အမေရိကန် အမျိုးသားလုံခြုံရေးဌာန NSA ဟာ သူ့အပေါ် အညှိုးကြီးကြီးနဲ့ လိုက်လံတိုက်ခိုက်တဲ့အနေနဲ့ အရေးယူဖို့ ကြိုးစားနေသလားလို့ သမ္မတ Donald Trump က အင်္ဂါနေ့မှာ မေးခွန်းထုတ်လိုက်ပါတယ်။ ဒါဟာ သမ္မတ Trump နဲ့ အဆင်သိပ်မပြေတဲ့ အမေရိကန် ထောက်လှန်းရေးအဖွဲ့တွေကြား မကြာခဏ ထိပ်တိုက်တွေ့ဖို့ နောက်တကြိမ်ဖြစ်လာတာပါ။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ပြသနာက လူသားချင်းစာနာထောက်ထားမှု အကူအညီ တခုတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ ဖြေရှင်းချက်တွေ လိုအပ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံက လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် ဘောလုံး သမား ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ ဘယ်လို ကယ်ထုတ်မလဲဆိုတာကို နည်းလမ်းရှာနေချိန်မှာ ဂူထဲမှာ ပိတ်မိနေကြသူတွေ ဆက်ပြီး ကြံ့ကြံ့ခိုင်နိုင်ရေး အတွက် စွမ်းအားမြှင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ရေငုပ်သမားတွေက ပို့ဆောင်ပေးထားပါတယ်။
မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေ အဆုံးသတ်ရေး ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့ကြောင်း အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံရဲ့ စီးပါွးရေးလုပ်ငန်းကြီး 1MDB ရဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံနဲ့ဆက်စပ်ပြီး မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို ဖမ်းဆီးလိုက်ပါပြီ။ မလေးရှားနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် အရာရှိတွေက Najib ကိုသူ့နေအိမ်မှာပဲ ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
မက္ကဆီကို သမ္မတသစ်အဖြစ် အရွေးကောက်ခံရတဲ့ Andres Manuel Lopez Obrador နဲ့ တနင်္လာနေ့မှာ သိပ်ကောင်းမွန်တဲ့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်နိုင်ခဲ့ပြီး ဒါဟာ ၂ နိုင်ငံကြား တင်းမာနေတဲ့ နယ်စပ်ပြဿနာကို ပြေလျှော့စေနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။
အနားယူတော့မယ့် အမေရိကန် တရားလွှတ်တော်ချုပ် တရားသူကြီး Anthony Kennedy ရဲ့နေရာမှာ အစားထိုးခန့်ထားရေး အမည်စာရင်းတင်သွင်းဖို့ စဉ်းစားနေသူတွေထဲက လေးဦးနဲ့ တနင်္လာနေ့ကတွေ့ဆုံသလို နောက်ထပ် နှစ်ယောက် ဒါမှမဟုတ် သုံးယောက်နဲ့ ထပ်တွေ့ဦးမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး အခုတော့ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးခံနေရတဲ့ ရှေ့နေ Michael Cohen က သမ္မတထက် မိသားစုနဲ့ နိုင်ငံကို ကာကွယ်ပေးရေးက ဦးစားပေး ကိစ္စ ဖြစ်ကြောင်း ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာတော့ အသက် ၆၄ နှစ်အရွယ် လက်ဝဲဝါဒီတဦးဖြစ်တဲ့ Andres Manuel Lopez Obrador က အနိုင်ရသွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ဌာနေတိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူအဖြစ်နဲ့ နိုင်ငံရေးကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေပြောပြတဲ့ သတ်ဖြတ်ခံရမှုတွေ၊ အဓမ္မပြုကျင့်ခံရမှုတွေ အများအပြား ကြားခဲ့ရတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ဒေသမှာ မုတ်သုန်မိုးပြင်းထန်စွာ ရွာသွန်းလာရင် ရေကြီး မြေပြိုမှု အန္တရာယ်တွေနဲ့ ကြုံရမှာ ကို စိုးရိမ်တဲ့အတွက် ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တိုးချဲ့ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton က မြောက်ကိုရီးယားရဲ့ နျူကလီးယား၊ ဓာတုနဲ့ ဇီဝလက်နက် အများစုကို တနှစ်အတွင်း ဖျက်သိမ်းနိုင်မယ်လို့ သူယုံကြည်တဲ့အကြောင်း တနင်္ဂနွေနေ့ကပြောပါတယ်။
မက္ကဆီကိုသမ္မတ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ တနင်္ဂနွေနေ့က မဲပေးကြပြီး “အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သူ့နေရာသူသိအောင် လုပ်မယ်” လို့ အခိုင်အမာပြောထားဖူးတဲ့ လက်ဝဲယိမ်းသမ္မတလောင်း အနိုင်ရမယ်လို့ ကျယ်ကျယ်ပြန့််ပြန့် ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က Tham Luang ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ယောကျာ်း ကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံး နည်းပြ အမျိုးသား တဦးတို့ကို ဒီကနေ့ ၉ ရက်မြောက်နေ့ အဖြစ် ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဘက်ကလည်း ကူညီရှာဖွေရေးကို ပံ့ပိုးဆောင်ရွက်ပေးနေတာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် ဆောင်ရွက်စရာ ကိစ္စ အများအပြား ရှိနေသေးကြောင်း နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump အစိုးရက ကနေဒါနိုင်ငံရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အခွန်ကောက်ခံမှု အသစ်တွေလုပ်ဖို့ ချမှတ်ခဲ့ပြီးတဲ့နောက်၊ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ကနေဒါအစိုးရကလည်း အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေကို ဒီကနေ့ ဇူလိုင် ၁ ရက်နေ့က စပြီး အလားတူ အခွန်ကောက်ခံမှုအသစ်တွေလုပ်သွားမှာဖြစ်ပါတယ်။
ဒီနှစ်ကျင်းပမယ့် နိုင်ငံတကာ စစ်စွမ်းရည်ပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဆူဒန်နဲ့ အလ်ဂျီး ရီးယား စုစုပေါင်း ၆ နိုင်ငံက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီး Sergei Shoigu က သောကြာနေ့က ပြောပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကနေ အမေရိကန်ပြည်ထောင်စု ချက်ခြင်းကြီးထွက်ဖို့ အစီအစဉ်မရှိဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့တွေ့မယ့် နေရာနဲ့အချိန်ကို အတည်ပြု သတ်မှတ်ပြီးတာနဲ့အမျှ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဝင်စွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သမ္မတထရမ့်ပ်က ဆက်ပြီး ပယ်ချနေ တုန်းပါပဲ။
မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှု အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတွေထဲကတခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။ ဇွန်လ ၂၈ ရက်၊ ကြာသပတေးနေ့ကထွက်လာတဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ အဲဒီလို သတ်မှတ်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်