ဒီသီတင်းပတ်ထဲမှာတော့ ဖွဲ့စည်းပုံအခြေခံစာအုပ်ကို မီးရှို့၊ အမှိုက်ကောက်၊ အနီရောင်မျက်ရည်တုစတဲ့ ဆန္ဒပြဖော်ထုတ်တာတွေကို ကြည့်ရှုကြရမှာဖြစ်သလို မြန်မာအလှမယ် ဟန်လေးက ပြိုင်ပွဲစင်မြင့်ထက်ကနေ သူလည်းပဲ ဆန္ဒပြနေပါတယ်လို့ ပြောလိုက်တာ စတဲ့ ထူးခြားတဲ့ ဆန္ဒပြနည်းတွေကို မခွါညိုက စုစည်း တင်ဆက်ပေးထားပါတယ်။
ဖေဖော်ဝါရီလက စလို့ စဉ်းစားမိသမျှနည်းမျိုးစုံနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေကြတာမှာ ၂ လနီးပါးကြာ နေ့ရောညပါ လူတွေအုပ်အုပ်ထနေခဲ့ရာက လူသူလုံးဝမရှိတော့တဲ့ လမ်းမပေါ်က ဆိတ်ငြိမ်ခြင်းရဲ့ အသံသပိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ မခွါညိုက စုစည်းတင်ပြပေးထားပါတယ်။
မတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက တိမ်ညိုစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ မီးထွန်းထားတဲ့ ဖယောင်းတိုင်လဲကျရာကနေ စတင်လောင်ခဲ့တဲ့ မီးဘေးအတွင်း အိမ်ခြေ ၆၀၀ ကျော် မီးလောင်ကျွမ်းသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်ငါးလုံးနေ့အပါအဝင် နိုင်ငံအနှံ့ ဆန္ဒဖော်ထုတ်ပွဲတွေကို နည်းမျိုးစုံနဲ့ဆက်လက်ဖော်ထုတ်ခဲ့ကြရမှာ တမူထူးခြားတဲ့ ဆန္ဒပြပုံစံတွေကို ထပ်ပြီးတွေ့နေရပါတယ်။ ဒီတပတ်မှာရော လူငယ်တွေက နောက်ထပ် ဘယ်လို ထူးခြားမှုတွေနဲ့ဆန္ဒထုတ်ဖော်ကြပါလဲ။ မခွါညို စုစည်းတင်ပြထားပါတယ်။
တိုင်းပြည်ရဲ့အဓိက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ စွမ်းအင်ကဏ္ဍရဲ့ အကြမ်းမဖက်အာဏာဖီဆန်မှုဟာ စစ်အာဏာသိမ်းတဲ့အစိုးရအပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိသလဲ၊ ရေနံမြေအလုပ်သမားထုရဲ့လိုလားချက်က ဘာတွေလဲဆိုတာကို ချောက်ရေနံမြေက CDM အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မပွင့်လွှာကို ဆက်သွယ်မေးမြန်းထားပါတယ်။
ထောင်နဲ့ချီတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေဟာ ဒီကနေ့ တနင်္ဂနွေနေ့ တိုကျိုမြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ဆောင်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေကို နိုင်ငံတကာအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ရာမှာ ကြေညာချက်တွေ ထုတ်ပြန်တာတွေထက် ပိုပြီး လုပ်ဆောင်သင့်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။
ဆန္ဒပြမှုတွေ တပတ်ကျော်ကြာလာတဲ့အထိ အကြမ်းမဖက်နည်းနဲ့ စစ်အာဏာ သိမ်းမှုကို ကန့်ကွက်ရင်း လူထု၊ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ကို ပြုတ်ကျသွားသည်အထိ အလုပ်မဆင်းဘဲ နေကြဖို့ နေရာဒေသစုံ၊ ကဏ္ဍစုံ အရွယ်စုံကနေ တိုက်တွန်းအားပေးနေကြတာပါ။ တပတ်အတွင်း ဆန္ဒပြမှုတွေကို မခွာညို စုစည်းတင်ပြထားပါတယ်။
စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဟာ ရန်ကုန် မန္တလေးက ဝန်ထမ်းတွေအပြင်၊ အနယ်နယ်အရပ်အရပ်မှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။
စစ်တပ်က အာဏာသိမ်းချိန်မှာ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အစိုးရအဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့သလိုပဲ တနင်္သာရီတိုင်းဒေသကြီးကြီး စီမံကိန်းနဲ့ဘဏ္ဍရေးဝန်ကြီး ဒေါ်ရီရီချိုကိုလည်း နေအိမ်ကနေ ခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကိုကောင်းထက်က အခုလို ပြောပြပါတယ်။
