနိုင်ငံမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအဖြစ် နိုင်ငံရေးနဲ့ အခြားအပြောင်းအလဲတွေ စတင်လုပ်ဖို့ရှိနေပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Thereas May အနေနဲ့ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး မဟာဗျူဟာ တစိတ်တပိုင်း အရ EU နဲ့ ညှိနှိုင်းနေမယ့် အစား ဥပဒေကြောင်းအရ တောင်းဆိုဖို့ အမေရိကန် သမ္မတ Donald Trump က အကြံပေးခဲ့ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တတိယနေရာအတွက် ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တို့ ဒီကနေ့ ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားတာမှာ ပထမပိုင်း ၃ မိနစ်ကျော်မှာပဲ ဘယ်လ်ဂျီယံက ပထမဂိုးရပြီး ၈၁ မိနစ်မှာ ဘယ်လ်ဂျီယမ်ကပဲ နောက်ထပ် တဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ၂ ဂိုး ဂိုးမရှိနဲ့ တတိယ နေရာ ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်