အမျိုးသားခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ထားတာဟာ ကန့်ကွက်သင့်တဲ့ လုပ်ရပ်လို့ ဆိုနိုင်ပါသလား၊ ဒါမှမဟုတ် တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို လျစ်လျူရှုရာ ရောက်နေပါသလား ဆိုတာတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေးတင်ဆက် ထားပါတယ်။
NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေး အသုံးစားရိတ်ကို သတ်မှတ်ချက် ပြည့်မှီအောင်သုံးဖို့ သံဓိဌာန်သစ် ချမှတ်လိုက်တာဟာ အမေရိကန် လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် အကြီးအကျယ်အကျိုး ဖြစ်စေနိုင်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ကမ္ဘာတဝှမ်းကို နှစ်စဉ်အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီပြီး လက်နက်တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဆီကနေ “သိပ်ကောင်းတဲ့” စာတစောင် သူ လက်ခံရရှိတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ အဲဒီစာထဲမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်စေဖို့နဲ့ ပြီးခဲ့တဲ့ဇွန်လ စင်္ကာပူထိပ်သီး အစည်းအဝေးမှာ သူတို့နှစ်ဦး ပူးတွဲလက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ သမ္မတထရမ့်ပ်ရဲ့ ကြိုးပမ်းချက်တွေကို ချီးကျူးပြောဆိုထားတယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတ Vladimir Putin ဟာ မိတ်ဆွေမဟုတ်သလို ရန်သူလည်း မဟုတ်ဖူးလို့ အမေရိကန်သမ္မတ Donald Trump က သူတို့ ၂ ဦး Finland နိုင်ငံ Helsinki မှာ တွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို အဆုံးမှာ မူရင်းနေရာတွေကိုပြန်ပို့ရေး ရည်ရွယ်ပြီး လုပ်ငန်း စတင်ရေး ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကိုစေလွှတ်ဖို့ ကုလသမဂ္ဂက ပြင်ဆင်နေပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ UNDP ရဲ့ ဒေသဆိုင်ရာအကြီးအကဲက ကြာသပတေးနေ့မှာပြောပါတယ်။
သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမှုတွေကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာနေတဲ့အပေါ် ဆွေးနွေးညှိနှိုင်းဖို့ အမေရိကန်နဲ့ ဆက်သွယ်ပြောဆိုနေတာ မရှိတဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
မြောက်အတ္တလန်တိတ်စာချုပ်အဖဲ့ွ (NATO) အဖွဲ့ဝင်နိုင်ငံတွေထံက ကာကွယ်ရေးအတွက် တိုးမြှင့်သုံးစွဲမယ့် ကတိပြုစကား ရရှိခဲ့တဲ့အတွက် အောင်မြင်မှုရခဲ့ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
တရုတ်ကုန်ပစ္စည်း နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးအပေါ် အခွန် ၁၀ % ကောက်ခံဖို့အတွက် Trump အစိုးရအဖွဲ့က ပြင်ထားဖို့ ဆုံးဖြတ်လိုက်တာအတွက် အံ့သြတုန်လှုပ်ရကြောင်း တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေးဆိုင်ရာ ဥရောပ မဟာမိတ်နိုင်ငံတွေထဲက အကြီးဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံဖြစ်တဲ့ ဂျာမဏီဟာ ရုရှားရဲ့ အချုပ်အနှောင်ကို ခံနေတယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ Donald Trump က ဂျာမဏီ တနိုင်ငံထဲကို ကွက်ပြီး NATO စစ်မဟာမိတ်တွေရဲ့ ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ အပစ်တင် ဝေဖန်လိုက်ပါတယ်။