ကမ္ဘာတဝန်းလုံး ကိုဗစ်ကပ်ရောဂါဘေးသင့်လာခဲ့တာ အခုဆို တနှစ်ဝန်းကျင် ရှိလာပါပြီ။ ဒီအတော အတွင်း ခရီးသွားလာမှုတွေ ကန့်သတ်တာ၊ စီးပွါးရေးကျဆင်းလာခဲ့တာတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ခရီးသည်တွေနဲ့မပြတ်စည်ကားနေလေ့ရှိတဲ့ အထင်ရှားဆုံး Khaosan လမ်းလည်းပဲ ကိုဗစ်-၁၉ကပ်ဘေးရဲ့ဂယက်က မလွတ်နိုင်ခဲ့ပါဘူး။
၂၀၂၀ ခုနှစ်စကတည်းက ကျရောက်လာတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတဝန်းနည်းတူ မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ ပိတ်ထားချိန်မှာ မူကြိုကျောင်းတွေအတွက် မွမ်းမံသင်တန်းတခုကို လူမှုကွန်ယက်ကနေ ပို့ချပေးနေပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ ရီပတ်ဘလီကင် ဒုသမ္မတ Mike Pence နဲ့ ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း အထက် လွှတ်တော်အမတ် Kamala Harris တို့ရဲ့ စကားစစ်ထိုး ကြမှာပါ။ ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲဟာ အရင်က တွေ့မြင်နေကျ စကားစစ်ထိုးပွဲတွေထက် ပိုပြီး စိတ်ဝင်တစားဖို့ ကောင်းတဲ့ အကြောင်း မအေးသန္တာကျော် တင်ပြပါလိမ့်မယ်။
လူချင်းခပ်ခွါခွါနေကြဖို့ ကန့်သတ်ချက်တွေပြဌာန်းတဲ့ ဥရောပတိုက်နိုင်ငံတွေထဲ ဗြိတိန်နိုင်ငံလည်း ပါဝင်လာပါတယ်။ အပတ်စဉ် ပိုးကူးစက်ခံရသူ အရေအတွက်ဟာ ၂ ဆ လောက် တက်လာနေတာကြောင့် ဒီနှုန်းအတိုင်းဆိုရင် နေ့စဉ် ပိုးကူးစက်ခံရသူ ၅ သောင်းထိ ရှိလာ နိုင် ကြောင်း ဗြိတိန် ဆေးဝါးကုသမှုဆိုင်ရာ အကြီးအကဲက သတိပေးထားပါတယ်။
Ruth Bader Ginsburg ဟာ သူအသက်ရှင်စဉ် ကာလတလျှောက်လုံး အမျိုးသမီးတွေ တန်းတူအခွင့်အရေး ပိုရလာဖို့ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့် တိုးတက်တဲ့အမြင်ရှိသူတွေရဲ့ အလယ်မှာ အများရဲ့ ကြည်ညိုလေးစားမှု ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ပါတီညီလာခံမှာ Mike Pompeo မိန့်ခွန်းပြောဆိုမှု အငြင်းပွားဖွယ်ဖြစ်
Joe Biden ကို လက်ဝဲအစွန်းရောက်အဖြစ် ညီလာခံမှာ Donald Trump စွပ်စွဲ
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သူမြို့သားတွေဟာ နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာမှုတွေကို လက်ရှိကြုံတွေ့နေကြရတဲ့ အဖြစ်သစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေကြတဲ့အကြာင်း Wall Street ကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် Nina Vishneva ရဲ့ လွှာကို ပြောပြပေးပါမယ်ရှင်။ ကျမ ခွါညိုပါ။
မန္တလေးမြို့ရဲ့မြောက်ပိုင်းမှာရှိတဲ့ စကျင်ရွာဘေးက စကျင်ကျောက်တောင်တွေဟာ အခုဆိုရင် လိုင်စင်ရ ကုမ္ပဏီကြီးတွေရဲ့ပမာဏကြ ီးကြီး တူးဖော်ထုတ်ယူနေတာတွေကြောင့် ဒေသခံတွေက စကျင်တောင်တွေ ပျောက်ကွယ်ကုန်မှာကို စိုးရိမ်နေကြပါတယ်။နောက်ပြီး ဒေသခံတွေ ကျောက်တွေကို ဈေးကြီးပေးပြီး ဝယ်နေကြရတဲ့အကြောင်း ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ လေဘာတီ ရုပ်တုဆီ သွားရောက်လည်ပတ်ဖို့ ၃ လကြာ ပိတ်ပင်ထားတာကို ပြန်ဖွင့်ပေးလိုက်ပြီဆိုတဲ့အကြောင်း ပြောပြပေးပါမယ်ရှင်။
နောက်ထပ်ကြည့်ရှုရန်