အီးယူဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲ မှုတွေကြောင့် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရာထူးကနေမနေ့တုန်းကပဲ နုတ်ထွက်သွားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရုံးရဲ့ပြောဆိုချက်အရ သိရပါတယ်။
ကုလသမဂ္ဂရဲ့လက်ထောက်ထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အာရှနဲ့ပစိဖိတ် ဒေသရုံးရဲ့ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ Mr. Haoliang Xuဟာ မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာမယ်လို့ မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးက မနေ့ကသတင်းထုတ်ပြန်ပါတယ်။
ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ မကြာသေးခင် အချိန်ပိုင်းအတွင်းကဘဲ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဝန်ကြီး Johnson ဘာကြောင့် အခုလို ရာထူးက ရုတ်တရက် နုတ်ထွက်သွားတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ ထွက်မလာသေးပါဘူး။
ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်တဲ့အပေါ် များစွာ စိတ်ပျက်မိကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂျပန် နိုင်ငံ အနောက်တောင်ပိုင်းမှာ သုံးရက်ဆက်တိုက် မိုးသည်းထန်ခဲ့ပြီးနောက် မြေပြိုမှုတွေအတွင်း အနည်းဆုံး လူ ၁၀၀ သေဆုံးရကြောင်း အာဏာပိုင်တို့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးသစ် တည်ဆောက်တာမှာ ဗီယက်နမ်နိုင်ငံကို အတုယူဖို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မြောက်ကိုရီးယားကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဗီယက်နမ်နဲ့ အမေရိကန်တို့ကြား စစ်ပွဲ အဆုံးသတ် သွားပြီးတဲ့နောက် နှစ်ပေါင်း ၄၀ ကျော် ဗီယက်နမ်နိုင်ငံက လုပ်လာတာမျိုးကို အတုယူဖို့ တိုက်တွန်းတာပါ။
ပြီးခဲ့တဲ့မတ်လက အဆိပ်သင့်ပြီး ရုရှားသူလျှိုဟောင်းတဦး နာဖျားမကျန်းဖြစ်ခဲ့တဲ့ အလားတူ အာရုံကျောထိ ဓာတုအဆိပ်သင့်သူ အမျိုးသမီးတဦး သေဆုံးသွားတဲ့အတွက် ဗြိတိသျှရဲတပ်ဖွဲ့က လူသေမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ သုံးရက်ဆက်တိုက် အပြင်းအထန်မိုးရွာပြီး မြေပြိုကျတာတွေကြောင့် လူ ၈၀ ထက်မနည်း သေဆုံးရပြီးတဲ့နောက် ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေ တနင်္ဂနွေနှောင်းပိုင်းက ဆက်ပြီးရှာနေကြပါတယ်။
ဟေတီနိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ၄၉% တိုးမြှင့်လိုက်တာကြောင့် ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေဖြစ်ပြီး စနေနေ့က လူသုံးယောက် သေဆုံးရပြီးတဲ့နောက် ဈေးနှုန်းတိုးမြှင့်မယ့်အစီအစဉ်ကို သမ္မတ Jovenel Moise က ပြန်ရုပ်သိမ်းလိုက်ပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံတွေ အနေနဲ့ရော အဖွဲ့အစည်း အသီးသီးကပါ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး၊ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ ဥပဒေသတွေအတိုင်း စောင့်ရှောက်ကာကွယ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်လုပ်ပစ္စည်းတွေကို အမေရိကန်က အခွန်သစ်ကောက်ခံဖို့ သောကြာနေ့မှာ စတင်တော့မှာ ဖြစ်ပြီး ဒီလို လုပ်ခဲ့ရင် ချက်ချင်း ပြင်းပြင်းထန်ထန် တုန့်ပြန်တာ ခံရမယ်လို့ တရုတ်အစိုးရက သတိပေးနေပါတယ်။
ထိုင်းနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းမှာ ကြာသပတေးနေ့က ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်း တိမ်းမှောက်သွားခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပထမဆုံး ကွာတားဖိုင်နယ်ပွဲတွေကို မြန်မာစံတော်ချိန် ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး နေထိုင်မကောင်းဖြစ်ခဲ့တဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဓာတ်ဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ရုရှားနှစ်ဘက်သူလျှို တယောက်နဲ့ သမီးဖြစ်သူတို့ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့ဖူးတဲ့ အဆိပ်အမျိုးအစားနဲ့ တူညီကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက အပမ်းဖြေမြို့ဖြစ်တဲ့ ဖူးကတ်ကမ်းခြေ ပင်လယ်ပြင်မှာ ရာသီဥတုကြမ်းတမ်းရာက ခရီးသွား ၁၃၀ ကျော် လိုက်ပါသွားတဲ့ သင်္ဘော ၂ စင်း တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦးပျောက်ဆုံးနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံက လှိုဏ်ဂူတခုထဲမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြဆရာတို့ကို ကယ်ဆယ်ရာမှာ မနက်ဖြန်ကစလို့ မိုးရွာနိုင်ကြောင်း ခန့်မှန်းထားတဲ့အတွက် ရေတက်လာမှာကို စိုးရိမ်နေရပါတယ်။
အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး မဟာမိတ် နိုင်ငံ တခုဖြစ်တဲ့ ဗြိတိန်နိုင်ငံကို ဇူလိုင်လ ၁၂ ရက်နေ့မှာ အမေရိကန် သမ္မတ Donald Trump သမ္မတ ရာထူး လက်ခံရယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် သွားရောက်ဖို့ ရှိနေပါတယ်။
ပြည်ပမှာတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို အစိုးရအကြီးအကဲအဖြစ် တာဝန်ယူထားစဉ် မြန်မာနိုင်ငံကို ငွေချေးခဲ့တဲ့အမှုနဲ့ ဆက်နွယ်ပြီး ဒီကနေ့ပဲ ထိုင်းတရားရုံးချုပ်က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
ဇူလိုင်လ ၄ ရက် ဒီကနေ့ ဗုဒ္ဓဟူးနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ဗြိတိန်ထံကနေ လွတ်လပ်ရေး ရယူခဲ့တဲ့ ၂၄၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝန်း ပျော်ပွဲရွှင်ပွဲတွေ၊ ချီတက်ပွဲတွေနဲ့ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ဆင်နွှဲကြမှာပါ။
ကမ္ဘာ့ဖလားဘောလုံး ရှုံးထွက်နောက်ဆုံးပွဲစဉ်တွေကိုမနေ့တုန်းကကစားခဲ့ကြတဲ့အခါ ဆွီဒင်နဲ့ အင်္ဂလန် အသင်းတို့ အနိုင်ရပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို တက်သွားခဲ့ပါပြီ။ ဆွီဒင်နဲ့ ဆွစ်ဇာလန်ပွဲမှာ ဆွီဒင်က ၁ဂိုးဂိုးမရှိနဲ့နိုင်သွားခဲ့ပါတယ်။ ဆွစ် ဇာလန်ကစားသမားရဲ့ခြေနဲ့ထိလို့ ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်ခဲ့ပြီး ဆွီဒင်အနိုင်ရခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်