ထိုင်းနိုင်ငံက လှိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့ရာက ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်ဘောလုံးအသင်းဝင်တွေဟာ ကိုယ်အလေးချိန် လျော့ကျနေပေမဲ့ ယေဘုယျ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း အစိုးရတာဝန်ရှိသူတယောက်က ပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၀၂၀ ခုနှစ်မှာ ပြီးပြတ်အောင် ဆောင်ရွက်မယ်ဆိုပြီး အချိန်သတ်မှတ်တာဟာ တခြားနိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ရောထွေးသွားနိုင်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေလိုတယ်လို့သုံးသပ်ပြောဆိုပါတယ်။ လေ့လာသူတွေရဲ့ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် သူတို့ တိုင်ကြားစွပ်စွဲခဲ့တဲ့ ကုမ္ပဏီက အသရေဖျက်မှုနဲ့ ပြန်တရားစွဲခဲ့တာကို ဘန်ကောက်မြို. တရားခုံရုံးတစ်ခုက အပြစ်မရှိကြောင်းဆုံးဖြတ်ပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်တွေလို့ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားစွဲဆိုဖို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ကြပါတယ်။
NATO လို့ခေါ်တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့နဲ့ရော EU ဥရောပသမဂ္ဂနဲ့ပါတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်သွား ဖို့အမေရိကန်သမ္မတ Donald Trump ရဲ့ ၇ရက်ကြာခရီးစဉ်စတင်နေပါပြီ။ အခုတော့နေတိုးဌာနချုပ်ရှိရာ ဘလ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ သမ္မတထရမ့်ရောက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး ဖိအားတွေတိုးလာနေပါတယ်။ ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ကအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali မြန်မာနိုင်ငံကို မကြာခင်မှာအလည်အပတ်ရောက်လာလိမ့်မယ်လို့ ဒီကနေ့ထုတ် The Independent သတင်းမှာဖေါ်ပြထားပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် သမ္မတ Donald Trump က အဆိုပြုထားတဲ့ Brett Kavanaugh က ဒီကနေ့ အင်္ဂါနေ့မှာတော့ အထက်လွှတ်တော် အမတ်တွေနဲ့ စတင် တွေ့ဆုံ ဆွေးနွေးနေပါတယ်။
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ဘုရားသခင်ဟာ မိုက်မဲသူဖြစ်ပြီး၊ သူ့တည်ရှိနေမှုဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ပြောအပြီးမှာ ပြောအပြီးမှာ၊ ဖီလစ်ပိုင် ခရစ်ယာန်ဖုန်းတော်ကြီးတွေက ဆုတောင်းပွဲလုပ်ပြီး အစာရှောင်ဦးပုတ်စောင့်ကြဖို့ ဆော်သြလိုက်ပါတယ်။
ထိုင်းနိုင်ငံက လှိုဏ်ဂူထဲမှာ သတင်း ၂ ပတ်ကျော်ကြာ ပိတ်မိခဲ့တဲ့ ယောက်ျားကလေး ၁၂ ဦးနဲ့ နည်းပြ တို့ အားလုံးကို ဂူထဲကနေ ကယ်ထုတ်ပြီး ဖြစ်ကြောင် ထိုင်းရေတပ် အထူးတပ်ဖွဲ့က အတည်ပြု ပြောဆိုပါတယ်။
ဇူလိုင်လကုန်မှာ အနားယူတော့မယ့် အမေရိကန် တရားရုံးချုပ် တရားသူကြီး Anthony Kennedy ရဲ့နေရာမှာ အစားထိုး ခန့်အပ်ဖို့ တရားသူကြီး Brett Kavanaugh ကို အမည်တင်သွင်းဖို့ ရွေးချယ်လိုက်တဲ့ အကြောင်း သမ္မတ Donald Trump က တနင်္လာနေ့ ည ၉ နာရီက သမ္မတ အိမ်ဖြူမှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးအကြိုဗိုလ်လုပွဲရဲ့ ပထမပွဲစဉ်ကို ဒီကနေ့စတင်ပါလိမ့်မယ်။ ပြင်သစ်နဲ့ Belgium အသင်းတို့ ကစား ကြမှာပါ။
နောက်ထပ်ကြည့်ရှုရန်